Insarage USAR Light Team Training တွင် First Aid Management ဘာသာရပ် သင်ကြားပို့ချပေး

၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ (၁၇)ရက်နေ့၊ (ဝ၇:၅၀)အချိန်တွင် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်ရှိ ကျန်စစ်သားခန်းမတွင် ဖွင့်လှစ်သော Insarage USAR Light Team Training သင်တန်းတွင် မီးသတ်တပ်ဖွဲ့ဝင်သင်တန်းသား(၄၀)ဦးအား နာရေးကူညီမှုအသင်း(ရန်ကုန်)၏ စေတနာ့ဝန်ထမ်း ဆရာဝန်များဖြစ်ကြသော ဒေါက်တာ အိအိထွေးမြင့်နှင့် ဒေါက်တာ ဇာဇာရွှေတို့မှ First Aid Management ဘာသာရပ်အား သင်ကြားပို့ချပေးခဲ့ပါသည်။ သတင်း/ဓာတ်ပုံ – ရဲသွင်ထွဋ် ffss

အစာအိမ်အူလမ်းကြောင်း အသည်းရောဂါ အထူးကုသမားတော် ဒေါက်တာသွင်မောင်အေး မှ ဦးဆောင်၍ သုခကုသိုလ်ဖြစ်ဆေးခန်း၊ Rotary Club of Central Yangon နှင့် Headway Myanmar Medical Co.,Ltd. မှ ကူညီထောက်ပံ့မည့် အစာအိမ်ရောဂါပိုး စရိတ်မျှပေး စမ်းသပ်မှုနှင့် ကုသမှုများ ပြုလုပ်ပေး

ယနေ့ နံနက်တွင် နာရေးကူညီမှုအသင်း(ရန်ကုန်) သုခကုသိုလ်ဖြစ်ဆေးခန်းတွင် အစာအိမ်အူလမ်းကြောင်း အသည်းရောဂါအထူးကုသမားတော် ဒေါက်တာသွင်မောင်အေး မှ ဦးဆောင်၍ Rotary Club of Central Yangon နှင့် Headway Myanmar Medical Co., Ltd. မှ ကူညီထောက်ပံ့ပေး၍ အစာအိမ်ရောဂါပိုး ရှိ/မရှိ အား စရိတ်မျှပေးကာ စမ်းသပ်မှုအား ပြုလုပ်ခဲ့ကြသည်။ အစာအိမ်ရောဂါလက္ခဏာများဖြစ်သည့် ဝမ်းဗိုက်နာ၊ ဗိုက်ကယ်၊မအီမသာ၊ အော့အန်ခြင်းတို့ကို မကြာခဏဆိုသလို (၆)လနှင့် အထက် ကြာမြှင့်စွာ ခံစားနေရသော လူနာများအား အစာအိမ်ရောဂါပိုး H.pylori ကူးစက်မှု လေမှုတ်စစ်ဆေးခြင်း(Urea Breath Test)ဖြင့် စမ်းသပ်ကုသပေးခဲ့ကြသည်။ ထိုသို့ လာရောက်စမ်းသပ်မှုခံယူခဲ့သော လူနာများ၏ စမ်းသပ်ခ ငွေကျပ်(၁၀,ဝ၀ဝ)အား Headway Myanmar Medical Co., Ltd. […]

