ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်ရှိ ဗိုလ်ချုပ်အောင်ဆန်း ရုပ်ထုဖွင့်ပွဲ အခမ်းအနားအား နာရေးကူညီမှုအသင်း(ရန်ကုန်)မှ သွားရောက်ကူညီ

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်၊ ဘေလီတံတားအဆင်း၊ ပင်လုံလမ်းပေါ်ရှိ ပင်လုံရင်ပြင်တွင် ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်ထု ဖွင့်ပွဲ အခန်းအနားအား ယနေ့ ဖေဖဝါရီ (၁၃)ရက် နံနက်(၉းဝ၀)တွင်ကျင်းပြုလုပ်ခဲ့ပြီး နာရေးကူညီမှုအသင်း(ရန်ကုန်) သီးသန့်မီးသတ်တပ်ဖွဲ့နှင့် K-Ambulance အရေးပေါ်ဌာနတို့မှ ကျမ်းမာရေးစောင့်ရှောက်မှုများအား သွားရောက်ကူညီ ဆောင်ရွက်ပေးခဲ့ပါသည်။

အဆိုပါ ဖွင့်ပွဲအခမ်းအနားသို့ သီတဂူဆရာတော် ဒေါက်တာအရှင်ဉာဏိဿရ၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦဖြိုးမင်းသိန်းနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ တက်ရောက်ဖွင့်လှစ်ပေးခဲ့ကြကြောင်းသိရသည်။

သတင်း/ဓါတ်ပုံ – မြတ်မိုးအောင် (နာကူ/ရန်ကုန်)

Leave a comment

Your email address will not be published. Required fields are marked *