ယာဉ်​တိုက်​မှု ဖြစ်​ပွားရာ၌ ကယ်​ဆယ်​​ရေးလုပ်​ငန်​းများ အချိန်​နှင်​့ တ​ပြေးညီလုပ်​​ဆောင်​

၂၀၁၈ခုနှစ်​၊ ဇွန်​လ(၂၃)ရက်​​နေ့ နံနက်​ (ဝ၈း၄၀) အချိန်​ခန့်တွင်​ ​မြောက်​ဥက္ကလာပမြို့နယ်​၊ (က)ရပ်​ကွက်​၊ ​ဝေဘာဂီလမ်​းမ​ပေါ်တွင်​ YBS 64 ​မော်​​တော်​ယာဉ်​နှင်​့ Hi jet အမျိုးအစားမော်​​တော်​ယာဉ်​တို့ ယာဉ်​တိုက်​မှုဖြစ်​ပွားပြီး လူညပ်​​နေ​ကြောင်​း သတင်​းရရှိ၍ ​မြောက်​ဥက္ကလာပမြို့နယ်​ မီးသတ်​စခန်​းမှ ရှာ​ဖွေကယ်​ဆယ်​​ရေးယာဉ်​ (၁)စီးထွက်​ခွာ၍ ကယ်​ဆယ်​​ရေး လုပ်​ငန်​းများ ​ဆောင်​ရွက်​​ပေးလျက်​ရှိပြီး နာ​ရေးကူညီမှုအသင်​း(ရန်​ကုန်​)၊ သီးသန်​့မီးသတ်​တပ်​ဖွဲ့မှ ကယ်​ဆယ်​​ရေးလုပ်​ငန်​းများ ပူး​ပေါင်​းလုပ်​​ဆောင်​လျက်​ရှိပြီး အခင်​းဖြစ်​​နေရာမှ ဒဏ်​ရာရ လူနာ (၃)ဦးအား နာ​ရေးကူညီမှု အသင်​း(ရန်​ကုန်​)၊ သီးသန်​့မီးသတ်​တပ်​ဖွဲ့မှ လူနာတင်​ယာဉ်​ဖြင်​့ ​မြောက်​ဥက္ကလာပ​ဆေးရုံသို့ တင်​ပို့ ကုသ​ပေးခဲ့ပါသည်​။ မိဘပြည်သူများ အနေဖြင့် မီးလောင်မှုနှင့် သဘာဝဘေးအန္တရာယ်များ ကျရောက်သည့်အခါ အရေးပေါ် ဆက်သွယ်ရန်အတွက် နာရေးကူညီမှုအသင်း(ရန်ကုန်) #သီးသန့်မီးသတ်တပ်ဖွဲ့ ဖုန်း- 191, 01 706421 သို့ (၂၄)နာရီပါတ်လုံး ဆက်သွယ်အကူညီ တောင်းခံနိုင်ပါသည်​။

သတင်း – ရဲသွင်ထွဋ် #FFSS

ဓါတ်ပုံ – ဆန်းထူးအောင် #FFSS

Leave a comment

Your email address will not be published. Required fields are marked *