ကွယ်လွန်သူ အဖွားဒေါ်စိန်တင့် အသက်(၁၀၂)နှစ်၏ ဈာပနအား ပို့ဆောင်ကူညီ

နာရေးကူညီမှုအသင်း(ရန်ကုန်) မှ ယနေ့ သင်္ကြန်အကြတ်နေ့တွင် ကွယ်လွန်သူ အဖွားဒေါ်စိန်တင့် အသက်(၁၀၂)နှစ်၏ ရုပ်အလောင်းအား ​ဒဂုံမြို့သစ် မြောက်ပိုင်းမြို့နယ် ၊ (၄၉)ရပ်ကွက်၊ ဘုရင့်နောင်လမ်းရှိ နေအိမ်မှ ရေဝေးသုဿန်သို့ ရုပ်ရှင်သရုပ်ဆောင် ထွန်းကိုကို နှင့်လုပ်အားပေးအသင်းသားများမှ နိဗ္ဗာန်ယာဉ်ဖြင့် (အခမဲ့) ပို့ဆောင်ကူညီပေးခဲ့သည်။နာရေးကူညီမှုအသင်း(ရန်ကုန်)သည်ခုနှစ်ရက်သားသမီး အများပြည်သူအတွက်နာရေးကိစ္စများအား (အခမဲ့)ကူညီပေးလျက်ရှိပါသည်။နာရေးကိစ္စများပက်သက်၍ အကူအညီတောင်းခံလိုပါကအောက်ပါဖုန်းနံပါတ်များသို့ (အခမဲ့)ဆက်သွယ်အကူအညီတောင်းခံနိုင်ပါသည်။စျာပနဌာန ဖုန်း- ၀၉ ၄၀၆၇၇၇၇၁၃ ,၀၉ ၄၀၆၇၇၇၇၁၄ ,၀၉ ၄၀၆၇၇၇၇၂၄အလှူ‌ငွေများထည့်ဝင် လှူဒါန်းလိုပါက

စာရေးဆရာ အကြည်တော်(ခ)စောကြည်ဖြူ ​၏ အုတ်ဂူ အား မိသားစုထံသို့ အပ်နှံခြင်း

နာရေးကူညီမှုအသင်း(ရန်ကုန်) မှ စာရေးဆရာ အကြည်တော်(ခ)စောကြည်ဖြူ ​၏ အုတ်ဂူအား တာဝန်ယူဆောက်လုပ်ပြီးဖြစ်၍ ယနေ့နံနက်တွင် နာရေးကူညီမှုအသင်း(ရန်ကုန်)​၏ တာဝန်ရှိသူများမှ စာရေးဆရာ အကြည်တော် ​၏ အုတ်ဂူအား မိသားစုဝင်များထံ လွှဲပြောင်းပေးအပ်ခဲ့သည်။

စာရေးဆရာ အကြည်တော် ​၏ နောက်ဆုံးခရီးအား ဖေးမကူညီ

စာရေးဆရာ အကြည်တော်(ခ)စောကြည်ဖြူ အသက်(၅၁)နှစ်စျာပန အခမ်းအနားအား ယနေ့ မွန်းလွဲ(၀၃:၀၀)အချိန် ရေဝေးသုသာန် ခန်းမ(၁/က) တွင် ကျင်းပပြုလုပ်ရာအသင်းသူ/သားများ၊ ဝန်ထမ်းများမှ (အခမဲ့)လိုက်ပါကူညီ ဆောင်ရွက် ပေးခဲ့ပါသည်။စာရေးဆရာ အကြည်တော် ​၏ ရုပ်အလောင်းအားနာရေးကူညီမှုအသင်း(ရန်ကုန်) အစီအစဉ်ဖြင့် ညနေ(၀၄:၀၀)အချိန်တွင် ဂူသွင်းသင်္ဂြိုလ် ပေးခဲ့သည်။နာရေးကူညီမှုအသင်းရန်ကုန်မှ မိသားစုနှင့်အတူထပ်တူဝမ်းနည်းကြေကွဲရပါသည်။စာရေးဆရာ အကြည်တော် အသက်(၅၁)နှစ်ကောင်းရာ သုဂတိလားပါစေ။ နာရေးကိစ္စများပက်သက်၍ အကူအညီတောင်းခံလိုပါကအောက်ပါဖုန်းနံပါတ်များသို့ (အခမဲ့)ဆက်သွယ်အကူအညီတောင်းခံနိုင်ပါသည်။စျာပနဌာန ဖုန်း- ၀၉ ၄၀၆၇၇၇၇၁၃ , ၀၉ ၄၀၆၇၇၇၇၁၄ , ၀၉ ၄၀၆၇၇၇၇၂၄ နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ ဒေသအသီးသီးမှလှူဒါန်းကြသော အလှူရှင်မိသားစုများသည်စိတ်ချမ်းသာခြင်း၊ ကိုယ်ကျန်းမာခြင်းများဖြင့် ပြည့်စုံကြပါစေ …စီးပွားဥစ္စာများလည်း ဒီရေအလား တိုးတက်နိုင်ကြပါစေကြောင်း…နာရေးကူညီမှုအသင်း(ရန်ကုန်)မှဆုတောင်းမေတ္တာပို့သအပ်ပါသည်။ အလှူ‌ငွေများထည့်ဝင် လှူဒါန်းလိုပါက Photo – သန်းဇော်လတ်၊ ကောင်းမြတ်သူ၊ စစ်အောင်၊ G-3

