ဟယ်လို … သုခဆေးခန်းကပါ

အများပြည်သူတို့၏ လိုအပ်ချက်၊ မျှော်လင့်ချက်သည် ကျွန်မတို့ နာရေး ကူညီမှုအသင်း(ရန်ကုန်) အသင်းကြီး၏ အဓိကထားဆောင်ရွက်ရမည့်အချက်ပင်ဖြစ်သည်။ ယခုဆိုလျှင် သုခကုသိုလ်ဖြစ်ဆေးခန်းသို့ ဖုန်းလေးတစ်ချက် ဆက်လိုက်ရုံဖြင့် ဆေးဝါးကုသနိုင်ရန်အတွက် တိုကင်နံပါတ်ရယူ နိုင်ပြီဖြစ်သည်။ တယ်လီဖုန်းဖြင့် တိုကင်ရယူဆောင်ရွက်ရန် အကြံပေးချက်အား သုခကုသိုလ်ဖြစ် ဆေးခန်း၌ လူနာများအား စေတနာဖြင့် အပါတ်စဉ်လာရောက်၍ ဆေးဝါးကုသပေးလျှက်ရှိသည့် Dr.သီတာ (မသီတာ-စမ်းချောင်း)မှ ဆေးခန်း (၆) နှစ်ပြည့် နှစ်ပတ်လည် အခမ်းအနားတွင် အကြံပြုဆွေးနွေးခဲ့သည်။ ယင်းဆွေးနွေးချက်အား ၂၈.၄.၂ဝ၁၃ ရက်နေ့ အလုပ်အမှုဆောင် အစည်းအဝေးတွင် အတည်ပြုဆုံးဖြတ်ချက်ဖြင့် ၇.၅.၂ဝ၁၃ ရက်နေ့မှစတင်၍ နံနက် (၉းဝဝ) နာရီမှ (၁၁းဝဝ) နာရီအတွင် တယ်လီဖုန်းနံပါတ် ဝ၉ – ၈၅ဝ၁၆၅၆ ၊ ဝ၉ -၈၆၄ဝ၂၂ဝ တို့အားဆက်သွယ်၍ တိုကင်ရယူပြီး ဆေးဝါးကုသနိုင်ပြီဖြစ်သည်။ […]

မီးဘေးအန္တရာယ်မှ ကင်းဝေးစေအံ့

ငယ်စဉ်အခါက မြန်မာ့ရုပ်မြင်သံကြားတွင် “ရန်သူမျိုးငါးပါးထဲမှာ အင်မတန်ဆိုးဝါးလှတာ မညှာတာ ဘယ်သူ့မှမထောက်ပါ သူခိုး၊ ဓါးပြထက် ဆိုးတဲ့ရန်သူဟာ … ဤဇဗ္မူတစ်ခွင်မှာ ရန်သူမီးကို ရှောင်ရှား သတိပြုပါ” ဟူသော သီချင်းစာသားလေးအား မိဘပြည်သူများ သတိရကြဦးမည်ထင်ပါသည်။ အချို့သော အညာဒေသတို့၏ ရွာအဝင်တံခါး ဆိုင်းဘုတ်လေးတွင်လည်း မီးဘေးအန္တရာယ်မှ ကင်းဝေးစေအံ့ဟူသော မီးသတိပေး ဆိုင်းဘုတ်ကလေးများ ချိတ်ဆွဲထားသည်ကို တွေ့မြင်ခဲ့ရဖူးပါသည်။ မှန်ပါသည်။ ယခုပူပြင်းလှသော နွေရာသီအချိန်ကာလတွင် မြန်မာနိုင်ငံအဝှမ်း နေရာဒေသ အသီးသီးတို့တွင် မီးလောင်ဆုံးရှုံးမှု သတင်းများ ရေဒီယို၊ ရုပ်မြင်သံကြားနှင့် ပုံနှိပ်မီဒီယာများ၊ အွန်လိုင်းမီဒီယာများတို့တွင် ခပ်စိပ်စိပ်ကလေး တွေ့မြင်ကြားသိရသည်မှာ စိတ်မချမ်းမြေ့စရာ။ မြန်မာနိုင်ငံတွင် နှစ်စဉ်မီးလောင်မှုကြောင့် မိဘပြည်သူတို့၏ အသက်အိုးအိမ် စည်းစိမ်နှင့် ငွေကျပ်သန်းပေါင်းများစွာ ဆုံးရှုံးခဲ့ရပြီဖြစ်သည်။ ထို့ကြောင့် မိဘပြည်သူများ အနေဖြင့် မီးဘေးအန္တရာယ်များ ကင်းဝေးစေရန် […]

