ဒဂုံတောင်မြို့နယ်အတွင်း မီးလောင်မှု ဖြစ်ပွားရာသို့ ထွက်ခွာငြှိမ်းသတ်

၂၀.၁၀.၂၀၁၉ ရက်နေ့၊ (၂၂ : ၄၀) အချိန်ခန့်၊ ရန်ကုန်တိုင်းဒေသကြီး၊တောင်ဒဂုံမြို့နယ်၊ (၂၀)ရပ်ကွက်၊ လှော်ကားလမ်းတွင် သစ်ဆိုင် မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် Level 2ယာဉ်အုပ်စုများ ထွက်ခွာငြှိမ်းသတ်လျက်ရှိပြီး နာရေးကူညီမှုအသင်း(ရန်ကုန်) သီးသန့်မီးသတ်တပ်ဖွဲ့မှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ မီးသတ်ရေသယ်ယာဉ် (၁)စီး၊ အထောက်အကူပြုယာဉ် (၁)စီးတို့မှ ထွက်ခွာကူညီ ငြှိမ်းသတ်ပေးခဲ့ပြီး အရေးပေါ်လူနာတင်ယာဉ် (၁)စီးမှ ကယ်ဆယ်ရေးနှင့် ဆေးဘက်ဆိုင်ရာ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ရန် ထွက်ခွာခဲ့ကာ (၂၃:၁၄)အချိန် မီးငြိမ်းပါသည်။ မိဘပြည်သူများ အနဖွေငျ့ မီးလောင်မှုနှင့် သဘာဝဘေးအန္တရာယ်များ ကြ‌‌ရောက်သည့်အခါ အရေးပေါ် ဆက်သှယျရန်အတွက် နာရေးကူညီမှုအသင်း(ရန်ကုန်) #သီးသန့်မီးသတ် တပ်ဖွဲ့ ဖုန်း- 191, 01 706421 သို့ (၂၄)နာရီပါတ်လုံး ဆက်သွယ်အကူညီ တောင်းခံနိုင်ပါသည်။ ဓာတ်ပုံ – ပြန်ကြားရေးဌာန FFSS

မွန်ပြည်နယ် ၊ရေးမြို့တွင် “လျှတ်တပြတ်” အရေးပေါ်ကယ်ဆယ်ရေးသင်တန်း ဖွင့်ပွဲကျင်းပ

နာရေးကူညီမှုအသင်း(ရန်ကုန်) K Ambulance အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့နှင့် ကျော်သူပရဟိတကွန်ရက် အဖွဲ့တို့ ပူးပေါင်း၍ မွန်ပြည်နယ် ၊ ရေးမြို့တွင်” လျှက်တပြတ် “အရေးပေါ်ကယ်ဆယ်ရေးအခြေခံသင်တန်းကိုယနေ့ နံနက်တွင် ဖွင့်လှစ်သင်ကြားပေးရာအဆိုပါသင်တန်း၏သင်တန်းဖွင့်ပွဲ အခမ်းအနားအား ရေးမြိုရှိ ထန်းခြောက်ပင်ကျောင်းတိုက်တွင်ကျင်းပပြုလုပ်ခဲ့ပာသည်။ အခမ်းအနားတွင် ထန်းခြောက်ပင်ကျောင်းတိုက်မှကျောင်းထိုင်ဆရာတော်နှင့် သင်တန်းဖြစ်မြောက်ရေးအဖွဲ့ဝင်များ ၊ သင်တန်းနည်းပြများနှင့်သင်တန်းသား/သူများ၊တက်ရောက်ခဲ့ကြပါသည်။ အထက်ပါအရေးပေါ်ကယ်ဆယ်ရေးသင်တန်းအား(၁၇.၁၀.၂၀၁၉)မှ (၂၁.၁၀.၂၀၁၉)ထိဖွင့်လှစ်သင်ကြားပေးမည်ဖြစ်ပြီး သင်တန်းသား/သူ (၈၀)ဦး တက်ရောက်ခဲ့ပါသည်။

K-Ambulance အရေးပေါ်ရှာဖွေကယ်ဆယ်ရေးအဖွဲ့ နှင့် သကျနွယ် လူမှုကူညီရေးအသင်း (ပဲခူး) တို့ ချိတ်ဆက်ကူညီဖေးမ