ဒဂုံတောင်မြို့နယ်အတွင်း မီးလောင်မှု ဖြစ်ပွားရာသို့ ထွက်ခွာငြှိမ်းသတ်

၂၀.၁၀.၂၀၁၉ ရက်နေ့၊ (၂၂ : ၄၀) အချိန်ခန့်၊ ရန်ကုန်တိုင်းဒေသကြီး၊တောင်ဒဂုံမြို့နယ်၊ (၂၀)ရပ်ကွက်၊ လှော်ကားလမ်းတွင် သစ်ဆိုင် မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် Level 2ယာဉ်အုပ်စုများ ထွက်ခွာငြှိမ်းသတ်လျက်ရှိပြီး နာရေးကူညီမှုအသင်း(ရန်ကုန်) သီးသန့်မီးသတ်တပ်ဖွဲ့မှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ မီးသတ်ရေသယ်ယာဉ် (၁)စီး၊ အထောက်အကူပြုယာဉ် (၁)စီးတို့မှ ထွက်ခွာကူညီ ငြှိမ်းသတ်ပေးခဲ့ပြီး အရေးပေါ်လူနာတင်ယာဉ် (၁)စီးမှ ကယ်ဆယ်ရေးနှင့် ဆေးဘက်ဆိုင်ရာ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ရန် ထွက်ခွာခဲ့ကာ (၂၃:၁၄)အချိန် မီးငြိမ်းပါသည်။ မိဘပြည်သူများ အနဖွေငျ့ မီးလောင်မှုနှင့် သဘာဝဘေးအန္တရာယ်များ ကြ‌‌ရောက်သည့်အခါ အရေးပေါ် ဆက်သှယျရန်အတွက် နာရေးကူညီမှုအသင်း(ရန်ကုန်) #သီးသန့်မီးသတ် တပ်ဖွဲ့ ဖုန်း- 191, 01 706421 သို့ (၂၄)နာရီပါတ်လုံး ဆက်သွယ်အကူညီ တောင်းခံနိုင်ပါသည်။ ဓာတ်ပုံ – ပြန်ကြားရေးဌာန FFSS

မွန်ပြည်နယ် ၊ရေးမြို့တွင် “လျှတ်တပြတ်” အရေးပေါ်ကယ်ဆယ်ရေးသင်တန်း ဖွင့်ပွဲကျင်းပ

နာရေးကူညီမှုအသင်း(ရန်ကုန်) K Ambulance အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့နှင့် ကျော်သူပရဟိတကွန်ရက် အဖွဲ့တို့ ပူးပေါင်း၍ မွန်ပြည်နယ် ၊ ရေးမြို့တွင်” လျှက်တပြတ် “အရေးပေါ်ကယ်ဆယ်ရေးအခြေခံသင်တန်းကိုယနေ့ နံနက်တွင် ဖွင့်လှစ်သင်ကြားပေးရာအဆိုပါသင်တန်း၏သင်တန်းဖွင့်ပွဲ အခမ်းအနားအား ရေးမြိုရှိ ထန်းခြောက်ပင်ကျောင်းတိုက်တွင်ကျင်းပပြုလုပ်ခဲ့ပာသည်။ အခမ်းအနားတွင် ထန်းခြောက်ပင်ကျောင်းတိုက်မှကျောင်းထိုင်ဆရာတော်နှင့် သင်တန်းဖြစ်မြောက်ရေးအဖွဲ့ဝင်များ ၊ သင်တန်းနည်းပြများနှင့်သင်တန်းသား/သူများ၊တက်ရောက်ခဲ့ကြပါသည်။ အထက်ပါအရေးပေါ်ကယ်ဆယ်ရေးသင်တန်းအား(၁၇.၁၀.၂၀၁၉)မှ (၂၁.၁၀.၂၀၁၉)ထိဖွင့်လှစ်သင်ကြားပေးမည်ဖြစ်ပြီး သင်တန်းသား/သူ (၈၀)ဦး တက်ရောက်ခဲ့ပါသည်။

