နိဗ္ဗာန်ယာဉ်မောင်းနှင်၍ ကုသိုလ်ယူဖေးကူခဲ့သည့် သရုပ်ဆောင်ထွန်းကိုကို

နာရေးကူညီမှုအသင်း(ရန်ကုန်)၏ အသင်းသားတစ်ဦးဖြစ်သူ သရုပ်ဆောင်ထွန်းကိုကိုမှ အနုပညာလုပ်ငန်းများအားလပ်သော အချိန်တွင် စိတ်ရောကိုယ်ပါ (၇)ရက်သားသမီးများအတွက်ကူညီပေးဆပ်လျက်ရှိရာ ယနေ့တွင် မင်္ဂလာတောင်ညွန့်မြို့နယ်၊

စက်ဆန်းရပ်နေ ကွယ်လွန်သူ ဒေါ်မြဌေး အသက်(၆၀)နှစ်အား နေအိမ်မှ ရေဝေးသုဿာန်သို့ နိဗ္ဗာန်ယာဉ်မောင်းနှင်ကာ ပို့ဆောင်၍ ဖေးမကူညီပေးခဲ့သည်။

သတင်း – ပြန်ကြားရေးဌာန

ဓါတ်ပုံ – G-3 ၊ မျိုးကိုကို