အမှတ်စဉ်(၂၀)(၃/၂၀၁၈) ဟိုတယ်ဝန်ဆောင်မှု အခြေခံသင်တန်းဆင်းပွဲ အခမ်းအနား

နာရေးကူညီမှုအသင်း(ရန်ကုန်)ရှိ သုခအလင်းပညာဒါနကျောင်းတွင် ဖွင့်လှစ်သင်ကြားသော အမှတ်စဉ်(၂၀) (၃/၂၀၁၈)

ဟိုတယ်ဝန်ဆောင်မှုအခြေခံသင်တန်းဆင်းပွဲ အခန်းအနားကို ယနေ့နံနက်(၉းဝ၀)အချိန်တွင် (သုခခန်းမ)၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အခမ်းအနားတွင် နာရေးကူညီမှုအသင်း(ရန်ကုန်) အမှုဆောင်အရာရှိ ဒေါ်စောသဉ္ဇာစိုးမှ အဖွင့်အမှာ စကားပြောကြားခဲ့ပြီး ၊ သုခအလင်းပညာဒါနကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဆရာဦးနေမျိုးအေး နှင့် သင်တန်းဆရာများမှ ဆုံးမစကားများ ပြောကြားခဲ့ပါသည်။

အဆိုပါအခမ်းအနားသို့ သက်ဆိုင်ရာနယ်ပယ်အသီးသီးမှ ပရဟိတလာရောက်သင်ကြားပေးသော ဆရာဦးရွှေဇင်အောင်၊ ဆရာဦးသူသူဇော်၊ ဆရာဦးအောင်မိုးဝင်း၊ ဆရာဦးထွန်းထွန်းဝင်း၊ ဆရာဦးမင်းဆုပိုင်၊ ဆရာမဒေါ်ကေသီနိုင် နှင့်Hotelအသီးသီးမှ တာဝန်ရှိသူများတတ်ရောက်ခဲ့ပါသည်။

ဆက်လက်ပြီးသင်တန်းသားများ သင်တန်းဆင်းလက်မှတ်နှင့် ဆုတံဆိပ်များချီးမြှင့်ပေးခဲ့ကြသည်။ ထို့နောက် နာရေးကူညီမှုအသင်း(ရန်ကုန်)မှ သင်တန်းဆရာများ/ဆရာမများအားကျေးဇူးတင် ဂုဏ်ပြုလွှာချီးမြှင့်ပေးခဲ့ပြီး သင်တန်းသား/သူများ တို့က အကပဒေသာများဖြင့် ဖျော်ဖြေပေးခဲ့ကာသင်တန်းဆင်းပွဲ အခမ်းအနားအား အောင်မြင်စွာကျင်းပပြုလုပ်ခဲ့ကြသည်။

Leave a comment

Your email address will not be published. Required fields are marked *