Insarage USAR Light Team Training တွင် First Aid Management ဘာသာရပ် သင်ကြားပို့ချပေး

၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ (၁၇)ရက်နေ့၊ (ဝ၇:၅၀)အချိန်တွင် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်ရှိ ကျန်စစ်သားခန်းမတွင် ဖွင့်လှစ်သော Insarage USAR Light Team Training သင်တန်းတွင် မီးသတ်တပ်ဖွဲ့ဝင်သင်တန်းသား(၄၀)ဦးအား နာရေးကူညီမှုအသင်း(ရန်ကုန်)၏ စေတနာ့ဝန်ထမ်း ဆရာဝန်များဖြစ်ကြသော ဒေါက်တာ အိအိထွေးမြင့်နှင့် ဒေါက်တာ ဇာဇာရွှေတို့မှ First Aid Management ဘာသာရပ်အား သင်ကြားပို့ချပေးခဲ့ပါသည်။ သတင်း/ဓာတ်ပုံ – ရဲသွင်ထွဋ် ffss

သဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တသောမာစာရ မေတ္တာဝါဒီ ရွှေပေါက်ပင် ဆရာတော်ဘုရားကြီးအား ဆွမ်းကပ်လောင်းလှူပူဇော်ပွဲ

ပဲခူးတိုင်းဒေသကြီးအနောက် ပြည်မြို့ ၊ နဝဒေးနယ်မြေ ရွှေပေါက်ပင်တောရကျောင်းတိုက် ဦးစီးပဓာန နာယကဆရာတော် ဖြစ်တော်မူသောသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တသောမာစာရ မေတ္တာဝါဒီ ရွှေပေါက်ပင် ဆရာတော်ဘုရားကြီး၏ နှစ်စဉ်ပြုလုပ်အပ်သော ကျွတ်ပွဲလွတ်ပွဲအဓိဋ္ဌာန်အောင်ပွဲကို ယနေ့ နံနက် နာရေးကူညီမှုအသင်း(ရန်ကုန်)တွင် ဆရာတော်ကြီး၏ မေတ္တာတရားတော်များကို ခံယူကာ (၇)ရက်သားသမီးများ၊ နာရေးကူညီမှုအသင်း(ရန်ကုန်)မှဦးဆောင်ဒါရိုက်တာအဖွဲ့ဝင်များ၊ အသင်းသူ/သားများ၊ ဝန်ထမ်းများ ၊ ဒါယိကာ ဒါယိကာမများမှ ဆွမ်းဆပ်ကပ်လောင်းလှူပူဇော်ခဲ့ကြသည်။ ဆရာတော်ကြီးမှနာရေးကူညီမှုအသင်း(ရန်ကုန်)တွင် အသုံးပြုလျက်ရှိသောနိဗ္ဗာန်ယာဉ်များ၊ အရေးပေါ်ကယ်ဆယ်ရေးယာဉ်များ၊ မီးသတ်ရေယာဉ်များ အား ပရိတ်ရေများပတ်ဖျန်း၍ မေတ္တာဖြန့်ဝေပေးခဲ့သည်။

K-Ambulance အရေးပေါ်ရှာဖွေကယ်ဆယ်ရေးအဖွဲ့ နှင့် သကျနွယ် လူမှုကူညီရေးအသင်း (ပဲခူး) တို့ ချိတ်ဆက်ကူညီဖေးမ

