၁လပိုင်း ၂၀၁၉ ခုနှစ်တွင် ဇာတ်ညွှန်းရေးသားနည်း သင်တန်းဖွင့်မည်

သုခအလင်းပညာဒါနကျောင်း – 09421019150 အင်တာဗျူးဖြေရမည့်ရက် – (၂၇.၁.၂၀၁၉) နေ့လည် (၁းဝ၀)နာရီ သင်တန်းကာလ – (၃)လ သင်တန်းချိန် – အပတ်စဉ် စနေ၊ တနင်္ဂနွေ) တစ်ပတ်(၂)ရက် မနက်(၉းဝ၀)နာရီမှ (၁၂းဝ၀)နာရီထိ သင်တန်းဖွင်မည့်ရက် – (၂.၂.၂၀၁၉) (စနေနေ့) အင်တာဗျူအောင်မြင်သူများသာ သင်တန်းတက်ရောက်ခွင့်ရှိမည်ဖြစ်ပြီး ၊ ဓာတ်ပုံ (၁)ပုံ နှင့် လူကိုယ်တိုင် လာရောက်လျှောက်ထားနိုင်ပါသည်။ လူဦးရေ ကန့်သတ်ထားပါသည်။

အမှတ်စဉ်(၂၀)(၃/၂၀၁၈) ဟိုတယ်ဝန်ဆောင်မှု အခြေခံသင်တန်းဆင်းပွဲ အခမ်းအနား

နာရေးကူညီမှုအသင်း(ရန်ကုန်)ရှိ သုခအလင်းပညာဒါနကျောင်းတွင် ဖွင့်လှစ်သင်ကြားသော အမှတ်စဉ်(၂၀) (၃/၂၀၁၈) ဟိုတယ်ဝန်ဆောင်မှုအခြေခံသင်တန်းဆင်းပွဲ အခန်းအနားကို ယနေ့နံနက်(၉းဝ၀)အချိန်တွင် (သုခခန်းမ)၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် နာရေးကူညီမှုအသင်း(ရန်ကုန်) အမှုဆောင်အရာရှိ ဒေါ်စောသဉ္ဇာစိုးမှ အဖွင့်အမှာ စကားပြောကြားခဲ့ပြီး ၊ သုခအလင်းပညာဒါနကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဆရာဦးနေမျိုးအေး နှင့် သင်တန်းဆရာများမှ ဆုံးမစကားများ ပြောကြားခဲ့ပါသည်။ အဆိုပါအခမ်းအနားသို့ သက်ဆိုင်ရာနယ်ပယ်အသီးသီးမှ ပရဟိတလာရောက်သင်ကြားပေးသော ဆရာဦးရွှေဇင်အောင်၊ ဆရာဦးသူသူဇော်၊ ဆရာဦးအောင်မိုးဝင်း၊ ဆရာဦးထွန်းထွန်းဝင်း၊ ဆရာဦးမင်းဆုပိုင်၊ ဆရာမဒေါ်ကေသီနိုင် နှင့်Hotelအသီးသီးမှ တာဝန်ရှိသူများတတ်ရောက်ခဲ့ပါသည်။ ဆက်လက်ပြီးသင်တန်းသားများ သင်တန်းဆင်းလက်မှတ်နှင့် ဆုတံဆိပ်များချီးမြှင့်ပေးခဲ့ကြသည်။ ထို့နောက် နာရေးကူညီမှုအသင်း(ရန်ကုန်)မှ သင်တန်းဆရာများ/ဆရာမများအားကျေးဇူးတင် ဂုဏ်ပြုလွှာချီးမြှင့်ပေးခဲ့ပြီး သင်တန်းသား/သူများ တို့က အကပဒေသာများဖြင့် ဖျော်ဖြေပေးခဲ့ကာသင်တန်းဆင်းပွဲ အခမ်းအနားအား အောင်မြင်စွာကျင်းပပြုလုပ်ခဲ့ကြသည်။

