ရှေ့ဆောင်ဘာသာရပ်သင် ကိုယ်ပိုင်သင်တန်းကျောင်းမှ လာရောက်လေ့လာ

နာရေးကူညီမှုအသင်း(ရန်ကုန်)သည် ဥက္ကဋ္ဌ ဦးကျော်သူ ဦးဆောင်မှုဖြင့် (၂၄)နာရီ အများပြည်သူအတွက်

အပူသောက မီးများ ငြိမ်းအေးအောင် ကူညီဖေးမလျှက်ရှိရာ ယနေ့ နံနက်(၇းဝ၀)နာရီတွင် ရှေ့ဆောင်ဘာသာရပ်သင် ကိုယ်ပိုင်သင်တန်းကျောင်းမှ ဆရာ/ဆရာမများ နှင့် ကျောင်းသား/ကျောင်းသူများ အသင်းသို့ လာရောက် လေ့လာခဲ့ကြပါသည်။

ထို့နောက် ကျောင်းသား/ကျောင်းသူများအား ဥက္ကဋ္ဌ ဦးကျော်သူ မှ
ဗြဟ္မစိုရ် တရားလက်ကိုင်ထားသော ပရဟိတ မျိုးဆက်သစ်များ ဖြစ်ပေါ်လာစေရန် ဆုံးမစကားများ ပြောကြားခဲ့ပါသည်။

ဆက်လက်ပြီး ရှေ့ဆောင်ဘာသာရပ်သင် ကိုယ်ပိုင်သင်တန်းကျောင်းမှ နာရေးကူညီမှုအသင်း(ရန်ကုန်)သို ့ အလှူငွေ- ၁,၈၀ဝ,ဝ၀ဝိ/ကျပ် အား မွန်မြတ်အလှူအဖြစ် လှူဒါန်းခဲ့ပါသည်။

သတင်း/ဓာတ်ပုံ – ပြန်ကြားရေးဌာန #FFSS

Leave a comment

Your email address will not be published. Required fields are marked *