သုခကုသိုလ်ဖြစ်ဆေးခန်း၏ (၅၅)ကြိမ်မြောက် နယ်လှည့်ဆေးဝါးကုသပေးမှု

ရန်ကုန် ဇွန်(၁၉)ရက်နေ့ နာရေးကူညီမှုအသင်း(ရန်ကုန်) သုခကုသိုလ်ဖြစ်ဆေးခန်း ၏ (၅၅)ကြိမ်မြောက် နယ်လှည့်ဆေးဝါးကုသပေးမှုကို ဧရာဝတီတိုင်းဒေသကြီး မအူပင်မြို့၊ မလက်တိုအုပ်စု ၊ လပွတ္တနောင်ကြီးကျေးရွာ ရှိ ဓမ္မရံသီသာသနာ့ဗိမာန်တွင် သုခကုသိုလ်ဖြစ်ဆေးခန်းမှ စေတနာ့လုပ်အားပေး ကျွမ်းကျင်ဆရာဝန်ကြီးများ နှင့် လုပ်အားပေး အသင်းသူ/သားများ ၊ဝန်ထမ်းများ သွားရောက်ခဲ့ကြသည်။ ဆေးကုသမှုခံယူရန်အတွက် လာရောက်ကြသူများထဲတွင် (၇)မိုင်ခန့် လမ်းလျှောက်၍ လာရောက်ဆေးကုသူများလည်းရှိခဲ့ပြီး လမ်းမလျှောက်နိုင်၍ အိပ်ယာထဲလှဲနေသော လူနာများကိုလည်း မေတ္တာပုံရိပ်ရှင် လူမှုကူညီရေးအသင်းမှ လူနာတင်ယာဉ်ဖြင့် သယ်ဆောင်လာ၍ ကုသမှု ခံယူကြသူများလည်း ရှိခဲ့သည်။ ဆရာဝန်ကြီးများအနေဖြင့် အထွေထွေရောဂါ၊ သွားရောဂါ၊ ဆီးချိုသွေးချိုရောဂါ နှင့် ECG စက်များဖြင့် ရောဂါရှာဖွေပေးခြင်းများကိုပါ ပြုလုပ်ပေးခဲ့ပြီးဆေးကုသမှုခံယူခဲ့ကြသည့် လူနာ (၅၈၂)ဦး တို့အား (၁)လစာ သောက်ဆေးများပေး၍ ဆေးကုသပေးလျှက်ရှိခဲ့သည်။ သို့ဖြစ်ပါ၍ နာရေးကူညီမှုအသင်း(ရန်ကုန်) သုခကုသိုလ်ဖြစ်ဆေးခန်း […]

အနာဂါတ်သားကောင်းများဖြစ်အောင် ပညာရေးမြှင့်တင်ပေးကြပါစို့

အသီးတစ်ရာ…အညှာတစ်ခု ခေါင်းလောင်းသံ တစ်ညံညံပေးလို့ …ရွာကျောင်းကို ပြေးမြင်မိရင်သတိရနေတယ် သူငယ်ချင်းရေ… ဆိုတဲ့ အဆိုတော်ကြီး တွံ့တေးသိန်းတန် သီဆိုခဲ့တဲ့ သီချင်းလေးထဲကလို ကျေးလက်စာသင်ကျောင်းလေးများရဲ့ ကျောင်းသားဘဝ လွမ်းမောဖွယ်၊ သာယာဖွယ်၊ ကြည်နူးဖွယ်ရာများနဲ့ အမိုးအကာလုံလောက်မှုမရှိတဲ့ ကြားက လူရည်ချွန် ပညာတတ်များ ထွက်ပေါ်လာအောင် မွေးထုတ်ပေးခဲ့တဲ့ စာသင်ကျောင်းလေးတွေကို ပြေးမြင်ယောင်မိပါသည် ။ တကယ်တော့ကျေးလက်စာသင်ကျောင်းတွေသည် မြို့ကြီးပြကြီးများကဲ့သို့ တောင့်တင်းခိုင်မာသော လုံခြုံအေးချမ်းသော အဆောက်အဦးများ မရှိခဲ့သော်လည်း နိုင်ငံ့ခေါင်းဆောင်ကောင်းများအား မွေးထုတ်ပေးနိုင်ခဲ့သည်မှာ ထိုကျေးလက်စာသင်ကျောင်းများမှပဲဖြစ်သည်။ ဒါ့ကြောင့် ယိုင်နဲ့ပျက်စီးလျှက်ရှိသော စာသင်ကျောင်းလေးများကို တတ်နိုင်သလောက် ဆောက်လုပ်လှူဒါန်းပေးသွားရမည် ဖြစ်ပါသည်… စာသင်ကျောင်း ဆောက်လုပ်လှူဒါန်းရခြင်း၏ အကျိုးသည် အင်မတန်မှ မွန်မြတ်လှသကဲ့သို့ အနာဂတ်တိုင်းပြည်အတွက် စွမ်းဆောင်ပေးနိုင်မည့် နိုင်ငံ့သားကောင်းရတနာများအား ပျိုးထောင်ပေးရာလည်းရောက်ပါသည်။ နာရေးကူညီမှုအသင်း(ရန်ကုန်)အနေဖြင့် (၂၀၁၃)ခုနှစ်တွင် ဧရာဝတီတိုင်း၊ပန်းတနော်မြို့နယ်၊ ကဿဝင်ကျေးရွာအုပ်စုတွင် အစိုးရစာသင်ကျောင်းအား ကူညီထောက်ပံ့ပေးမှု […]