နာရေးကူညီမှုအသင်း(ရန်ကုန်)K-Ambulanceအရေးပေါ်ရှာဖွေကယ်ဆယ်ရေးအဖွဲ့မှပဲခူးတိုင်းဒေသကြီး သကျနွယ် လူမှုကူညီရေးအသင်းတို့ ပူးပေါင်းချိတ်ဆက်ကာပဲခူးမြို့နေ အသက်(၆၄)နှစ်အရွယ်ကျောက်တည်ဝေဒနာခံစားနေရသူ အမျိုးသားတစ်ဦးအား ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးပေါ်တွင် ချိတ်ဆက်ကာသယ်ဆောင်၍ လူနာအား ရန်ကုန်ဆေးရုံကြီးသို့ပို့ဆောင်ကူညီခဲ့ကြသည်။ နာရေးကူညီမှုအသင်း(ရန်ကုန်) K-Ambulance အရေးပေါ်လူနာတင်ယာဉ်ဌာနအနေဖြင့် ပြည်သူများ၏ အခက်အခဲများ၊ကျန်းမာရေးဝန်ဆောင်မှုများနှင့်အရေးပေါ်ကိစ္စများကို အချိန်နှင့်တပြေးညီ (၂၄)နာရီအဆင်သင့် (အခမဲ့)ကူညီဆောင်ရွက်ပေးလျက်ရှိရာ အကူအညီများတောင်းခံလိုပါကဖုန်း – 09 421119566, 09 31333273သို့ဆက်သွယ် အကူအညီတောင်းခံနိုင်ပါသည်။ သတင်း /ဓါတ်ပုံ -ပြန်ကြားရေးဌာန (F.F.S.S.)

ပရဟိတအနုပညာရှင် ထူးအောင် နှင့် မေမြင့်မိုရ် တို့၏ တစ်နေ့တာ ပေးဆပ်မှုကုသိုလ်

နာရေးကူညီမှုအသင်း(ရန်ကုန်)၏ ဥက္ကဌ ရုပ်ရှင်မင်းသားကြီး ဦးကျော်သူ၏ လမ်းညွှန်ပေးမှုတို့ဖြင့် အနုပညာရှင်များသွားရောက်ကူညီပေးလျှင် ကွယ်လွန်သွားသူတို့၏ ကျန်ရစ်သော မိသားစုများသည် သောကအပူမီးတို့ တစ်ဝက်လောက်ပျောက်သွားနိုင်သည်ကိုပြောပြခဲ့ဖူးပါသည်။ ယနေ့တွင် နာရေးကူညီမှုအသင်း(ရန်ကုန်)၏ အနုပညာရှင် စေတနာ့လုပ်အားပေးအသင်းသား ထူးအောင် နှင့် မေမြင့်မိုရ် တို့က အနုပညာလုပ်ငန်းများ အားလပ်သောအချိန်လေးကို တန်ဖိုးရှိစွာဖြင့် ကွယ်လွန်သူ အဘွားဒေါ်ရင်ပို အသက်(၈၇)နှစ်အား နေအိမ်မှ ရေဝေးသုဿန်အအေးခန်းသို့ နိဗ္ဗာန်ယာဉ်မောင်းနှင်ကာ ကုသိုလ်ယူ၍ ဖေးမကူညီခဲ့ကြသည်။ သတင်း/ဓါတ်ပုံ – ပြန်ကြားရေးဌာန FFSS

မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး(၄၂)ကြိမ်မြောက် ရုပ်ရှင်သက်ကြီးပူဇော်ပွဲအခမ်းအနားတွင် K-AMBULANCE အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ ပါဝင်ကူညီ

၂၀၁၉ အောက်တိုဘာလ(၁၃) သီတင်းကျွတ်လပြည့်နေ့ယနေ့ နံနက်တွင် ရန်ကုန်မြို့ ၊နှင်းဆီကုန်းဘိုးဘွားရိပ်သာတွင်ကျပ်းပပြုလုပ်သော မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး(၉၉)ကြိမ်မြောက်ရုပ်ရှင်နေ့နှင့် (၄၂)ကြိမ်မြောက် ရုပ်ရှင်သက်ကြီးပူဇော်ပွဲ အခမ်းအနားတွင် နာရေးကူညီမှုအသင်း(ရန်ကုန်)K-AMBULANCE အရေးပေါ်ကယ်ဆယ်အဖွဲ့မှလိုက်ပါကူညီ၍ ကျန်းမာရေးစောင့်ရှောက်မှုများ ပြုလုပ်ပေးခဲ့ကြသည်။ ထိုပွဲတွင် အသက် (၇၇)နှစ်အရွယ်အဘိုးတစ်ဦးအား မင်္ဂလာဒုံမြို့နယ်၊အနုပညာဆည်းဆာရိပ်သို့ ပြန်လည်ပို့ဆောင်ပေး၍ ကုသိုလ်ယူခဲ့ကြသည်။ သတင်း/ဓာတ်ပုံ – ပြန်ကြားရေးဌာန