အစားထိုးမရနိုင်တဲ့ ကြယ်တစ်ပွင့်ကြွေလွင့်သွားခဲ့တဲ့ နာရေးကူညီမှုအသင်း(ရန်ကုန်)၏ ဂုဏ်ထူးဆောင် ရာသက်ပန်အသင်းသား၊ ပရဟိတ ငြိမ်းချမ်းရေးဂီတသူရဲကောင်း ဦးရဲလွင် (မဇ္ဈိမလှိုင်း)၏ နောက်ဆုံးခရီး

၂၀၁၈ ဇူလိုင် (၁၄) ယနေ့တွင် နာရေးကူညီမှုအသင်း(ရန်ကုန်)၏ ဂုဏ်ထူးဆောင် ရာသက်ပန်အသင်းသား၊ ပရဟိတ ငြိမ်းချမ်းရေးဂီတသူရဲကောင်း ဦးရဲလွင် (မဇ္ဈိမလှိုင်း) အသက်(၇၁)နှစ်၏ နောက်ဆုံးခရီးသို့ နာရေးကူညီမှုအသင်း(ရန်ကုန်)မှ ဦးဆောင်ဒါရိုက်တာအဖွဲ့ဝင် ဥက္ကဋ္ဌ ဦးကျော်သူ ၊ ဒု-ဥက္ကဋ္ဌ ဆရာမဒေါ်သန်းမြင့်အောင် ၊ အတွင်းရေးမှူး ဒေါ်ရွှေဇီးကွက် နှင့် အသင်းသူ/သားများက လိုက်ပါပို့ဆောင်၍ ကူညီခဲ့ကြသည်။ ဦးရဲလွင်သည် (၁၉၄၇)ခုနှစ် ဒီဇင်ဘာလတွင် ပေါင်းတည်မြို့တွင် မွေးဖွားခဲ့ပြီး မောင်နှမဆယ်ယောက်ရှိကာ ငယ်စဉ်ကတည်းကပင် ဂီတဝါသနာ အခြေခံရှိခဲ့သူဖြစ်သည်။ (၁၉၆၈)ခုနှစ်တွင် ရန်ကုန်စက်မှုတက္ကသိုလ်သို့ ရောက်ရှိခဲ့ပြီးနောက် တတိယနှစ်အထိသာ တက်ရောက်ခဲ့သည်။ (၁၉၇၄)ခုနှစ်တွင် E-machine တီးဝိုင်းအဖွဲ့တွင် Bass ဂီတာသမားအဖြစ် ပါဝင်ခဲ့ပြီး (၁၉၈၂)ဒီဇင်ဘာတွင် မဇ္ဈိမလှိုင်း တေးဂီတအဖွဲ့ကို တေးသံရှင် ခင်မောင်တိုး ၊ တေးရေးကိုနေဝင်း၊ ကိုမောင်မောင် […]

(၄/၂၀၁၈) နာရေးကူညီမှုအသင်း(ရန်ကုန်) ပန်းအလှပြင်သင်တန်း ဖွင့်လှစ်သင်ကြား

နာရေးကူညီမှုအသင်း(ရန်ကုန်) သုခအလင်းပညာဒါနကျောင်းမှ ကိုယ်ပိုင်လုပ်ငန်းတည်ထောင်နိုင်မည့် ပန်းအလှပြင်သင်တန်းအား ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ ယနေ့ ဇွန်(၂၄ရက်) နံနက်(၉းဝ၀)နာရီမှ စတင်၍ ပထမနေ့အဖြစ် သင်တန်းသား/သူ(၁၈)ဦးအား ပန်းအလှထိုးပညာရှင် ဦးဇော်မြင့် မှ ပန်းခြင်းပြုလုပ်နည်း၊ အလှဆွဲပန်းပြုလုပ်နည်း၊ ပန်းအလှထိုးနည်း အစရှိသောပညာရပ်များကို သင်တန်းသားကို လက်တွေ့သင်ကြားပေးခဲ့ပြီး သင်တန်းပြီးဆုံးခဲ့သည်။ အဆိုပါ ပန်းအလှပြင်သင်တန်းသည် သင်တန်းကာလ(၂)ရက်ကြာမြင့်မည်ဖြစ်၍ နံနက်(၉းဝ၀)နာရီမှ ညနေ(၅းဝ၀)နာရီထိ သင်ကြားပေးမည်ဖြစ်ပြီး သင်တန်းသား(၁)ဦးလျှင် သင်ထောက်ကူပစ္စည်းကိရိယာ နှင့်ပန်းဖိုး (၂၀ဝ၀ဝ)ကုန်ကျမည်ဖြစ်ပါသည်။ ၂၀၁၈ ဇွန်လ (၂၄) သတင်း/ဓါတ်ပုံ – ပြန်ကြားရေးဌာန #FFSS