နာရေးကူညီမှုအသင်း(ရန်ကုန်)K-Ambulanceအရေးပေါ်ရှာဖွေကယ်ဆယ်ရေးအဖွဲ့မှပဲခူးတိုင်းဒေသကြီး သကျနွယ် လူမှုကူညီရေးအသင်းတို့ ပူးပေါင်းချိတ်ဆက်ကာပဲခူးမြို့နေ အသက်(၆၄)နှစ်အရွယ်ကျောက်တည်ဝေဒနာခံစားနေရသူ အမျိုးသားတစ်ဦးအား ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးပေါ်တွင် ချိတ်ဆက်ကာသယ်ဆောင်၍ လူနာအား ရန်ကုန်ဆေးရုံကြီးသို့ပို့ဆောင်ကူညီခဲ့ကြသည်။ နာရေးကူညီမှုအသင်း(ရန်ကုန်) K-Ambulance အရေးပေါ်လူနာတင်ယာဉ်ဌာနအနေဖြင့် ပြည်သူများ၏ အခက်အခဲများ၊ကျန်းမာရေးဝန်ဆောင်မှုများနှင့်အရေးပေါ်ကိစ္စများကို အချိန်နှင့်တပြေးညီ (၂၄)နာရီအဆင်သင့် (အခမဲ့)ကူညီဆောင်ရွက်ပေးလျက်ရှိရာ အကူအညီများတောင်းခံလိုပါကဖုန်း – 09 421119566, 09 31333273သို့ဆက်သွယ် အကူအညီတောင်းခံနိုင်ပါသည်။ သတင်း /ဓါတ်ပုံ -ပြန်ကြားရေးဌာန (F.F.S.S.)

မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး(၄၂)ကြိမ်မြောက် ရုပ်ရှင်သက်ကြီးပူဇော်ပွဲအခမ်းအနားတွင် K-AMBULANCE အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ ပါဝင်ကူညီ

၂၀၁၉ အောက်တိုဘာလ(၁၃) သီတင်းကျွတ်လပြည့်နေ့ယနေ့ နံနက်တွင် ရန်ကုန်မြို့ ၊နှင်းဆီကုန်းဘိုးဘွားရိပ်သာတွင်ကျပ်းပပြုလုပ်သော မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး(၉၉)ကြိမ်မြောက်ရုပ်ရှင်နေ့နှင့် (၄၂)ကြိမ်မြောက် ရုပ်ရှင်သက်ကြီးပူဇော်ပွဲ အခမ်းအနားတွင် နာရေးကူညီမှုအသင်း(ရန်ကုန်)K-AMBULANCE အရေးပေါ်ကယ်ဆယ်အဖွဲ့မှလိုက်ပါကူညီ၍ ကျန်းမာရေးစောင့်ရှောက်မှုများ ပြုလုပ်ပေးခဲ့ကြသည်။ ထိုပွဲတွင် အသက် (၇၇)နှစ်အရွယ်အဘိုးတစ်ဦးအား မင်္ဂလာဒုံမြို့နယ်၊အနုပညာဆည်းဆာရိပ်သို့ ပြန်လည်ပို့ဆောင်ပေး၍ ကုသိုလ်ယူခဲ့ကြသည်။ သတင်း/ဓာတ်ပုံ – ပြန်ကြားရေးဌာန