၁လပိုင်း ၂၀၁၉ ခုနှစ်တွင် English Speaking သင်တန်းဖွင့်မည်

သုခအလင်းပညာဒါနကျောင်း – 09421019150 သင်တန်းကာလ – (၃)လ သင်တန်းချိန် – အင်္ဂါ၊ ဗုဒ္ဓဟူး နေ့လည် (၁းဝ၀ မှ ၃းဝ၀)နာရီအထိ သင်တန်းဖွင်မည့်ရက် – (၂၂.၁.၂၀၁၉) ဓာတ်ပုံ (၁)ပုံ ၊ တစ်လ(၈)ရက်၊ (၃)လတိတိ မပျက်အကွက် တက်ရောက်နိုင်မည့်သူများ ပညာအရည်အချင်းထောက်ခံစာ ၊ ဆယ်တန်းအောင်လက်မှတ်(သို့) တက္ကသိုလ်ကျောင်းသားကဒ်နှင့် လူကိုယ်တိုင် လာရောက်လျှောက်ထားနိုင်ပါသည်။ လူဦးရေ ကန့်သတ်ထားပါသည်။

၁လပိုင်း ၂၀၁၉ ခုနှစ်တွင် ကိုကာ- ကိုလာ လက်လီစီးပွားရေးကျွှမ်းကျင် သင်တန်းဖွင့်မည်

သုခအလင်းပညာဒါနကျောင်း – 09421019150 သင်တန်းကာလ – (၅)ရက် သင်တန်းချိန် – မနက်(၁၀းဝ၀)နာရီမှ နေ့လည်(၁၂းဝ၀)နာရီ အထိ သင်တန်းဖွင်မည့်ရက် – (၂၁.၁.၂၀၁၉) မှ (၂၅.၁.၂၀၁၉) အထိ

(1/2019) ကွန်ပျူတာသင်တန်း ဖွင့်လှစ်မည်

သင်တန်းလျှေက်လွှာတင်နိုင်မည့်ရက် – (၁၄.၁.၂၀၁၉) တနင်္လာနေ့ ၊ နံနက် (၉း၃၀)နာရီ သင်တန်းကာလ -(၃)လ သင်တန်းဖွင့်မည့်ရက် – (၂၈.၁.၂၀၁၉) (တနင်္လာနေ့) သင်ကြားမည့် ဘာသာရပ်များ – Basic ၊ DTP ၊ Photoshop ၊ Excel Advance Level တက်ရောက်မည့်သူများသည် Computer Basic Certificate မိတ္တူယူဆောင်လာရမည်။ Deposit အနေဖြင့်(၂၀ဝ၀ဝ)ကျပ် ပေးသွင်းရပါမည်။ သင်တန်းအောင်မြင်သူများအားလုံးကို တစ်ပတ်အတွင်း ပြန်လည်ထုတ်ပေးပါမည်။ သင်တန်းသား(၁)ဦးလျှင် တစ်ခုသာ တက်ရောက်ခွင့်ရှိပါသည်။ သုခအလင်း ပညာဒါနကျောင်း – 09421019150

ဇန်နဝါရီ (၁၁)ရက်နေ့တွင် နာရေးကူညီမှုအသင်း (ရန်ကုန်) သို့ လာရောက်လှူဒါန်းသော တနေ့တာအလှူရှင်များ

၂၀၁၉ ၊ဇန်နဝါရီ (၁၁) ရက်နေ့တွင် ဒေသအသီးသီးမှ လာရောက်လှူဒါန်းကြသော အသင်းအဖွဲ့အစည်းများ စည်းလုံးညီညွတ်စွာဖြင့် ရေရှည်တည်တံ့ခိုင်မြဲပြီး အလှူငွေများလည်းရရှိပါစေ … လိုအပ်သောနေရာများသို့ ထိထိရောက်ရောက်ပြန်လည်လှူဒါန်းနိုင်ပါစေ… အလှူရှင်မိသားစုများသည် စိတ်ချမ်းသာခြင်း၊ ကိုယ်ကျန်းမာခြင်းများဖြင့် ပြည့်စုံကြပါစေ … စီးပွားဥစ္စာများလည်း ဒီရေအလား တိုးတက်နိုင်ကြပါစေ… နာရေးကူညီမှုအသင်း(ရန်ကုန်)မှဆုတောင်းမေတ္တာပို့သအပ်ပါသည်။ လှူဒါန်းလိုသောအလှူရှင်များအနေဖြင့် ဝ၉-၄၂၁၀၁၁၉၁၅ သို့ဆက်သွယ်ပြီး Account name -FREE FUNERAL SERVICE SOCIETY (YGN) Bank Account No – 208 503 20800159401 (KBZ BANK-NORTH-DAGON-2) သို့လှူဒါန်းနိုင်ပြီး အမှတ်( ၁၃/က )၊ ဗိုလ်မှူးဗထူးလမ်း၊ ၄၂ရပ်ကွက်၊ မြောက်ဒဂုံမြို့နယ်၊သို့လည်းလာရောက်လှူဒါန်းနိုင်ပါသည်။

