နာရေးကူညီမူအသင်း (ရန်ကုန်) ဖြစ်ပေါ်လာပုံ

နာရေးကိစ္စပေါ်ပေါက်လာသဖြင့် အခက်အခဲကြုံတွေ့နေရသော ကျန်ရစ်သူ မိသားစုတို့၏ အပူမီးကို တတ်အားသမျှ ကူူညီငြိမ်းသတ်ပေးခဲ့ပါသည်။ သဒ္ဒါတရားထက်သန်သော စေတနာရှင်များ၏ လှူဒါန်းငွေများဖြင့် နာရေးပေါင်းများစွာကို အကူအညီပေးလိုက်ခြင်းကြောင့် ဗျဿနဘေးနှင့် ကြုံတွေ့နေကြရသော သောက၊ ပရိဒေဝ၊ ဒုက္ခ၊ေ ဒါမနဿမီးများ လောင်မြိုက်ခံစားနေရရှာသည့် နာရေးရှင်မိသားစုများမှာ အထိုက်အလျောက် စိတ်သက်သာမှု ရရှိသွားကြပါသည်။

ယခုအခါ နာရေးစရိတ်များ ပိုမိုကြီးမြင့်လာခြင်းကြောင့် နာရေးကူညီမှုတောင်းခံလာသူ ဦးရေ များပြားလာပါသည်။ အသင်း၏ စေတနာရှင်အမှုဆောင်များ၊ အသင်းသူအသင်းများ၊ ဝန်ထမ်းများသည် မည်သည့်အခက်အခဲ မည်သည့်အကြပ်အတည်းကြုံတွေ့ပါစေ ကြိုးစား၍ တာဝန်ယူဆောင်ရွက် ဖြေရှင်းပေးလျှက်ရှိပါသည်။

အယူသည်းမှုများကို တစ်ဆင့်ပြီးတစ်ဆင့် ပပျောက်အောင် ကြိုးစားရင်း…….အနိမ့်ကျဆုံးသော ကုသိုလ်အလုပ်မျိုးကို မြင့်မြတ်သော စိတ်ထားရှိသူတို့သာလျှင့် လုပ်ဆောင်နိုင်ကြသည် ဆိုသည့်ဆာင်ပုဒ်ကို လက်ကိုင်ပြုကာ အများအကျိုးအတွက် ကိုယ်ကျိုးစွန့်၍ တာဝန်ယူဆောင်ရွက်သွားကြမည် ဖြစ်ပါသည်။ တစ်ပါးသူ၏ ဒုက္ခကို မျှဝေခံစားကာ သူတို့၏ တာဝန်ကို ပေါ့ပါးအောင် စေတနာ၊ ဝါသနာ၊ အနစ်နာ၊ အကြင်နာ ဆိုသည့်နာလေးနာ ဖြင့်ဝိုင်းဝန်းလုပ်ဆောင်ပေးလျက်ရှိပါသည်။

နာရေးကူညီမှုလုပ်ငန်းများအတွက် ငွေကြေးတစ်စုံတစ်ရာ ပေးသွင်းရန်မလိုဘဲ အားလုံးအခမဲ့ ဆောင်ရွက်ပေးလျှက် ရှိပါသည်။

ဆင်းရဲချမ်းသာ လူမျိုးဘာသာမရွေး နာရေးကိစ္စများအကူအညီတောင်းခံလာပါလျှင်

  1. သက်ဆိုင်ရာ အအေးတိုက်သို့ အလောင်းကို ပို့ဆောင်ပေးခြင်း
  2. ကာယကံရှင် ဆန္ဒရှိသည့်နေ့တွင် မီးသဂြိုလ်ပေးခြင်း
  3. အအေးခန်းထားခ(၂)ရက်စာ တာဝန်ယူပေးခြင်း
  4. ကရဝိတ်ဖောင်၊ အလူမီနီယံခေါင်း၊ မှန်စီရွှေချခေါင်းများနှင့် မီးသဂြိုလ်ပြီးသည့်အထိ တာဝန်ယူဆောင်ရွက်ပေးခြင်း
သုခကုသိုလ်ဖြစ်ဆေးခန်း (ရန်ကုန်)

ဖြစ်ပေါ်လာပုံကို ဖတ်ရှုနိုင်ပါသည်။

သုခကုသိုလ်ဖြစ်ဆေးခန်း (ပြည်)

ဖြစ်ပေါ်လာပုံကို ဖတ်ရှုနိုင်ပါသည်။

သုခအလင်း (ပညာရေး)

ဖြစ်ပေါ်လာပုံကို ဖတ်ရှုနိုင်ပါသည်။