သုခကုသိုလ်ဖြစ်ဆေးခန်း၏ (၅၅)ကြိမ်မြောက် နယ်လှည့်ဆေးဝါးကုသပေးမှု

ရန်ကုန် ဇွန်(၁၉)ရက်နေ့ နာရေးကူညီမှုအသင်း(ရန်ကုန်) သုခကုသိုလ်ဖြစ်ဆေးခန်း ၏ (၅၅)ကြိမ်မြောက် နယ်လှည့်ဆေးဝါးကုသပေးမှုကို ဧရာဝတီတိုင်းဒေသကြီး မအူပင်မြို့၊ မလက်တိုအုပ်စု ၊ လပွတ္တနောင်ကြီးကျေးရွာ ရှိ ဓမ္မရံသီသာသနာ့ဗိမာန်တွင် သုခကုသိုလ်ဖြစ်ဆေးခန်းမှ စေတနာ့လုပ်အားပေး ကျွမ်းကျင်ဆရာဝန်ကြီးများ နှင့် လုပ်အားပေး အသင်းသူ/သားများ ၊ဝန်ထမ်းများ သွားရောက်ခဲ့ကြသည်။ ဆေးကုသမှုခံယူရန်အတွက် လာရောက်ကြသူများထဲတွင် (၇)မိုင်ခန့် လမ်းလျှောက်၍ လာရောက်ဆေးကုသူများလည်းရှိခဲ့ပြီး လမ်းမလျှောက်နိုင်၍ အိပ်ယာထဲလှဲနေသော လူနာများကိုလည်း မေတ္တာပုံရိပ်ရှင် လူမှုကူညီရေးအသင်းမှ လူနာတင်ယာဉ်ဖြင့် သယ်ဆောင်လာ၍ ကုသမှု ခံယူကြသူများလည်း ရှိခဲ့သည်။ ဆရာဝန်ကြီးများအနေဖြင့် အထွေထွေရောဂါ၊ သွားရောဂါ၊ ဆီးချိုသွေးချိုရောဂါ နှင့် ECG စက်များဖြင့် ရောဂါရှာဖွေပေးခြင်းများကိုပါ ပြုလုပ်ပေးခဲ့ပြီးဆေးကုသမှုခံယူခဲ့ကြသည့် လူနာ (၅၈၂)ဦး တို့အား (၁)လစာ သောက်ဆေးများပေး၍ ဆေးကုသပေးလျှက်ရှိခဲ့သည်။ သို့ဖြစ်ပါ၍ နာရေးကူညီမှုအသင်း(ရန်ကုန်) သုခကုသိုလ်ဖြစ်ဆေးခန်း […]

နာရေးကူညီမှုအသင်း(ရန်ကုန်)မှ မွန်​ပြည်​နယ်​၊ ​ရေးမြို့ရှိ ရေဘေးသင့်ပြည်သူများထံသို့ သွားရောက်လှူဒါန်း