နာရေးကူညီမှုအသင်း(ရန်ကုန်)၏ (၂၀၁၈)ခုနှစ်အတွင်း (၁)နှစ်တာ ပေးဆပ်ကူညီပေးခဲ့မှုများ

နာရေးကူညီမှုအသင်း(ရန်ကုန်)၏ “အများပြည်သူအတွက် အများပြည်သူကောင်းမှု “ဟူသော ဆောင်ပုဒ်နှင့်အညီ နှစ်စဉ် နှစ်တိုင်း ပေးဆပ်ကူညီခဲ့သည်မှာ ယနေ့ဆိုလျှင် (၁၈)နှစ်တိုင်ပြည့်ခဲ့ပြီးဖြစ်ပါ သည်။ ထိုကဲ့သို့ ကူညီပေးခဲ့မှုများတွင် (၂၀၁၈)ခုနှစ်၏ (၁)နှစ်တာ ကာလအတွင်း ပေးဆပ်ကူညီပေးခဲ့မှုများသည် အောက်ပါအတိုင်းဖြစ်ပါသည်။ ဈာပနကူညီမှု – ၈၁၂၇ ဦး သုခကုသိုလ်ဖြစ်ဆေးခန်း – ၂၇၈၃၉ ဦး သုခအလင်းပညာဒါနကျောင်း – သင်တန်း(၄၀) – ၂၁၉၄ ဦး K-Ambulance (အရေးပေါ်ကယ်ဆယ်ရေးဌာန) – ၂၇၇၃ ဦး နာကူသီးသန့်မီးသတ်တပ်ဖွဲ့ – ၈၄ ကြိမ် နာရေးကူညီမှုအသင်း(ရန်ကုန်)သည် ထိုကဲ့သို့ ပေးဆပ်ကူညီခွင့်ရသည်မှာ ပရဟိတဝန်ထမ်းများ၊ ပရဟိတ စေတနာ့လုပ်အားပေးများ၏ “လုပ်အားဒါန” ၊ အလှူရှင်များ၏ ချွေးနည်းစာဖြင့် လှူဒါန်းထားသော အလှူငွေများဖြင့်သာ ကူညီပေးနိုင်ခဲ့သည်ဖြစ်သောကြောင့် နာရေးကူညီမှုအသင်း(ရန်ကုန်)မှ […]

ဇန်နဝါရီ (၁၀)ရက်နေ့တွင် နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ လာရောက်လှူဒါန်းသော တနေ့တာအလှူရှင်များ

၂၀၁၉ ၊ဇန်နဝါရီ (၁၀) ရက်နေ့တွင် ဒေသအသီးသီးမှ လာရောက်လှူဒါန်းကြသော အသင်းအဖွဲ့အစည်းများ စည်းလုံးညီညွတ်စွာဖြင့် ရေရှည်တည်တံ့ခိုင်မြဲပြီး အလှူငွေများလည်းရရှိပါစေ … လိုအပ်သောနေရာများသို့ ထိထိရောက်ရောက်ပြန်လည်လှူဒါန်းနိုင်ပါစေ… အလှူရှင်မိသားစုများသည် စိတ်ချမ်းသာခြင်း၊ ကိုယ်ကျန်းမာခြင်းများဖြင့် ပြည့်စုံကြပါစေ … စီးပွားဥစ္စာများလည်း ဒီရေအလား တိုးတက်နိုင်ကြပါစေ… နာရေးကူညီမှုအသင်း(ရန်ကုန်)မှဆုတောင်းမေတ္တာပို့သအပ်ပါသည်။ လှူဒါန်းလိုသောအလှူရှင်များအနေဖြင့် ဝ၉-၄၂၁၀၁၁၉၁၅ သို့ဆက်သွယ်ပြီး Account name -FREE FUNERAL SERVICE SOCIETY (YGN) Bank Account No – 208 503 20800159401 (KBZ BANK-NORTH-DAGON-2) သို့လှူဒါန်းနိုင်ပြီး အမှတ်( ၁၃/က )၊ ဗိုလ်မှူးဗထူးလမ်း၊ ၄၂ရပ်ကွက်၊ မြောက်ဒဂုံမြို့နယ်၊သို့လည်းလာရောက်လှူဒါန်းနိုင်ပါသည်။