သုခဆေးခန်း၏ ပီတိရိုက်ခတ်သံ

နာရေးကူညီမှု အသင်း(ရန်ကုန်)၏ သုခကုသိုလ်ဖြစ် ဆေးခန်းမှ ကုသိုလ်ဖြစ် ဆရာဝန်များ၊ ဝန်ထမ်းများ၊ အလုပ်အမှုဆောင်များ၊ အရေးပေါ် ရှေးဦးသူနာပြုအဖွဲ့၊ လုပ်အားပေး အသင်းသား/သူများတို့သည် နယ်လှည့် ဆေးကုသမှု အစီအစဉ်အဖြစ်၂ဝ၁၃ ခုနှစ်၊ မတ်လနှင့် ဧပြီလတို့တွင် ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ်၊ သောင်ကြီး ကျေးရွာသို့၄င်း၊ မေလတွင် အမှတ်(၁ဝ)နယ်မြေ၊ ပုသိမ်မြို့ရှိ ဒေသခံ “သစ္စာရောင်ခြည်” နာရေးကူညီမှုနှင့် ကျန်းမာရေး စောင့်ရှောက်မှု အသင်းတို့၏ ဖိတ်ကြားချက်ကြောင့်၄င်း၊ ယခု ဇွန်လ ကျုံပျော်မြို့နယ်၊ သောင်ကြီးကျေးရွာသို့ ဒေသခံ “သက်ကြီးရွယ်အို ကုသိုလ်ပြု ကျန်းမာရေး စောင့်ရှောက်မှုအသင်း”၏ တတိယအကြိမ် ဖိတ်ကြားချက်ကြောင့် ၃ဝ.၆.၂ဝ၁၃ ရက်နေ့တွင် သွားရောက်ခဲ့ကြတော့သည်။ သုခကုသိုလ်ဖြစ် ဆေးခန်း(ရန်ကုန်)သည် လစဉ်လတိုင်း လကုန်နောက်ဆုံးရက် တစ်ရက်သည် ပိတ်ရက်အဖြစ် သတ်မှတ်၍ ဆေးခန်းအား ပိုးသတ်သန့်စင်ခြင်း၊ […]

တစ်ရာစွမ်းအားနှင့် “သုခ” မွေးဖွားခြင်း

နာရေးကူညီမှု အသင်း(ရန်ကုန်)သည် အများပြည်သူတို့၏ နာရေး ကိစ္စများသာမက ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများကိုပါ ၂ဝဝ၇ ခုနှစ်မှစတင်၍ “သုခကုသိုလ်ဖြစ်ဆေးခန်း” ဟူ၍ ဖွင့်လှစ်ခဲ့ရာ ယခုအခါတွင် နေ့စဉ်လူနာပေါင်း (၂ဝဝ) ကျော်အား ကုသပေးနေရပြီ ဖြစ်လေသည်။ ထို့အပြင် ကျေးလက်မြို့နယ်များတွင်ရှိသောမိဘပြည်သူများ၏ ကျန်းမာရေးလုပ်ငန်းများ ပိုမိုစောင့်ရှောက်မှု ပေးနိုင်စေရန်အတွက် (၇) ရက်သားသမီးတို့၏ အလှူငွေများဖြင့် “သုခ” ကုသိုလ်ဖြစ်ဆေးခန်းခွဲများ တိုးချဲ့ဖွင့်လှစ်ခဲ့ပြီ ဖြစ်လေသည်။ ထို့အပြင် နယ်မြို့များတွင်ရှိသော ကိုယ်ထူကိုယ်ထ ဆေးခန်းငယ်လေးများအားလည်း လစဉ်ဆေးဝါးနှင့် ဆေးပစ္စည်းများ၊ ငွေကြေးများထောက်ပံ့ ပေးလျှက်ရှိရာ ကျေးလက်နေမြို့နေ ပြည်သူများ များစွာအဆင်ပြေလျှက် ရှိပါတော့သည်။ ထို့အပြင် ယခုအခါ တဆင့်တက်၍ အမှတ် – ပဂ(၉၂)၊ ဂုဏ်တော် (၁) လမ်း၊ ဂုဏ်တော်ရပ်ကွက်၊ ပဲနွယ်ကုန်းမြို့နယ်ရှိ “တစ်ရာစွမ်းအား (HUNDRED […]

မယ်တော်ဆေးခန်းဖွင့်လှစ်ပွဲသို့နာရေးကူညီမှုအသင်း(ရန်ကုန်)မှ တက်ရောက် အားပေး

၂၀၁၆ မေ(၂၈)ရက်နေ့ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ရှိ ဒေါက်တာ ဒေါ်စင်သီယာမောင်၏ မယ်တော်ဆေးခန်းဖွင့်လှစ်ပွဲနှင့် သတင်းစာရှင်းလင်းပွဲ အခမ်းအနားသို့ နာရေးကူညီမှုအသင်း(ရန်ကုန်)ဥက္ကဌ ဦးကျော်သူ၊ ဒု-ဥက္ကဌ ဆရာမဒေါ်သန်းမြင့်အောင်၊ အတွင်းရေးမှူး ဒေါ်ရွှေဇီးကွက် နှင့် အမှုဆောင်များ တက်ရောက်အားပေးခဲ့ကြပြီး ဥက္ကဌ ဦးကျော်သူမှ ဂုဏ်ယူဝမ်းမြောက်ကြောင်း အမှတ်တရစကားပြောကြားပေးခဲ့သည်။ သတင်း/ဓါတ်ပုံ – ပြန်ကြားရေးဌာန

