နေ့စဉ်နာရေးကူညီမှုပေါင်း(၂၀)ကျော်ရှိ

နာရေးကူညီမှုအသင်း(ရန်ကုန်)သည် ၂၀၁၆မေလ(၈)ရက်နေ့တွင်(၄) လသားကလေးငယ်၏နာရေးအပါအဝင်နာရေးပေါင်း(၂၈)လောင်းအားကူညီပေးခဲ့ကြောင်းသိရှိရ ရန်ကုန် မေလ(၈) နာရေးကူညီမှုအသင်း(ရန်ကုန်)သည် သက်ဆိုင်ရာနေအိမ် ဆေးရုံ ဆေးခန်း ၌ကွယ်လွန်သောတိုက်ရိုက်သဂြိုလ် သည့်(၄)လသားကလေးငယ်တစ်ဦး၏ နာရေးအပါအဝင်တိုက်ရိုက်နာရေးလမ်း ကြောင်း(၆)လောင်းနှင့်အအေးခန်းထား ရှိ၍သဂြိုလ်သောနာရေးလမ်း ကြောင်း(၂၂)လောင်း စုစုပေါင်း(၂၈)လောင်းအားကူညီပေးခဲ့ရကြောင်းရေးဝေးသုဿာန်ရှိနာရေးကူညီမှုအသင်း(ရန်ကုန်)ရုံးခွဲမှသတင်းရရှိပါသည်။ရေဝေး သုဿာန်၌ယနေ့တာဝန်ကျ အမှု့ ဆောင်များ နေ့တာဝန်ခံများနှင့် လုပ်အားပေးအသင်းသားများမှလည်း အချိန်နှင့်တစ်ပြေးညီစည်းစနစ်တကျ ကူညီလုပ်ကိုင်ပေးခဲ့ကြကြောင်းလည်း သိရှိရပါသည်။ နေ့စဉ်နာရေးပေါင်းနှစ်ဆယ်ကျော်နီးပါးကူညီပေးလျှက်ရှိပါသည်။ ကိုလင်း(F.F.S.S) (ရန်ကုန်)ရုံးခွဲမှသတင်းရရှိပါသည်။

မီးလောင်ပြင်ကူညီမှု

ရန်ကုန် မေ ၅ ရက် ည ၈ နာရီ ၂၀မိနစ်အချိန် စက်ထဲသို့မီးလောင်နေကြောင်းသတင်းတစ်ခုဝင်ရောက်လာပါသည် ။ သတင်းအရ မီးစတင်လောင်သည့်နေရာသည် တောင်ဒဂုံ ၆၃ ရပ်ကွက် စက်မှု့ဇုန် (၂) စစ်တောင်းလမ်း ဟုသိရှိရပြီး ရန်ကုန်တိုင်းဒေသကြီး မီးသတ်တပ်ဖွဲ့မှ Level 2 အဆင့်သတ်မှတ်၍ မီးသတ်ကားများစေလွှတ်နေရာ နာရေးကူညီမှု့အသင်း(ရန်ကုန်) မှဂါလံ ၂၈၀ဝ ဆန့် ရေသယ်ယာဉ် ၁ စီး အရေးပေါ ်လူနာတင်ယာဉ် ၃ စီး အသင်းသားအင်းအား ၂၅ ယောက်နှင့်အတူ အချိန်နှင့်တပြေးညီသွားရောက် ပူးပေါင်းကူညီမှု့များ ပြုလုပ်ပေးရပါသည်။ အဆိုပါမီးမှာ သစ်အချောထည် ပါကေးစက်ရုံမှ စတင် လောင်ကျွမ်းခြင်းဖြစ်ပြီး မီးမှာပိုမိုအားကောင်းလာရာ မီးသတ်တပ်ဖွဲ့မှ Level 4 အဆင့်တိုးမြှင့်သတ်မှတ်၍ ငြှိမ်းသတ်ရပါသည်။ နာ/ကူ (ရန်ကုန်) […]

