ကလောင် …ကလောင် …ကလောင် ကျောင်းတက်ခေါင်းလောင်းထိုးနေပြီ သူငယ်ချင်းရေ

နေမင်းကနွေးထွေးစွာ ထွက်ပေါ်လာချိန် ဥသြဌက်ကလေးလဲ ပင်ယံထက်မှာ တွန်ကြူးနေပြီ ။ ဒါနဲ့ နွေရာသီတောင်ရောက်နေပြန်ပေါ့လား … ငါတို့တွေ ကျောင်းစာသင်ခန်းထဲမှာ စာတွေအတူတူကျက်ရင်း စာမေးပွဲဆိုတဲ့ ပန်းတိုင်တွေကို အကောင်းဆုံးဖြေဆိုရင်း ဖြတ်သန်းခဲ့ကြတာ ခုဆို ကျောင်းကြီးလဲပိတ်ခဲ့ပြန်ပြီကွာ …။ စာမေးပွဲတွေပြီးတော့ “မင်းဘာလုပ်မလဲ … ငါဘာလုပ်မလဲ” မေးခွန်းတွေကိုယ်စီနဲ့ မေးနေတဲ့ ငါ့သူငယ်ချင်းရေ … ငါကတော့ကွာ နွေရာသီကျောင်းပိတ်ရက်မှာ နာရေးကူညီမှုအသင်း(ရန်ကုန်)လို့ခေါ်တဲ့ ရုပ်ရှင်မင်းသားကြီး ဦးကျော်သူတို့ ဖွင့်ထားတဲ့ သုခအလင်းပညာဒါနကျောင်းမှာ နွေရာသီ အခမဲ့သင်တန်းတွေအများကြီးဖွင့်ထားတယ်တဲ့ကွာ …ငါတော့အဲ့မှာ သင်တန်းတွေတက်နေပြီကွ … ဘာသင်တန်းတွေလဲဆို “ အခြေခံ အင်္ဂလိပ်စကားပြော ၊ကာတွန်း ၊ ပန်းချီ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ကရာတေး စတဲ့သင်တန်းတွေအများကြီးဖွင့်တော့ ငါ့မှာ ပျင်းရိနေချိန်တောင်မရှိပါဘူးကွာ … အဲ့ဒီသင်တန်းတွေအကုန်လုံးကို နေ့တိုင်းတက်ရတော့ […]

ရေစကြို မြို ့နယ် သစ်ကြီးတောကျေးရွာ မီးဘေးသင့်ဒဏ်ခံခဲ့ရသော အိမ်ထောင်စုများ အတွက် နာရေးကူညီမှုအသင်း(ရန်ကုန်)၏ “အများပြည်သူအတွက် အများပြည်သူကောင်းမှု

နာရေးကူညီမှုအသင်း(ရန်ကုန်) မှ ယနေ့ ညနေ(၄းဝ၀)နာရီ အချိန်တွင် မကွေးတိုင်းဒေသကြီး၊ ရေစကြို မြို့နယ်၊ သစ်ကြီးတောကျေးရွာ မီးဘေးသင့်ဒဏ်ခံခဲ့ရသော အိမ်ထောင်စုပေါင်း(၁၇၂)စုအား သွားရောက်၍အိမ်ထောင်စု (၁)စုလျှင်(ဆန် ၁၂ပြည်၊ ငါးသေတ္တာဗူး (၅)ဗူး၊ ခေါက်ဆွဲခြောက် (၅)ထုပ်) တို ့အားစုစုပေါင်း ဆန် (၁၇၂) အိတ်၊ ငါးသေတ္တာ (၈၅၅)ဗူး၊ ခေါက်ဆွဲခြောက်(၈၅၅)၊ ဆီပိသာ( ၆၀)၊ ကြက်ဥ အလွုး(၅၀ဝ)၊ အဝတ်အထည်နှင့် ဖိနပ်များ အပြင် တက္ကသိုလ် ဝင်တန်းဖြေဆိုမည့် ကျောင်းသား/သူ အယောက်(၄၀)အတွက် (၁)ဦးလျှင်(၁၀ဝ၀ဝ)-တစ်သောင်းကျပ်တို ့အား “အများပြည်သူအတွက် အများပြည်သူကောင်းမှု” အနေဖြင့် (ပထမ)အကြိမ်သွားရောက်လှူဒါန်းခဲ့ပါသည်။ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူ ခရိုင် ၊ရေစကြို မြို ့နယ်၊ သစ်ကြီးတောကျေးရွာအုပ်စုတွင်(၃.၃.၂၀၁၈)ရက်နေ ့၌ မီးလောင်မှု ဖြစ်ပွားခဲ့ရာ အိမ်ထောင်စုပေါင်း (၁၇၂) […]