ကျောက်ကပ်သန့်စင်ဆေးရုံမကြာမီဖွင့်လှစ်

၂၀၁၆ခုနှစ် မေ(၃)ရက်နေ့ နာရေးကူညီမှုအသင်း(ရန်ကုန်)သုခကုသိုလ်ဖြစ်ဆေးခန်း ကျောက်ကပ်သန့်စင်ဆေးရုံ အလှူရှင်များဖြစ်သောကွယ်လွန်သူ ဒေါ်နိုင်အင်း(ခ)ဒေါ်လှလှရီ မိသားစုတို့မှကျောက်ကပ်ကုသဆောင်အတွက် ပထမအကြိမ်အဖြစ်အလှူငွေ – ၂၀,ဝ၀ဝ,ဝ၀ဝိ/- (သိန်းနှစ်ရာကျပ်)၊ ဒုတိယအကြိမ်အလှူငွေ – ၂၀,ဝ၀ဝ,ဝ၀ဝိ/- (သိန်းနှစ်ရာကျပ်)လှူဒါန်းခဲ့ပြီး ယခုတတိယအကြိမ်အလှူငွေ – ၄၀,ဝ၀ဝ,ဝ၀ဝိ/- (သိန်းလေးရာကျပ်)အားလာရောက်လှူဒါန်းပြီး ကျောက်ကပ်ကုသဆောင်ပြီးစီးမှုအခြေအနေများအား လေ့လာကြည့်ရှုရာ နာရေးကူညီမှုအသင်း(ရန်ကုန်) အမှုဆောင်အဖွဲ့မှ လိုက်လံရှင်းလင်းပြသပေးခဲ့ပါသည်။နာရေးကူညီမှုအသင်း(ရန်ကုန်)မှ ဆေးကုသစရိတ်မတတ်နိုင်သော ကျောက်ကပ်ဝေဒနာရှင်များ ကျောက်ကပ်သန့်စင်နိုင်ရန်အတွက်ရည်ရွယ်၍ တည်ဆောက်ပေးခြင်းဖြစ်သည်။

ဟယ်လို … သုခဆေးခန်းကပါ

အများပြည်သူတို့၏ လိုအပ်ချက်၊ မျှော်လင့်ချက်သည် ကျွန်မတို့ နာရေး ကူညီမှုအသင်း(ရန်ကုန်) အသင်းကြီး၏ အဓိကထားဆောင်ရွက်ရမည့်အချက်ပင်ဖြစ်သည်။ ယခုဆိုလျှင် သုခကုသိုလ်ဖြစ်ဆေးခန်းသို့ ဖုန်းလေးတစ်ချက် ဆက်လိုက်ရုံဖြင့် ဆေးဝါးကုသနိုင်ရန်အတွက် တိုကင်နံပါတ်ရယူ နိုင်ပြီဖြစ်သည်။ တယ်လီဖုန်းဖြင့် တိုကင်ရယူဆောင်ရွက်ရန် အကြံပေးချက်အား သုခကုသိုလ်ဖြစ် ဆေးခန်း၌ လူနာများအား စေတနာဖြင့် အပါတ်စဉ်လာရောက်၍ ဆေးဝါးကုသပေးလျှက်ရှိသည့် Dr.သီတာ (မသီတာ-စမ်းချောင်း)မှ ဆေးခန်း (၆) နှစ်ပြည့် နှစ်ပတ်လည် အခမ်းအနားတွင် အကြံပြုဆွေးနွေးခဲ့သည်။ ယင်းဆွေးနွေးချက်အား ၂၈.၄.၂ဝ၁၃ ရက်နေ့ အလုပ်အမှုဆောင် အစည်းအဝေးတွင် အတည်ပြုဆုံးဖြတ်ချက်ဖြင့် ၇.၅.၂ဝ၁၃ ရက်နေ့မှစတင်၍ နံနက် (၉းဝဝ) နာရီမှ (၁၁းဝဝ) နာရီအတွင် တယ်လီဖုန်းနံပါတ် ဝ၉ – ၈၅ဝ၁၆၅၆ ၊ ဝ၉ -၈၆၄ဝ၂၂ဝ တို့အားဆက်သွယ်၍ တိုကင်ရယူပြီး ဆေးဝါးကုသနိုင်ပြီဖြစ်သည်။ […]