မရမ်းကုန်းမြို့နယ် ၊ (၁)ရပ်ကွက် တပင်ရွှေထီးအိမ်ယာမီးလောင်မှုအား နာကူ/သီးသန့်တပ်ဖွဲ့နှင့် K – Ambulance အရေးပေါ်အဖွဲ့သွားရောက်ကူညီ

ယနေ့ နေ့လည် (၂းဝ၇)အချိန်ခန့်တွင် မရမ်းကုန်းမြို့နယ် ၊ (၁)ရပ်ကွက် တပင်ရွှေထီးအိမ်ယာမီးလောင်မှုဖြစ်ပွားသဖြင့် Level -1 ယာဉ်အုပ်စုများထွက်ခွာငြှိမ်းသတ်လျှက်ရှိရာ နာရေးကူညီမှုအသင်း(ရန်ကုန်) သီးသန့်မီးသတ်တပ်ဖွဲ့မှ မီးငြှိမ်းသတ်ယာဉ် (၁)စီး၊

အရေးပေါ်လူနာတင်ယာဉ် (၁)စီးဖြင့် မီးလောင်ပြင်တွင် လိုအပ်သော ဆေးဝါးကူညီထောက်ပံ့မှုများ ပြုလုပ်ပေးနိုင်ရန်လည်း သွားရောက်ခဲ့ပြီး (၂း၂၀)နာရီ အချိန်ခန့်တွင်မီးငြိမ်းကြောင်း သိရှိရပါသည်။

မိဘပြည်သူများ အနေဖြင့် မီးလောင်မှုနှင့် သဘာဝဘေးအန္တရာယ်များ ကျရောက်သည့်အခါ အရေးပေါ် ဆက်သွယ်ရန်အတွက် နာရေးကူညီမှုအသင်း(ရန်ကုန်) #သီးသန့်မီးသတ်တပ်ဖွဲ့ ဖုန်း- 191, 01 706421 သို့ (၂၄)နာရီပါတ်လုံး ဆက်သွယ်အကူညီ တောင်းခံနိုင်ပါသည်။

သတင်း- ဖြိုးဖြိုး (FFSS)

ဓါတ်ပုံ – မြတ်မိုးအောင်(FFSS)

Leave a comment

Your email address will not be published. Required fields are marked *