စာသင်ကျောင်းအခြေပြု မီးဘေးလုံခြုံရေး အသိပညာပေး ဟောပြောပွဲ

စာသင်ကျောင်းအခြေပြု မီးဘေးလုံခြုံရေး အသိပညာပေး ဟောပြောပွဲ၊ သဘာဝဘေးအန္တရာယ် အသိပညာပေး ဟောပြောပွဲ၊ ငလျင်ဇာတ်တိုက်လေ့ကျင့်သရုပ်ပြပွဲတွင် ပူးပေါင်း ကူညီဆောင်ရွက် ၂၃.၉.၂၀၁၉ ရက်နေ့၊ (ဝ၉း၃၀)အချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်၊(၂)ရပ်ကွက်ရှိ အထက(၄)တွင်မြောက်ဥက္ကလာပမြို့နယ်မီးသတ်စခန်းမှ စခန်းမှူးဦးဆောင်၍ တပ်ဖွဲ့ဝင်များသည်စာသင်ကျောင်းအခြေပြု မီးဘေးလုံခြုံရေး အသိပညာပေး ဟောပြောပွဲ၊ သဘာဝဘေးအန္တရာယ် အသိပညာပေးဟောပြောပွဲ၊ ငလျင်ဇာတ်တိုက် လေ့ကျင့်သရုပ်ပြပွဲတွင် ကျောင်းသား၊ ကျောင်းသူများအား ဟောပြောခြင်း၊လက်တွေ့သရုပ်ပြသခြင်းလုပ်ငန်းများအား ဇာတ်တိုက်လေ့ကျင့်ပေးခဲ့ကြပြီးနာရေးကူညီမှုအသင်း(ရန်ကုန်)သီးသန့်မီးသတ်တပ်ဖွဲ့မှ ပူးပေါင်းပါဝင် ကူညီဆောင်ရွက် ပေးခဲ့ပါသည်။မိဘပြည်သူများ အနေဖြင့် မီးလောင်မှုနှင့်သဘာဝဘေးအန္တရာယ်များ ကျရောက်သည့်အခါအရေးပေါ် ဆက်သွယ်ရန်အတွက် နာရေးကူညီမှုအသင်း(ရန်ကုန်) #သီးသန့်မီးသတ်တပ်ဖွဲ့ ဖုန်း- 191, 01 706421 သို့ (၂၄)နာရီပါတ်လုံး ဆက်သွယ်အကူညီ တောင်းခံနိုင်ပါသည်​။ ဓာတ်ပုံ – ပြန်ကြားရေးဌာန #FFSS

ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ (၄) ရပ်ကွက်၊ ဧကရာဇ်လမ်းတွင် နေအိမ် မီးလောင်မှု ဖြစ်ပွားရာသို့ ထွက်ခွာငြှိမ်းသတ်

၁၆.၉.၂၀၁၉ ရက်နေ့၊ (၂၁း၂၈) အချိန်ခန့်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ (၄)ရပ်ကွက်၊ ဧကရာဇ်လမ်းတွင် နေအိမ် မီးလောင်မှုမီးလောင်မှုဖြစ်ပွားေကြာင်းသတင်းရရှိသဖြင့် level-1 ယာဉ်အုပ်စုများထွက်ခွာလျက်ရှိပြီး နာ​ရေးကူညီမှုအသင်​း(ရန်​ကုန်​)၊သီးသန်​့မီးသတ်​တပ်​ဖွဲ့မှ မီးငြှိမ်​းသတ်​ယာဉ်​(၁)စီး၊မီးသတ်​​ရေသယ်​ယာဉ်​ (၁)စီးတို့မှထွက်​ခွာငြှိမ်​းသတ်​လျက်​ရှိပြီးအ​ရေး​ပေါ်လူနာတင်​ယာဉ်​(၁)စီးမှ ကယ်​ဆယ်​ရေးနှင်​့ကျန်​းမာ​ရေးဝန်​​ဆောင်​မှု လုပ်​ငန်​းများဆောင်​ရွက်​​ပေးနိုင်​ရန်ထွက်ခွာခဲ့ကာ (၂၁း၄၃)အချိန် မီးငြိမ်းပါသည်။ မိဘပြည်သူများ အနေဖြင့်မီးလောင်မှုနှင့် သဘာဝဘေးအန္တရာယ်များ ကျရောက်သည့်အခါအရေးပေါ် ဆက်သွယ်ရန်အတွက် နာရေးကူညီမှုအသင်း(ရန်ကုန်)#သီးသန့်မီးသတ်တပ်ဖွဲ့ ဖုန်း- 191, 01 706421 သို့ (၂၄)နာရီပါတ်လုံး ဆက်သွယ်အကူညီ တောင်းခံနိုင်ပါသည်​။ ဓာတ်ပုံ – မြတ်မိုးအောင်

ပဲခူးမြို့ပေါ်ရှိ ရေဘေးဒဏ်သင့် ကယ်ဆယ်ရေးစခန်းများသို့ (ဒုတိယအကြိမ်) သွားရောက်လှူဒါန်းပေးခဲ့