ကျောက်ကပ်သန့်စင်ဆေးရုံမကြာမီဖွင့်လှစ်

၂၀၁၆ခုနှစ် မေ(၃)ရက်နေ့ နာရေးကူညီမှုအသင်း(ရန်ကုန်)သုခကုသိုလ်ဖြစ်ဆေးခန်း ကျောက်ကပ်သန့်စင်ဆေးရုံ အလှူရှင်များဖြစ်သောကွယ်လွန်သူ ဒေါ်နိုင်အင်း(ခ)ဒေါ်လှလှရီ မိသားစုတို့မှကျောက်ကပ်ကုသဆောင်အတွက် ပထမအကြိမ်အဖြစ်အလှူငွေ – ၂၀,ဝ၀ဝ,ဝ၀ဝိ/- (သိန်းနှစ်ရာကျပ်)၊ ဒုတိယအကြိမ်အလှူငွေ – ၂၀,ဝ၀ဝ,ဝ၀ဝိ/- (သိန်းနှစ်ရာကျပ်)လှူဒါန်းခဲ့ပြီး ယခုတတိယအကြိမ်အလှူငွေ – ၄၀,ဝ၀ဝ,ဝ၀ဝိ/- (သိန်းလေးရာကျပ်)အားလာရောက်လှူဒါန်းပြီး ကျောက်ကပ်ကုသဆောင်ပြီးစီးမှုအခြေအနေများအား လေ့လာကြည့်ရှုရာ နာရေးကူညီမှုအသင်း(ရန်ကုန်) အမှုဆောင်အဖွဲ့မှ လိုက်လံရှင်းလင်းပြသပေးခဲ့ပါသည်။နာရေးကူညီမှုအသင်း(ရန်ကုန်)မှ ဆေးကုသစရိတ်မတတ်နိုင်သော ကျောက်ကပ်ဝေဒနာရှင်များ ကျောက်ကပ်သန့်စင်နိုင်ရန်အတွက်ရည်ရွယ်၍ တည်ဆောက်ပေးခြင်းဖြစ်သည်။

၁လပိုင်း ၂၀၁၉ ခုနှစ်တွင် ပန်းအလှပြင် သင်တန်းဖွင့်မည်

သုခအလင်းပညာဒါနကျောင်း – 09421019150 သင်တန်းကာလ – (၂)ရက် သင်တန်းချိန် – မနက် (၉ း ဝ၀ – ၅ းဝ၀ )နာရီ အထိ သင်တန်းဖွင်မည့်ရက် – (၂၆.၁.၂၀၁၉၊ ၂၇.၁.၂၀၁၉) သင်တန်းသား (၁)ဦးလျှင် ဓာတ်ပုံ (၁)ပုံ ၊ သင်ထောက်ကူပစ္စည်းကိရိယာနှင့် ပန်းဖိုး(၂၀ဝ၀ဝ)ကျပ် ကျမည်ဖြစ်ပြီး လူကိုယ်တိုင် လာရောက်လျှောက်ထားနိုင်ပါသည်။ လူဦးရေ ကန့်သတ်ထားပါသည်။

ဘုရားအသက်နှင့်လူကို ကယ်တင်ခြင်း

၂၅.၁ဝ.၂ဝ၁၃ ရက်နေ့ သောကြာနေ့ နံနက် (၉းဝဝ)နာရီအချိန်တွင် နာရေးကူညီမှု အသင်း(ရန်ကုန်)ဥက္ကဌ ဦးကျော်သူသည် အလုပ်အမှုဆောင် အစည်းအဝေး လုပ်နေစဉ်အတွင်း ဦးကျော်သူထံသို့ တယ်လီဖုန်း ဝင်လာခဲ့သည်။ အမည်မှာ မဇာလီဝင်းနှင့် မသန္တာဟု သိရှိရပြီး အလုံသစ်တောဝင်းရှိ မီးကင်းထဲတွင် အမည်မသိ အမျိုးသားတစ်ဦး သတိလစ် လဲကျနေသောကြောင့် နာရေးကူညီမှု အသင်း(ရန်ကုန်)အနေဖြင့် ကူညီပေးနိုင်ရန် ဆက်သွယ်ခြင်းဖြစ်သည်။ ထိုအခါ ဦးကျော်သူမှ သက်ဆိုင်ရာ ရပ်ကွက်ရုံးသို့ ဦးစွာအကြောင်းကြားထားပေးရန် ပြန်လည်ဖြေကြားသောအခါ ၄င်းတို့မှ ရပ်ကွက်ရုံးကိုလည်း သွားပြီးပါပြီ ရပ်ကွက်ရုံးမှလည်း ဘယ်သူမှ လိုက်မလာဘူး မိုးတွေကလည်း အရမ်းရွာနေတယ်၊ လူနာကလည်း အညစ်အကြေးတွေ၊ ဆီး၊ ဝမ်းများ မနိုင်၍ ပေကျံနေတယ်၊ လူတွေကလည်း ဝိုင်းအုံနေတယ်။ ဒါ့ကြောင့် နာရေးကူညီမှု အသင်း(ရန်ကုန်)အနေနဲ့ အမြန်ဆုံး ကူညီပေးစေချင်ပါကြောင်း […]