အနာဂါတ်တွင် ထွန်းလင်းတောက်ပလာမည့် “သုခအလင်း”အဆောက်အဦး

ပြည်သူ့အကျိုးပြု လုပ်ငန်းများကို ၂ဝဝ၁ ခုနှစ်မှစတင်၍ ပေးဆပ်လာခဲ့သည့် နာရေးကူညီမှု အသင်း(ရန်ကုန်)သည် အများပြည်သူတို့ ကြုံတွေ့နေရသော နာရေးဒုက္ခများအား ကူညီပေးခဲ့ရာမှ ၂ဝ၁ဝ ခုနှစ်တွင်ထပ်မံ၍ အနာဂါတ်၏ ရင်သွေးငယ်များအား ပညာရည်မြင့်မားစေရန် ရည်ရွယ်၍ “သုခအလင်း” စာကြည့်တိုက်နှင့် “သုခအလင်း” ပညာဒါနအား စတင်ဖွင့်လှစ်ခဲ့သည်။ ပညာရေးလုပ်ငန်းရပ်ကြီးအား စတင်ချိန်တွင် ကလေးသူငယ်များအား အင်္ဂလိပ်စာ အရည်အသွေး မြင့်မားစေရန်နှင့် လိမ္မာယဉ်ကျေးရန် ရည်ရွယ်၍ နွေရာသီ အင်္ဂလိပ်စာအခြေခံနှင့် ယဉ်ကျေးလိမ္မာ သင်တန်းများအား ဖွင့်လှစ်ခဲ့ရာမှ နောင်တွင်လိုအပ်ချက်အရ ကွန်ပျူတာသင်တန်း၊ အဆင့်မြင့် အင်္ဂလိပ်စာသင်တန်းများ၊ LCCI သင်တန်း အစရှိသည့်သင်တန်းများအား လူငယ်/ရွယ်များ အလုပ်အကိုင် အခွင့်အလမ်းများ ရရှိကြစေရန် ဖွင့်လှစ်ခဲ့သည်။ ထို့နောက် ၂ဝ၁၁ ခုနှစ်မှ စတင်၍ဘွဲ့ရပြီး လူငယ်/ရွယ်များ အလုပ်အကိုင် အခွင့်အလမ်းများ လွယ်ကူစွာ […]

အနာဂါတ်သားကောင်းများဖြစ်အောင် ပညာရေးမြှင့်တင်ပေးကြပါစို့

အသီးတစ်ရာ…အညှာတစ်ခု ခေါင်းလောင်းသံ တစ်ညံညံပေးလို့ …ရွာကျောင်းကို ပြေးမြင်မိရင်သတိရနေတယ် သူငယ်ချင်းရေ… ဆိုတဲ့ အဆိုတော်ကြီး တွံ့တေးသိန်းတန် သီဆိုခဲ့တဲ့ သီချင်းလေးထဲကလို ကျေးလက်စာသင်ကျောင်းလေးများရဲ့ ကျောင်းသားဘဝ လွမ်းမောဖွယ်၊ သာယာဖွယ်၊ ကြည်နူးဖွယ်ရာများနဲ့ အမိုးအကာလုံလောက်မှုမရှိတဲ့ ကြားက လူရည်ချွန် ပညာတတ်များ ထွက်ပေါ်လာအောင် မွေးထုတ်ပေးခဲ့တဲ့ စာသင်ကျောင်းလေးတွေကို ပြေးမြင်ယောင်မိပါသည် ။ တကယ်တော့ကျေးလက်စာသင်ကျောင်းတွေသည် မြို့ကြီးပြကြီးများကဲ့သို့ တောင့်တင်းခိုင်မာသော လုံခြုံအေးချမ်းသော အဆောက်အဦးများ မရှိခဲ့သော်လည်း နိုင်ငံ့ခေါင်းဆောင်ကောင်းများအား မွေးထုတ်ပေးနိုင်ခဲ့သည်မှာ ထိုကျေးလက်စာသင်ကျောင်းများမှပဲဖြစ်သည်။ ဒါ့ကြောင့် ယိုင်နဲ့ပျက်စီးလျှက်ရှိသော စာသင်ကျောင်းလေးများကို တတ်နိုင်သလောက် ဆောက်လုပ်လှူဒါန်းပေးသွားရမည် ဖြစ်ပါသည်… စာသင်ကျောင်း ဆောက်လုပ်လှူဒါန်းရခြင်း၏ အကျိုးသည် အင်မတန်မှ မွန်မြတ်လှသကဲ့သို့ အနာဂတ်တိုင်းပြည်အတွက် စွမ်းဆောင်ပေးနိုင်မည့် နိုင်ငံ့သားကောင်းရတနာများအား ပျိုးထောင်ပေးရာလည်းရောက်ပါသည်။ နာရေးကူညီမှုအသင်း(ရန်ကုန်)အနေဖြင့် (၂၀၁၃)ခုနှစ်တွင် ဧရာဝတီတိုင်း၊ပန်းတနော်မြို့နယ်၊ ကဿဝင်ကျေးရွာအုပ်စုတွင် အစိုးရစာသင်ကျောင်းအား ကူညီထောက်ပံ့ပေးမှု […]

