ရေစကြို မြို ့နယ် သစ်ကြီးတောကျေးရွာ မီးဘေးသင့်ဒဏ်ခံခဲ့ရသော အိမ်ထောင်စုများ အတွက် နာရေးကူညီမှုအသင်း(ရန်ကုန်)၏ “အများပြည်သူအတွက် အများပြည်သူကောင်းမှု

နာရေးကူညီမှုအသင်း(ရန်ကုန်) မှ ယနေ့ ညနေ(၄းဝ၀)နာရီ အချိန်တွင် မကွေးတိုင်းဒေသကြီး၊ ရေစကြို မြို့နယ်၊ သစ်ကြီးတောကျေးရွာ မီးဘေးသင့်ဒဏ်ခံခဲ့ရသော အိမ်ထောင်စုပေါင်း(၁၇၂)စုအား သွားရောက်၍အိမ်ထောင်စု (၁)စုလျှင်(ဆန် ၁၂ပြည်၊ ငါးသေတ္တာဗူး (၅)ဗူး၊ ခေါက်ဆွဲခြောက် (၅)ထုပ်) တို ့အားစုစုပေါင်း ဆန် (၁၇၂) အိတ်၊ ငါးသေတ္တာ (၈၅၅)ဗူး၊ ခေါက်ဆွဲခြောက်(၈၅၅)၊ ဆီပိသာ( ၆၀)၊ ကြက်ဥ အလွုး(၅၀ဝ)၊ အဝတ်အထည်နှင့် ဖိနပ်များ အပြင် တက္ကသိုလ် ဝင်တန်းဖြေဆိုမည့် ကျောင်းသား/သူ အယောက်(၄၀)အတွက် (၁)ဦးလျှင်(၁၀ဝ၀ဝ)-တစ်သောင်းကျပ်တို ့အား “အများပြည်သူအတွက် အများပြည်သူကောင်းမှု” အနေဖြင့် (ပထမ)အကြိမ်သွားရောက်လှူဒါန်းခဲ့ပါသည်။

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူ ခရိုင် ၊ရေစကြို မြို ့နယ်၊ သစ်ကြီးတောကျေးရွာအုပ်စုတွင်(၃.၃.၂၀၁၈)ရက်နေ ့၌ မီးလောင်မှု ဖြစ်ပွားခဲ့ရာ အိမ်ထောင်စုပေါင်း (၁၇၂) စု မီးဘေးသင့်ခံခဲ့ရကြောင်းသိရှိရပါသည်။

မီးဘေးသင့် ပြည်သူများအတွက် လှုဒါန်းလိုသော အလှုရှင်များအနေဖြင့်် နာရေးကူညီမှုအသင်း(ရန်ကုန်) အလှူခံဌာန ဖုန်း – ဝ၉ ၄၂၁၀၁၁၉၁၅ သို့ဆက်သွယ်ပြီး Account name -FREE FUNERAL SERVICE SOCIETY (YGN) Bank Account No – 208 503 20800159401 (KBZ BANK-NORTH-DAGON-2) သို့လှူဒါန်းနိုင်ပြီး အမှတ်( ၁၃/က )၊ ဗိုလ်မှူးဗထူးလမ်း၊ ၄၂ရပ်ကွက်၊ မြောက်ဒဂုံမြို့နယ်၊သို့လည်းလာရောက်လှူဒါန်းနိုင်ပါသည်။

သတင်း – ပြန်ကြားရေးဌာန(နာကူ/ရန်ကုန်)

ဓါတ်ပုံ – G3၊ ပုဂံချစ်သူ၊ မင်းသီဟ

Leave a comment

Your email address will not be published. Required fields are marked *