နာ​ရေးကူညီမှုအသင်​း(ရန်​ကုန်​)မှ ကိုယ်​စားလှယ်​အဖွဲ့သည်​ ၁၆.၆.၂၁၀၈ ရက်​​နေ့၌ မိုးသည်​းထန်​စွာရွာသွန်​းမှု​ကြောင်​့ ​လူ​နေအိမ်​များ ​ရေနစ်​မြုပ်​မှုဖြစ်​ပွားခဲ့​သောမွန်​ပြည်​နယ်​၊ ​ရေးမြို့သို့ ​ရောက်​ရှိကာ ​ရေးမြို့၊ ရန်​မျိုး​အောင်​ရပ်​ကွက်​၊ ဗိုလ်​ချုပ်​လမ်​းရှိ အားကစားရုံတွင်​ ဖွင်​့လှစ်​ထား​သော ကယ်​ဆယ်​​ရေးစခန်​းရှိ ​ရေ​ဘေးသင်​့ပြည်သူများဖြစ်​သည်​့ အိမ်​​ခြေ(၂၂၁)၊ လူဦး​ရေ ကျား-၄၆၁၊ မ-၄၅၈၊ စုစု​ပေါင်​း-၉၁၉ဦးအတွက်​ ဆန်​အိတ်​(၂၄)ပြည်​ဝင်​ (၃၀)အိတ်​၊ ​ဆေးစိမ်​ခြင်​​ထောင်​(ကြီး) (၂၀၅)လုံး၊ ဓာတ်​ဆားထုတ်​ (၅၀)ပါကင်​၊ ဖိနပ်​အရံ (၁၂၀)ရံ၊ ​ရေသန်​့ကဒ်​ (၃၆)ကဒ်​၊ စုစု​ပေါင်​းတန်​ဖိုး (၅၀ဝ၀ဝ၀ဝ) သိန်​းငါးဆယ်​ကျပ်​ တန်​ဖိုးရှိ ပစ္စည်​းများအား ​ရေ​ဘေးသင်​့ပြည်​သူများထံသို့ ကိုယ်​တိုင်​ကိုယ်​ကျ ​ပေးအပ်​လှူဒါန်​းခဲ့ပါသည်​။ ၂၀၁၈ ဇွန်လ(၁၈)ထပ်မံလှူဒါန်းလိုသောအလှူရှင်များအနေဖြင့် ဝ၉-၄၂၁၀၁၁၉၁၅ သို့ဆက်သွယ်ပြီး Account name -FREE FUNERAL SERVICE SOCIETY (YGN) Bank Account No – 208 […]

ရုပ်ရှင်နှင့် ဗီဒီယို ဇာတ်ညွှန်းရေးဆရာ မောင်လွင်(မြင်းမူ)၏ ဈာပနအခမ်းအနား

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်နေ မောင်လွင်(မြင်းမူ) အသက်(၆၄)နှစ်သည် (၁.၅.၂၀၁၈)ရက်နေ့ (ဝ၀း၁၀)နာရီအချိန်တွင် စံပြဆေးရုံကြီး၌ ကွယ်လွန်သွားခဲ့ရာ နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ ဆက်သွယ်အကူညီတောင်းခံ လာပါသဖြင့် အသင်းမှ နိဗ္ဗာန်ယာဉ်ဖြင့် သွားရောက်၍ ကျန်ရှိသောရုပ်အလောင်းအား ရေဝေးသုဿာန်အအေးခန်းသို့ (အခမဲ့) ပို့ဆောင်ပေးခဲ့ကြသည်။ ကွယ်လွန်သူ မောင်လွင်(မြင်းမူ) အသက်(၆၄)နှစ်၏ ဈာပန အခမ်းအနားအား ယနေ့ နေ့လည်း(၁၁းဝ၀)နာရီအချိန်တွင် ရေဝေးသုဿာန်၊ ခန်းမ(၁/ခ)တွင် ကျင်းပခဲ့ရာ အဆိုပါဈာပန အခမ်းအနားသို့ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှ တာဝန်ရှိသူများနှင့် အနုပညာရှင်ညီအစ်ကိုမောင်နှမများတက်ရောက်ခဲ့ကြပြီး၊ နာ/ကူ(ရန်ကုန်)အသင်းသူ/သားများမှ မောင်လွင်(မြင်းမူ) အသက်(၆၄)နှစ်၏ နောက်ဆုံးခရီး လိုက်ပါပို့ဆောင် ကူညီဖေးမခဲ့ကြသည်။ ၂၀၁၈၊ မေလ၊ (၃)ရက် သတင်း/ဓါတ်ပုံ – ပြန်ကြားရေးဌာန(FFSS)