ရွှေကလောင်ဆုရှင် ကြွေလွင့်ခြင်း

၂ဝ.၁ဝ.၂ဝ၁၃ (တနင်္ဂနွေနေ့) နံနက် (၁ဝးဝဝ) နာရီအချိန်တွင် ရေဝေးသုဿန်ရှိ ခန်းမဆောင် (၁/က)တွင် ဂါးဒီးယန်း ဦးစိန်ဝင်း အသက် (၉၂) နှစ်၏ ဈာပနအခမ်းအနားအား နာရေးကူညီမှု အသင်း(ရန်ကုန်)၏ အစီအစဉ်ဖြင့် ကျင်းပပြုလုပ်ခဲ့သည်။ ဆရာကြီး ဦးစိန်ဝင်းသည် ၁၇.၁ဝ.၂ဝ၁၃ (ကြာသပတေးနေ့) မွန်းလွဲ (၂း၁၅) နာရီအချိန်တွင် မဟာမြိုင်ဆေးခန်းတွင် ကွယ်လွန်သွားခဲ့ပြီး နာရေးကူညီမှု အသင်း(ရန်ကုန်)မှ သွားရောက်၍ ဆရာကြီး၏ သက်မဲ့ရုပ်ခန္ဓာအား ရေဝေးသုဿန် အအေးခန်းသို့ သယ်ယူပို့ဆောင် ကူညီပေးခဲ့သည်။ သတင်းစာဆရာကြီး ဂါးဒီးယန်း ဦးစိန်ဝင်းသည် ၁၉၄၂ ခုနှစ် ကတည်းက သတင်းစာဆရာအဖြစ် ရပ်တည်ခဲ့ပြီး ဂျပန်ခေတ်၊ ကိုလိုနီခေတ်၊ ပါလီမန်ဒီမိုကရေစီခေတ်မှစ၍ စစ်အစိုးရ ခေတ်အဆက်ဆက်အား ဖြတ်သန်းခဲ့ပြီး ၁၉၅၈ ခုနှစ်တွင် Guardian (ဂါးဒီးယန်း) သတင်းစာတိုက်အား […]

တက်ကြွလှုပ်ရှားနိုင်ငံသား

နံနက်စောစောတွင် သုခခန်းမဆောင်၌ အလုပ်ရှုပ်နေကြသည်။ သင်တန်းတစ်ခုရှိနေသည်မှာ သေချာသည်။ ဘာသင်တန်းလဲလို့ မေးနေသည့်အသံများလဲ ကြားနေရသည်။ ခန်းမအတွင်းသို့ စာရေးစားပွဲများ ရွှေ့ပြောင်း သယ်ယူနေကြသော လုပ်အားပေးလူငယ်၊ မောင်မယ်များသည် “Active Citizen Training Course” ဟု ပြန်ဖြေသံကြားခဲ့သည်။ နာရေးကူညီမှု အသင်း(ရန်ကုန်)နှင့် ထိုသင်တန်း ဘယ်လို ဆက်စပ်မှုရှိမလဲဟု တွေးနေသူများလဲ ရှိကောင်းရှိနေပေဦးမည်။ ပြည်သူလူထုကို ဝန်ဆောင်မှုဖြင့် ပေးဆပ်နေသော ထိုအသင်းကြီးနှင့် ဤသင်တန်းမျိုးမှာ ခေါင်းနှင့်ပန်းလို ခွဲခြား၍မရပေ။ Active Citizen Training အား ၂ဝ၁၃ ခုနှစ်၊ အောက်တိုဘာလ (၁၆) ရက်နေ့မှ (၁၈) ရက်နေ့ အထိ (၃) ရက်ခန့် နာရေးကူညီမှု အသင်း(ရန်ကုန်)တွင် ဖွင့်လှစ်ပို့ချခဲ့သည်။ သို့သော် လုပ်အားပေး စေတနာ့လူငယ်မောင်မယ်တိုင်း တက်ရောက်ခွင့်မရခဲ့။ […]