၁၅.၉.၂၀၁၉ ရက်နေ့၊ (ဝ၉းဝ၀) အချိန်တွင် ပဲခူးဆိုင်းဒေသကြီး၊ ပဲခူးမြို့ပေါ်ရှိ ရေဘေးဒဏ်သင့် ကယ်ဆယ်ရေးစခန်းများ ဖြစ်သော ၁။ ပဲခူးမြို့၊ ဇိုင်း/တောင်ရပ်၊ ချမ်းမြေ့ဇေယျာသာမဏေကျော်တက္ကသိုလ်ကျောင်းတိုက်၌ စာသင်သားသံဃာအပါးရေ (၃၅၅)ပါးစာအတွက်၄င်း၊ ၂။ ပဲခူးမြို့၊ ခြံကြီးပိုင်းရပ်၊ ရေဘေးကယ်ဆယ်ရေးစခန်း၌ အိမ်ထောင်စု (၁၁၄)စု၊ လူဦးရေ ကျား-၂၈၆၊ မ-၂၇၄၊ စုစုပေါင်း-၅၆၀ ဦးစာအတွက်၄င်း၊ ၃။ ပဲခူးမြို့၊ ကျွန်းသာယာရပ်၊ ဒက္ခိဏသာခါကျောင်းဝင်းရှိ ရေဘေးကယ်ဆယ်ရေးစခန်း၌ အိမ်ထောင်စု (၃၂၂)၊ လူဦးရေ ကျား-၅၄၀၊ မ-၄၃၈၊ စုစုပေါင်း-၉၇၈ ဦးစာအတွက်၄င်း၊ ၄။ ပဲခူးမြို့၊ မာဇင်းရပ်၊ အိုးလေးစု၊ မွရ်ကာနီယာ အစ္စလာမ် ဘာသာရေးကျောင်း၌ အိမ်ထောင်စု (၈၀)စု၊ လူဦးရေ ကျား-၁၄၉၊ မ-၁၀၁၊ စုစုပေါင်း-၂၅၀ ဦးစာအတွက်၄င်း၊ ဆက်လက်၍ ၅။ ပဲခူးမြို့၊ […]

(၇၁)နှစ်မြောက် အာဇာနည်နေ့အခမ်းအနားတွင် နာ/ကူ(ရန်ကုန်) အရေးပေါ်ကယ်ဆယ်ရေးဌာနနှင့်အတူ ပါဝင်ကူညီပေးခဲ့တဲ့ ရုပ်ရှင်သရုပ်ဆောင် ထွန်းကိုကို

၂၀၁၉၊ သြဂုတ်လ၊ (၂၁)ရက် မွန်ပြည်နယ် ၊ ရေးမြို့ရှိ သုဝဏ္ဏဘုံ၊ အနန်းဘုံ၊ သပြုချောင်း၊ ကျောက်သင်္ဘော၊ ရင်းရယ်၊ ဂနီး၊ ဖလန်းရွာ စသောကျေးရွာများ သို့ “အများပြည်သူအတွက် အများပြည်သူကောင်းမှု” အဖြစ် နာရေးကူညီမှုအသင်း(ရန်ကုန်) မှ ပရဟိတ အသင်းသားများနှင့် ဝန်ထမ်းများမှ သဘာဝဘေးဒဏ်သင့်ရာ နေရာများသို့ အဝတ်အထည်များ၊ စားသောက်ကုန်ပစ္စည်းများ ၊ ကျန်မာရေး ဌာနခွဲ ဆေးပေးခန်းများအတွက် ဆေးသေတ္တာ(Box)များကို သွားရောက်လှူဒါန်းခဲ့ကြသည်။ ထိုလမ်းပန်းဆက်သွယ်ရေး ခက်ခဲသော ကျေးရွားများရှိ စာသင်ကျောင်း(၁၂)ကျောင်းတွင် ပညာသင်ကြားနေသည့် ကျောင်းသား/ကျောင်းသူများအတွက် စာအုပ်၊ ခဲတံ၊ ပေတံ၊ ခဲဖျတ် စသော ကျောင်းသုံး စာရေးကရိယာများလဲ လှူဒါန်းပေးခဲ့ပါသည်။ သတင်း/ဓါတ်ပုံ – ပြန်ကြားရေးဌာန (FFSS)