နိဗ္ဗာန်ယာဉ်မောင်းနှင်၍ ကုသိုလ်ယူဖေးကူခဲ့သည့် သရုပ်ဆောင်ထွန်းကိုကို

နာရေးကူညီမှုအသင်း(ရန်ကုန်)၏ အသင်းသားတစ်ဦးဖြစ်သူ သရုပ်ဆောင်ထွန်းကိုကိုမှ အနုပညာလုပ်ငန်းများအားလပ်သော အချိန်တွင် စိတ်ရောကိုယ်ပါ (၇)ရက်သားသမီးများအတွက်ကူညီပေးဆပ်လျက်ရှိရာ ယနေ့တွင် မင်္ဂလာတောင်ညွန့်မြို့နယ်၊ စက်ဆန်းရပ်နေ ကွယ်လွန်သူ ဒေါ်မြဌေး အသက်(၆၀)နှစ်အား နေအိမ်မှ ရေဝေးသုဿာန်သို့ နိဗ္ဗာန်ယာဉ်မောင်းနှင်ကာ ပို့ဆောင်၍ ဖေးမကူညီပေးခဲ့သည်။ သတင်း – ပြန်ကြားရေးဌာန ဓါတ်ပုံ – G-3 ၊ မျိုးကိုကို

သုခဆေးခန်း၏ ပီတိရိုက်ခတ်သံ

နာရေးကူညီမှု အသင်း(ရန်ကုန်)၏ သုခကုသိုလ်ဖြစ် ဆေးခန်းမှ ကုသိုလ်ဖြစ် ဆရာဝန်များ၊ ဝန်ထမ်းများ၊ အလုပ်အမှုဆောင်များ၊ အရေးပေါ် ရှေးဦးသူနာပြုအဖွဲ့၊ လုပ်အားပေး အသင်းသား/သူများတို့သည် နယ်လှည့် ဆေးကုသမှု အစီအစဉ်အဖြစ်၂ဝ၁၃ ခုနှစ်၊ မတ်လနှင့် ဧပြီလတို့တွင် ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ်၊ သောင်ကြီး ကျေးရွာသို့၄င်း၊ မေလတွင် အမှတ်(၁ဝ)နယ်မြေ၊ ပုသိမ်မြို့ရှိ ဒေသခံ “သစ္စာရောင်ခြည်” နာရေးကူညီမှုနှင့် ကျန်းမာရေး စောင့်ရှောက်မှု အသင်းတို့၏ ဖိတ်ကြားချက်ကြောင့်၄င်း၊ ယခု ဇွန်လ ကျုံပျော်မြို့နယ်၊ သောင်ကြီးကျေးရွာသို့ ဒေသခံ “သက်ကြီးရွယ်အို ကုသိုလ်ပြု ကျန်းမာရေး စောင့်ရှောက်မှုအသင်း”၏ တတိယအကြိမ် ဖိတ်ကြားချက်ကြောင့် ၃ဝ.၆.၂ဝ၁၃ ရက်နေ့တွင် သွားရောက်ခဲ့ကြတော့သည်။ သုခကုသိုလ်ဖြစ် ဆေးခန်း(ရန်ကုန်)သည် လစဉ်လတိုင်း လကုန်နောက်ဆုံးရက် တစ်ရက်သည် ပိတ်ရက်အဖြစ် သတ်မှတ်၍ ဆေးခန်းအား ပိုးသတ်သန့်စင်ခြင်း၊ […]