ငြိမ်းချမ်းရေး ဖခင်ကြီးမွေးနေ့၏ ဗြဟ္မစိုရ်ခြေလှမ်း

ယနေ့ ၂၃.၃.၂ဝ၁၃ ရက်နေ့သည် ငြိမ်းချမ်းရေးဖခင်ကြီး သခင်ကိုယ်တော်မှိုင်း၏ အသက် (၁၂၇) နှစ်ပြည့် မွေးနေ့ မင်္ဂလာ နေ့ထူးနေ့မြတ်ဖြစ် သည်။ ယင်းနေ့ ည (၈းဝဝ) နာရီအချိန်၌ မင်္ဂလာဒုံမြို့နယ်၊ ပျဉ်းမပင်ကျေးရွာအုပ်စု၊ ဘိုခြံကျေးရွာအုပ်စု ရေအားလျှပ်စစ်ဘောလုံးကွင်း အတွင်း တွင် ကျင်းပပြု လုပ်သည့် အလင်းသစ်လူငယ်များ၏ပထမအကြိမ် စာပေဟောပြောပွဲအား ဆရာညီမင်းညို၊ ဆရာမ စမ်းစမ်းနွဲ့ (သာယာဝတီ) တို့နှင့်အတူ နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဋ္ဌ ဦးကျော်သူ မှ “ဗြဟ္မစိုရ်ခြေလှမ်းများ” ခေါင်းစီးဖြင့် နာရေး ကူညီမှု အသင်း (ရန်ကုန်) အား မျိုးစေ့ချပေးခဲ့သော ဘဘ ဦးသုခ မှစတင်၍ တစ်လှမ်းခြင်း၊ တစ်ဆင့်ခြင်း ယနေ့အချိန်အထိ နာရေး၊ ကျန်းမာရေး၊ ပညာရေး၊ သဘာဝဘေး၊ အရေးပေါ်ကယ်ဆယ်ရေး ကူညီထောက်ပံ့မှုများအား […]

နောက်ဆံမတင်းကြဖို့

နာရေးကူညီမှုအသင်း(ရန်ကုန်)၏ လူမျိုးဘာသာ၊ ဆင်းရဲချမ်းသာမရွေး အများပြည်သူလူထုတို့ ကြုံတွေ့နေရသော နာရေးကိစ္စများအား (အခမဲ့) နွေးထွေးစွာ ကူညီပေးဆပ်ခဲ့သည်မှာ ၂ဝ၁၃ ခုနှစ် အတွက် အောက်တိုဘာလ (၇) ရက်နေ့ နံနက်ပိုင်းအချိန်တွင် သင်္ဂြိုဟ်ပေးခဲ့မှုများ ထပ်မံ၍ (တစ်သောင်း) ပြည့်တော့မည်ဖြစ်သည်။ အသင်းစတင် ဖွဲ့စည်းတည်ထောင်ခဲ့သော ၂ဝဝ၁ ခုနှစ် ဇန်နဝါရီလ (၁) ရက်နေ့ မှ ယခု ၂ဝ၁၃ ခုနှစ် အောက်တိုဘာလ (၇) ရက်နေ့အထိ (အခမဲ့) မီးသင်္ဂြိုဟ်ပေးခဲ့မှု စုစုပေါင်း (၁၃၄၉၇၉) ကျော် ရှိတော့မည်ဖြစ်သည်။ ထိုကဲ့သို့သော ကမ္ဘာမြေပြင်မှ ပြန်လည်ထွက်ခွါသွားမည့် ၂ဝ၁၃ ခုနှစ် အောက်တိုဘာလ (၇) ရက် နေ့တွင် ကွယ်လွန်အနိစ္စရောက်မည့် (တစ်သောင်းပြည့်ကွယ်လွန်သူ) အတွက်ရည်စူး၍ နာရေးကူညီမှု အသင်း(ရန်ကုန်)၏ ၂ဝ၁၃ […]