ဇန်နဝါရီ (၉)ရက်နေ့တွင် နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ လာရောက်လှူဒါန်းသော တနေ့တာအလှူရှင်များ

၂၀၁၉ ၊ဇန်နဝါရီ (၉) ရက်နေ့တွင် ဒေသအသီးသီးမှ လာရောက်လှူဒါန်းကြသော အသင်းအဖွဲ့အစည်းများ စည်းလုံးညီညွတ်စွာဖြင့် ရေရှည်တည်တံ့ခိုင်မြဲပြီး အလှူငွေများလည်းရရှိပါစေ … လိုအပ်သောနေရာများသို့ ထိထိရောက်ရောက်ပြန်လည်လှူဒါန်းနိုင်ပါစေ… အလှူရှင်မိသားစုများသည် စိတ်ချမ်းသာခြင်း၊ ကိုယ်ကျန်းမာခြင်းများဖြင့် ပြည့်စုံကြပါစေ … စီးပွားဥစ္စာများလည်း ဒီရေအလား တိုးတက်နိုင်ကြပါစေ…နာရေးကူညီမှုအသင်း(ရန်ကုန်)မှဆုတောင်းမေတ္တာပို့သအပ်ပါသည်။ လှူဒါန်းလိုသောအလှူရှင်များအနေဖြင့် ဝ၉-၄၂၁၀၁၁၉၁၅ သို့ဆက်သွယ်ပြီး Account name -FREE FUNERAL SERVICE SOCIETY (YGN) Bank Account No – 208 503 20800159401 (KBZ BANK-NORTH-DAGON-2) သို့လှူဒါန်းနိုင်ပြီး အမှတ်( ၁၃/က )၊ ဗိုလ်မှူးဗထူးလမ်း၊ ၄၂ရပ်ကွက်၊ မြောက်ဒဂုံမြို့နယ်၊သို့လည်းလာရောက်လှူဒါန်းနိုင်ပါသည်။

ရှေ့ဆောင်ဘာသာရပ်သင် ကိုယ်ပိုင်သင်တန်းကျောင်းမှ လာရောက်လေ့လာ

နာရေးကူညီမှုအသင်း(ရန်ကုန်)သည် ဥက္ကဋ္ဌ ဦးကျော်သူ ဦးဆောင်မှုဖြင့် (၂၄)နာရီ အများပြည်သူအတွက် အပူသောက မီးများ ငြိမ်းအေးအောင် ကူညီဖေးမလျှက်ရှိရာ ယနေ့ နံနက်(၇းဝ၀)နာရီတွင် ရှေ့ဆောင်ဘာသာရပ်သင် ကိုယ်ပိုင်သင်တန်းကျောင်းမှ ဆရာ/ဆရာမများ နှင့် ကျောင်းသား/ကျောင်းသူများ အသင်းသို့ လာရောက် လေ့လာခဲ့ကြပါသည်။ ထို့နောက် ကျောင်းသား/ကျောင်းသူများအား ဥက္ကဋ္ဌ ဦးကျော်သူ မှဗြဟ္မစိုရ် တရားလက်ကိုင်ထားသော ပရဟိတ မျိုးဆက်သစ်များ ဖြစ်ပေါ်လာစေရန် ဆုံးမစကားများ ပြောကြားခဲ့ပါသည်။ ဆက်လက်ပြီး ရှေ့ဆောင်ဘာသာရပ်သင် ကိုယ်ပိုင်သင်တန်းကျောင်းမှ နာရေးကူညီမှုအသင်း(ရန်ကုန်)သို ့ အလှူငွေ- ၁,၈၀ဝ,ဝ၀ဝိ/ကျပ် အား မွန်မြတ်အလှူအဖြစ် လှူဒါန်းခဲ့ပါသည်။ သတင်း/ဓာတ်ပုံ – ပြန်ကြားရေးဌာန #FFSS