တစ်ရာစွမ်းအားနှင့် “သုခ” မွေးဖွားခြင်း

နာရေးကူညီမှု အသင်း(ရန်ကုန်)သည် အများပြည်သူတို့၏ နာရေး ကိစ္စများသာမက ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများကိုပါ ၂ဝဝ၇ ခုနှစ်မှစတင်၍ “သုခကုသိုလ်ဖြစ်ဆေးခန်း” ဟူ၍ ဖွင့်လှစ်ခဲ့ရာ ယခုအခါတွင် နေ့စဉ်လူနာပေါင်း (၂ဝဝ) ကျော်အား ကုသပေးနေရပြီ ဖြစ်လေသည်။ ထို့အပြင် ကျေးလက်မြို့နယ်များတွင်ရှိသောမိဘပြည်သူများ၏ ကျန်းမာရေးလုပ်ငန်းများ ပိုမိုစောင့်ရှောက်မှု ပေးနိုင်စေရန်အတွက် (၇) ရက်သားသမီးတို့၏ အလှူငွေများဖြင့် “သုခ” ကုသိုလ်ဖြစ်ဆေးခန်းခွဲများ တိုးချဲ့ဖွင့်လှစ်ခဲ့ပြီ ဖြစ်လေသည်။ ထို့အပြင် နယ်မြို့များတွင်ရှိသော ကိုယ်ထူကိုယ်ထ ဆေးခန်းငယ်လေးများအားလည်း လစဉ်ဆေးဝါးနှင့် ဆေးပစ္စည်းများ၊ ငွေကြေးများထောက်ပံ့ ပေးလျှက်ရှိရာ ကျေးလက်နေမြို့နေ ပြည်သူများ များစွာအဆင်ပြေလျှက် ရှိပါတော့သည်။ ထို့အပြင် ယခုအခါ တဆင့်တက်၍ အမှတ် – ပဂ(၉၂)၊ ဂုဏ်တော် (၁) လမ်း၊ ဂုဏ်တော်ရပ်ကွက်၊ ပဲနွယ်ကုန်းမြို့နယ်ရှိ “တစ်ရာစွမ်းအား (HUNDRED […]

ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်၊ (၅၁)ရပ်ကွက်တွင် နေအိမ်များမီးလောင်မှုဖြစ်ပွားခဲ့သဖြင့် နာ/ကူ သီးသန့်မီးသတ်တပ်ဖွဲ့မှ သွားရောက်ကူညီ

ယနေ့နံနက် (၅း၅၅)အချိန်ခန့်တွင် ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်၊ (၅၁) ရပ်ကွက်၊ အောင်သစ္စာလမ်းရှိ နေအိမ်တစ်ချို့ မီးလောင်မှုဖြစ်ပွားသဖြင့် Level -2 ယာဉ်အုပ်စုများ ထွက်ခွာငြှိမ်းသတ်လျှက်ရှိရာ နာရေးကူညီမှုအသင်း(ရန်ကုန်) သီးသန့်မီးသတ်တပ်ဖွဲ့မှ မီးငြှိမ်းသတ်ယာဉ် (၁)စီး၊ မီးသတ်ရေသယ်ယာဉ် (၁)စီးတို့မှ ထွက်ခွာကူညီ ငြှိမ်းသတ်ခဲ့ပြီး အရေးပေါ်လူနာတင်ယာဉ် (၁)စီးဖြင့် မီးလောင်ပြင်တွင် လိုအပ်သော ဆေးဝါးကူညီထောက်ပံ့မှုများ ပြုလုပ်ပေးနိုင်ရန်လည်း သွားရောက်ခဲ့ပြီး (၆း၂၁)နာရီ အချိန်ခန့်တွင်မီးငြိမ်းကြောင်း သိရှိရပါသည်။ မိဘပြည်သူများ အနေဖြင့် မီးလောင်မှုနှင့် သဘာဝဘေးအန္တရာယ်များ ကျရောက်သည့်အခါ အရေးပေါ် ဆက်သွယ်ရန်အတွက် နာရေးကူညီမှုအသင်း(ရန်ကုန်) #သီးသန့်မီးသတ်တပ်ဖွဲ့ ဖုန်း- 191, 01 706421 သို့ (၂၄)နာရီပါတ်လုံး ဆက်သွယ်အကူညီ တောင်းခံနိုင်ပါသည်။ သတင်း- ဖြိုးဖြိုး(FFSS) ဓါတ်ပုံ – မြတ်မိုးအောင် ၊ G-3

ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်ရှိ ဗိုလ်ချုပ်အောင်ဆန်း ရုပ်ထုဖွင့်ပွဲ အခမ်းအနားအား နာရေးကူညီမှုအသင်း(ရန်ကုန်)မှ သွားရောက်ကူညီ

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်၊ ဘေလီတံတားအဆင်း၊ ပင်လုံလမ်းပေါ်ရှိ ပင်လုံရင်ပြင်တွင် ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်ထု ဖွင့်ပွဲ အခန်းအနားအား ယနေ့ ဖေဖဝါရီ (၁၃)ရက် နံနက်(၉းဝ၀)တွင်ကျင်းပြုလုပ်ခဲ့ပြီး နာရေးကူညီမှုအသင်း(ရန်ကုန်) သီးသန့်မီးသတ်တပ်ဖွဲ့နှင့် K-Ambulance အရေးပေါ်ဌာနတို့မှ ကျမ်းမာရေးစောင့်ရှောက်မှုများအား သွားရောက်ကူညီ ဆောင်ရွက်ပေးခဲ့ပါသည်။ အဆိုပါ ဖွင့်ပွဲအခမ်းအနားသို့ သီတဂူဆရာတော် ဒေါက်တာအရှင်ဉာဏိဿရ၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦဖြိုးမင်းသိန်းနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ တက်ရောက်ဖွင့်လှစ်ပေးခဲ့ကြကြောင်းသိရသည်။ သတင်း/ဓါတ်ပုံ – မြတ်မိုးအောင် (နာကူ/ရန်ကုန်)

မရမ်းကုန်းမြို့နယ် ၊ (၁)ရပ်ကွက် တပင်ရွှေထီးအိမ်ယာမီးလောင်မှုအား နာကူ/သီးသန့်တပ်ဖွဲ့နှင့် K – Ambulance အရေးပေါ်အဖွဲ့သွားရောက်ကူညီ

ယနေ့ နေ့လည် (၂းဝ၇)အချိန်ခန့်တွင် မရမ်းကုန်းမြို့နယ် ၊ (၁)ရပ်ကွက် တပင်ရွှေထီးအိမ်ယာမီးလောင်မှုဖြစ်ပွားသဖြင့် Level -1 ယာဉ်အုပ်စုများထွက်ခွာငြှိမ်းသတ်လျှက်ရှိရာ နာရေးကူညီမှုအသင်း(ရန်ကုန်) သီးသန့်မီးသတ်တပ်ဖွဲ့မှ မီးငြှိမ်းသတ်ယာဉ် (၁)စီး၊ အရေးပေါ်လူနာတင်ယာဉ် (၁)စီးဖြင့် မီးလောင်ပြင်တွင် လိုအပ်သော ဆေးဝါးကူညီထောက်ပံ့မှုများ ပြုလုပ်ပေးနိုင်ရန်လည်း သွားရောက်ခဲ့ပြီး (၂း၂၀)နာရီ အချိန်ခန့်တွင်မီးငြိမ်းကြောင်း သိရှိရပါသည်။ မိဘပြည်သူများ အနေဖြင့် မီးလောင်မှုနှင့် သဘာဝဘေးအန္တရာယ်များ ကျရောက်သည့်အခါ အရေးပေါ် ဆက်သွယ်ရန်အတွက် နာရေးကူညီမှုအသင်း(ရန်ကုန်) #သီးသန့်မီးသတ်တပ်ဖွဲ့ ဖုန်း- 191, 01 706421 သို့ (၂၄)နာရီပါတ်လုံး ဆက်သွယ်အကူညီ တောင်းခံနိုင်ပါသည်။ သတင်း- ဖြိုးဖြိုး (FFSS) ဓါတ်ပုံ – မြတ်မိုးအောင်(FFSS)