အရေးပေါ်တပ်လှန့်သံ

နာရေးကူညီမှု အသင်း(ရန်ကုန်)၏ ဥက္ကဌ ဦးကျော်သူ ဦးဆောင်သော သဘာဝဘေးနှင့် အခြားသော ဘေးအန္တရာယ်များ ကျရောက်လာပါက အရေးပေါ်ကူညီပေးနိုင်ရန်နှင့် ရန်ကုန်မြို့တွင်း အရေးပေါ် ထိခိုက် ဒါဏ်ရာရရှိမှုများ၊ ကားအက်ဆီးဒင့်များနှင့် ရေဘေး၊ လေဘေး၊ မီးဘေး အန္တရာယ်များ ကျရောက်လာခဲ့ပါက လျှင်မြန်ထိရောက်စွာ ကူညီမှုပေးနိုင်ရန်အတွက် နာရေးကူညီမှုအသင်း(ရန်ကုန်)၏ အရေးပေါ် ကယ်ဆယ်ရေးအဖွဲ့အား ဖွဲ့စည်းခဲ့ကြပြီဖြစ်သလို ယခုအခါတွင်လည်း လူနာတင်ယာဉ် (၄) စီးဖြင့် မိဘပြည်သူတို့၏ အရေးပေါ် ကျန်းမာရေး ထိခိုက်မှုများကို နေအိမ်များမှ ဆေးရုံသို့၄င်း၊ လုပ်ငန်းခွင်များမှ သက်ဆိုင်ရာ အစိုးရဆေးရုံ များသို့၄င်း၊ မီးဘေးအန္တရာယ်ကျရောက်ရာ နေရာသို့၄င်း သွားရောက် ကူညီဖေးမပေးခဲ့ကြသည်။ ယခုအခါ နယ်မြေဒေသအချို့တွင် ရေဘေးအန္တရာယ်များကျရောက် နေသလို ယခုမီးလောင်မှုသတင်းများလည်း ကြားသိနေရပြီဖြစ်သည့်အတွက် နာရေးကူညီမှု အသင်း(ရန်ကုန်)၏ အရေးပေါ်ကယ်ဆယ်ရေး အဖွဲ့သည်လည်း အထူးသတိ […]