မီးသတ်တပ်ဖွဲ့များနှင့်အတူ ပူးပေါင်းပါဝင်၍ မီးငြှိမ်းသတ်ခဲ့သော ရုပ်ရှင်သရုပ်ဆောင် “ထူးအောင် “

ရန်ကုန်တိုင်းဒေသကြီး ၊လှိုင်သာယာမြို့နယ် ၊ ထိန်ပင်သုဿာန်အနီးရှိ အမှိုက်ပုံသည် (၉)ရက်မြောက်နေ့ မီးလောင်းမှုအား နာရေးကူညီမှုအသင်း(ရန်ကုန်)၏ စေတနာ့ဝန်ထမ်း လုပ်အားပေး အသင်းသား၊ ရုပ်ရှင်သရုပ်ဆောင်” ထူးအောင်” မှလည်း ပါဝင်၍ မီးငြှိမ်းသတ်ခဲ့ကြသည်။ ၂၀၁၈ ဧပြီ (၂၉) သတင်း/ဓါတ်ပုံ – G-3

မီးသတ်တပ်ဖွဲ့များနှင့်အတူ ပူးပေါင်းပါဝင်၍ မီးငြှိမ်းသတ်ခဲ့သော ရုပ်ရှင်သရုပ်ဆောင် ” ဒေါင်း “

ရန်ကုန်တိုင်းဒေသကြီး ၊လှိုင်သာယာမြို့နယ် ၊ ထိန်ပင်သုဿာန်အနီးရှိ အမှိုက်ပုံသည် (၈)ရက်မြောက်နေ့ မီးလောင်းမှုအား နာရေးကူညီမှုအသင်း(ရန်ကုန်)၏ စေတနာ့ဝန်ထမ်း လုပ်အားပေး အသင်းသား၊ ရုပ်ရှင်သရုပ်ဆောင်” ဒေါင်း” မှလည်း ပါဝင်၍ မီးငြှိမ်းသတ်ခဲ့ကြသည်။ ၂၀၁၈ ဧပြီ (၂၈) သတင်း – မြတ်မိုးအောင်(F.F.S.S.)

ယနေ့ နာ/ကူ(ရန်ကုန်) အသင်းကြီးတွင် တစ်နေ့တာလုပ်အားပေး ကုသိုလ်ယူကြသော သရုပ်ဆောင် မေမြင့်မိုရ် နဲ့မောင်ဖြစ်သူ သျှင်းမြတ်

နာရေးကူညီမှုအသင်း(ရန်ကုန်)သည် အများပြည်သူတို့အတွက် ကူညီဖေးမဆောင်ရွက်လျှက်ရှိရာ ယနေ့ တွင် သရုပ်ဆောင် မေမြင့်မိုရ် နဲ့မောင်ဖြစ်သူ သျှင်းမြတ် တို့သည် အသင်းသို့ တစ်နေ့တာလုပ်အားပေး လာရောက်ကုသိုလ်ယူရာ ကွယ်လွန်သူ ဦးစံထွန်းနိုင် အသက်(၄၂)နှစ် နှင့် ကွယ်လွန်သူ ဒေါ်ခင်သန်းမြင့် အသက(၈၀)နှစ်တို့အား နာရေးလမ်းကြောင်း ကိုယ်တိုင်နိဗ္ဗာန်ယာဉ် မောင်းနှင်း၍ ရေဝေးသုဿာန်သို့ ပို့ဆောင်ပေးခဲ့ကြပါသည်။ ၂၀၁၈၊ ဧပြီ၊ ၂၃ရက် သတင်း/ဓာတ်ပုံ – မြတ်မိုးအောင်(FFSS)

