ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်၊ (၅၁)ရပ်ကွက်တွင် နေအိမ်များမီးလောင်မှုဖြစ်ပွားခဲ့သဖြင့် နာ/ကူ သီးသန့်မီးသတ်တပ်ဖွဲ့မှ သွားရောက်ကူညီ

ယနေ့နံနက် (၅း၅၅)အချိန်ခန့်တွင် ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်၊ (၅၁) ရပ်ကွက်၊ အောင်သစ္စာလမ်းရှိ နေအိမ်တစ်ချို့ မီးလောင်မှုဖြစ်ပွားသဖြင့် Level -2 ယာဉ်အုပ်စုများ ထွက်ခွာငြှိမ်းသတ်လျှက်ရှိရာ နာရေးကူညီမှုအသင်း(ရန်ကုန်) သီးသန့်မီးသတ်တပ်ဖွဲ့မှ မီးငြှိမ်းသတ်ယာဉ် (၁)စီး၊

မီးသတ်ရေသယ်ယာဉ် (၁)စီးတို့မှ ထွက်ခွာကူညီ ငြှိမ်းသတ်ခဲ့ပြီး အရေးပေါ်လူနာတင်ယာဉ် (၁)စီးဖြင့် မီးလောင်ပြင်တွင် လိုအပ်သော ဆေးဝါးကူညီထောက်ပံ့မှုများ ပြုလုပ်ပေးနိုင်ရန်လည်း သွားရောက်ခဲ့ပြီး (၆း၂၁)နာရီ အချိန်ခန့်တွင်မီးငြိမ်းကြောင်း သိရှိရပါသည်။ မိဘပြည်သူများ အနေဖြင့် မီးလောင်မှုနှင့် သဘာဝဘေးအန္တရာယ်များ ကျရောက်သည့်အခါ အရေးပေါ် ဆက်သွယ်ရန်အတွက် နာရေးကူညီမှုအသင်း(ရန်ကုန်) #သီးသန့်မီးသတ်တပ်ဖွဲ့ ဖုန်း- 191, 01 706421 သို့ (၂၄)နာရီပါတ်လုံး ဆက်သွယ်အကူညီ တောင်းခံနိုင်ပါသည်။

သတင်း- ဖြိုးဖြိုး(FFSS)

ဓါတ်ပုံ – မြတ်မိုးအောင် ၊ G-3

Leave a comment

Your email address will not be published. Required fields are marked *