လွမ်းနေလို့မပြီး … လုပ်ရဲ၊ ကိုင်ရဲ၊ ပြောရဲဖို့ အရေးကြီး

၁၉.၇.၂ဝ၁၃ ရက်နေ့ နံနက် (၇း၃ဝ) နာရီတွင် နာရေးကူညီမှု အသင်း(ရန်ကုန်) ရုံးချုပ်သို့ လူငယ်နှစ်ဦး ရောက်ရှိလာခဲ့ပြီး ၄င်းတို့၏လက်ထဲတွင် လှပဝေဆာစွာ ပန်းရောင်စုံအလှဆင် ထားသော ပန်းခြင်းတစ်ခုအား သယ်ဆောင်လာခဲ့သည်။ အကြောင်းစုံသိလို၍ မေးမြန်းကြည့်ရာ ယနေ့ အာဇာနည်နေ့တွင် အာဇာနည် ခေါင်းဆောင်ကြီးများ၏ ဂူဗိမာန်သို့သွားရောက် ပန်းခွေချအလေးပြုရာတွင် ပန်းခွေချအလေးပြုခွင့် မရရှိခဲ့သည့်အတွက် နာရေးကူညီမှု အသင်း(ရန်ကုန်)၏ “သုခအလင်း” စာကြည့်တိုက်အတွင်း၌ရှိသော ဗိုလ်ချုပ်အောင်ဆန်း၏ ပန်းချီကားချပ်ကြီးရှေ့တွင် လာရောက်၍ ပန်းခွေချလိုခြင်းဖြစ်ကြောင်း ထူးထူးဆန်းဆန်း ကြားသိခဲ့ရသည်။ ထိုလူငယ်သည် တစ်ချိန်က နာရေးကူညီမှု အသင်း(ရန်ကုန်)သို့ ငွေလှူဒါန်းချိန်တွင် အသင်းမှ ဧည့်ကြိုတာဝန်ကျ လူမှုရေးသမားများတို့၏ လိုက်လံရှင်းပြခြင်းဖြင့် “သုခအလင်း” စာကြည့်တိုက်အတွင်း၌ ဗိုလ်ချုပ်အောင်ဆန်း ပန်းချီကားချပ်ကြီးအား တွေ့ရှိခဲ့ခြင်းကြောင့်ပင်ဖြစ်သည်။ လေးစားစရာ၊ ဂုဏ်ယူဖွယ် ကောင်းလေစွဟုပင် တွေးတောမိပါတော့သည်။ နံနက် […]

ယာဉ်​တိုက်​မှု ဖြစ်​ပွားရာ၌ ကယ်​ဆယ်​​ရေးလုပ်​ငန်​းများ အချိန်​နှင်​့ တ​ပြေးညီလုပ်​​ဆောင်​

၂၀၁၈ခုနှစ်​၊ ဇွန်​လ(၂၃)ရက်​​နေ့ နံနက်​ (ဝ၈း၄၀) အချိန်​ခန့်တွင်​ ​မြောက်​ဥက္ကလာပမြို့နယ်​၊ (က)ရပ်​ကွက်​၊ ​ဝေဘာဂီလမ်​းမ​ပေါ်တွင်​ YBS 64 ​မော်​​တော်​ယာဉ်​နှင်​့ Hi jet အမျိုးအစားမော်​​တော်​ယာဉ်​တို့ ယာဉ်​တိုက်​မှုဖြစ်​ပွားပြီး လူညပ်​​နေ​ကြောင်​း သတင်​းရရှိ၍ ​မြောက်​ဥက္ကလာပမြို့နယ်​ မီးသတ်​စခန်​းမှ ရှာ​ဖွေကယ်​ဆယ်​​ရေးယာဉ်​ (၁)စီးထွက်​ခွာ၍ ကယ်​ဆယ်​​ရေး လုပ်​ငန်​းများ ​ဆောင်​ရွက်​​ပေးလျက်​ရှိပြီး နာ​ရေးကူညီမှုအသင်​း(ရန်​ကုန်​)၊ သီးသန်​့မီးသတ်​တပ်​ဖွဲ့မှ ကယ်​ဆယ်​​ရေးလုပ်​ငန်​းများ ပူး​ပေါင်​းလုပ်​​ဆောင်​လျက်​ရှိပြီး အခင်​းဖြစ်​​နေရာမှ ဒဏ်​ရာရ လူနာ (၃)ဦးအား နာ​ရေးကူညီမှု အသင်​း(ရန်​ကုန်​)၊ သီးသန်​့မီးသတ်​တပ်​ဖွဲ့မှ လူနာတင်​ယာဉ်​ဖြင်​့ ​မြောက်​ဥက္ကလာပ​ဆေးရုံသို့ တင်​ပို့ ကုသ​ပေးခဲ့ပါသည်​။ မိဘပြည်သူများ အနေဖြင့် မီးလောင်မှုနှင့် သဘာဝဘေးအန္တရာယ်များ ကျရောက်သည့်အခါ အရေးပေါ် ဆက်သွယ်ရန်အတွက် နာရေးကူညီမှုအသင်း(ရန်ကုန်) #သီးသန့်မီးသတ်တပ်ဖွဲ့ ဖုန်း- 191, 01 706421 သို့ (၂၄)နာရီပါတ်လုံး ဆက်သွယ်အကူညီ […]