လှိုင်​သာယာမြို့နယ်​၊ ထိန်​ပင်​သုဿန်​အနီးရှိ အမှိုက်​ပုံ မီး​လောင်​မှုအား ထွက်​ခွာငြှိမ်​းသတ်​လျက်​ရှိ

ရန်​ကုန်​တိုင်​း​ဒေသကြီး၊ လှိုင်​သာယာမြို့နယ်​၊ ထိန်​ပင်​သုဿန်​အနီးရှိ အမှိုက်​ပုံမီး​လောင်​မှုအား နာ​ရေးကူညီမှုအသင်​း(ရန်​ကုန်​) သီးသန်​့မီးသတ်​တပ်​ဖွဲ့မှအကူယာဉ်​ တစ်​စီး ထွက်​ခွာငြှိမ်​းသတ်​လျက်ရှိပြီး #K_Ambulance အရေးပေါ်ကယ်ဆယ်ရေး ဌာနမှ လူနာတင်ယာဉ်တစ်စီးဖြင့် ကျမ်းမာရေးကူညီစောင့်ရှောက်မှုများ ပေးလျှက်ရှိပါသည်​။ မိဘပြည်သူများ အနေဖြင့် မီးလောင်မှုနှင့် သဘာဝဘေးအန္တရာယ်များ ကျရောက်သည့်အခါ အရေးပေါ် ဆက်သွယ်ရန်အတွက် နာရေးကူညီမှုအသင်း(ရန်ကုန်) #သီးသန့်မီးသတ်တပ်ဖွဲ့ ဖုန်း- 191, 01 706421 သို့ (၂၄)နာရီပါတ်လုံး ဆက်သွယ်အကူညီ တောင်းခံနိုင်ပါသည်​။ ၂၀၁၈၊ ဧပြီ၊ ၂၃ရက် သတင်း – ရဲသွင်ထွဋ္ဋ် ဓာတ်ပုံ – G3 ၊ သက်နိုင်(Studio K)

မှော်ဘီမြို့နယ်၊ မချစ်စုအထည်ချုပ်စက်ရုံ မီးလောင်မှုအား အချိန်နှင့် တစ်ပြေးညီ ထွက်ခွါငြှိမ်းသတ်

၂၀၁၈၊ မတ်လ(၁၀)ရက်နေ့ ည(၉း၃၆)အချိန်ခန့်တွင် ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ မချစ်စုအထည်ချုပ်စက်ရုံ မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် Level-3 ယာဉ်အုပ်စုများ ထွက်ခွာငြှိမ်းသတ်လျက်ရှိရာ နာရေးကူညီမှုအသင်း (ရန်ကုန်) သီးသန့်မီးသတ်တပ်ဖွဲ့မှ မီးသတ်ယာဉ်(၁)စီး၊ မီးသတ်ရေသယ်ယာဉ်(၁)စီးတို့မှ ထွက်ခွာငြှိမ်းသတ်လျက်ရှိပြီး အရေးပေါ်လူနာတင်ယာဉ်(၁)စီးမှ မီးလောင်ပြင်တွင် မီးငြှိမ်းသတ်လျက်ရှိသော တပ်ဖွဲ့ဝင်များအား ဆေးဘက်ဆိုင်ရာ ကူညီထောက်ပံ့မှုများ ပြုလုပ်ကူညီ ဆောင်ရွက်ပေးခဲ့ပြီး ည(၁၀း၄၅)အချိန် မီးငြိမ်းပါသည်။ မိဘပြည်သူများ အနေဖြင့် မီးလောင်မှုနှင့် သဘာဝဘေးအန္တရာယ်များ ကျရောက်သည့်အခါ အရေးပေါ် ဆက်သွယ်ရန်အတွက် နာရေးကူညီမှုအသင်း(ရန်ကုန်) #သီးသန့်မီးသတ်တပ်ဖွဲ့ ဖုန်း- 191, 01 706421 သို့ (၂၄)နာရီပါတ်လုံး ဆက်သွယ်အကူညီ တောင်းခံနိုင်ပါသည်။ သတင်း/ဓါတ်ပုံ – မြတ်မိုးအောင် (FFSS)