အသည်းရောဂါ လူနာအား မြောက်ဥက္ကလာဆေးရုံသို့ ပို့ဆောင် ကူညီပေး

(၆.၉.၂၀၁၉) ည (၁၀းဝ၀)နာရီ အချိန်တွင် ရွှေပေါက်ကံ၊ (၁၇)ရပ်ကွက်၊ အင်းဝလမ်းမှ အမျိုးသား အသက်(၃၅)နှစ် အသည်းရောဂါ လူနာအား မြောက်က္ကလာပဆေးရုံသို့နာရေးကူညီမှုအသင်း(ရန်ကုန်) #K_Amublance အရေးပေါ်ကယ်ဆယ်ရေးဌာနညတာဝန်ကျ အဖွဲ့မှ အချိန်နှင့်တပြေးညီ (အခမဲ့) ပို့ဆောင်ကူညီပေးခဲ့ပါသည်။ နာရေးကူညီမှုအသင်း(ရန်ကုန်) K-Ambulance အရေးပေါ်လူနာတင်ယာဉ်ဌာနအနေဖြင့် ပြည်သူများ၏ အခက်အခဲများ၊ ကျန်းမာရေးဝန်ဆောင်မှုများနှင့်အရေးပေါ်ကိစ္စများကို အချိန်နှင့်တပြေးညီ (၂၄)နာရီအဆင်သင့် (အခမဲ့) ကူညီဆောင်ရွက်ပေးလျက်ရှိရာ အကူအညီများတောင်းခံလိုပါကဖုန်း – 09 421119566, 09 31333273သို့ဆက်သွယ် အကူအညီတောင်းခံနိုင်ပါသည်။ သတင်း /ဓါတ်ပုံ -ပြန်ကြားရေးဌာန (F.F.S.S.)

နာရေးကူညီမှုအသင်း(ရန်ကုန်)မှ မွန်​ပြည်​နယ်​၊ ​ရေးမြို့ရှိ ရေဘေးသင့်ပြည်သူများထံသို့ သွားရောက်လှူဒါန်း

နာ​ရေးကူညီမှုအသင်​း(ရန်​ကုန်​)မှ ကိုယ်​စားလှယ်​အဖွဲ့သည်​ ၁၆.၆.၂၁၀၈ ရက်​​နေ့၌ မိုးသည်​းထန်​စွာရွာသွန်​းမှု​ကြောင်​့ ​လူ​နေအိမ်​များ ​ရေနစ်​မြုပ်​မှုဖြစ်​ပွားခဲ့​သောမွန်​ပြည်​နယ်​၊ ​ရေးမြို့သို့ ​ရောက်​ရှိကာ ​ရေးမြို့၊ ရန်​မျိုး​အောင်​ရပ်​ကွက်​၊ ဗိုလ်​ချုပ်​လမ်​းရှိ အားကစားရုံတွင်​ ဖွင်​့လှစ်​ထား​သော ကယ်​ဆယ်​​ရေးစခန်​းရှိ ​ရေ​ဘေးသင်​့ပြည်သူများဖြစ်​သည်​့ အိမ်​​ခြေ(၂၂၁)၊ လူဦး​ရေ ကျား-၄၆၁၊ မ-၄၅၈၊ စုစု​ပေါင်​း-၉၁၉ဦးအတွက်​ ဆန်​အိတ်​(၂၄)ပြည်​ဝင်​ (၃၀)အိတ်​၊ ​ဆေးစိမ်​ခြင်​​ထောင်​(ကြီး) (၂၀၅)လုံး၊ ဓာတ်​ဆားထုတ်​ (၅၀)ပါကင်​၊ ဖိနပ်​အရံ (၁၂၀)ရံ၊ ​ရေသန်​့ကဒ်​ (၃၆)ကဒ်​၊ စုစု​ပေါင်​းတန်​ဖိုး (၅၀ဝ၀ဝ၀ဝ) သိန်​းငါးဆယ်​ကျပ်​ တန်​ဖိုးရှိ ပစ္စည်​းများအား ​ရေ​ဘေးသင်​့ပြည်​သူများထံသို့ ကိုယ်​တိုင်​ကိုယ်​ကျ ​ပေးအပ်​လှူဒါန်​းခဲ့ပါသည်​။ ၂၀၁၈ ဇွန်လ(၁၈)ထပ်မံလှူဒါန်းလိုသောအလှူရှင်များအနေဖြင့် ဝ၉-၄၂၁၀၁၁၉၁၅ သို့ဆက်သွယ်ပြီး Account name -FREE FUNERAL SERVICE SOCIETY (YGN) Bank Account No – 208 […]