နာရေးကူညီမှုအသင်း(ရန်ကုန်)၏ (၂၀၁၈)ခုနှစ်အတွင်း (၁)နှစ်တာ ပေးဆပ်ကူညီပေးခဲ့မှုများ

နာရေးကူညီမှုအသင်း(ရန်ကုန်)၏ “အများပြည်သူအတွက် အများပြည်သူကောင်းမှု

“ဟူသော ဆောင်ပုဒ်နှင့်အညီ နှစ်စဉ် နှစ်တိုင်း ပေးဆပ်ကူညီခဲ့သည်မှာ ယနေ့ဆိုလျှင် (၁၈)နှစ်တိုင်ပြည့်ခဲ့ပြီးဖြစ်ပါ သည်။

ထိုကဲ့သို့ ကူညီပေးခဲ့မှုများတွင် (၂၀၁၈)ခုနှစ်၏ (၁)နှစ်တာ ကာလအတွင်း ပေးဆပ်ကူညီပေးခဲ့မှုများသည် အောက်ပါအတိုင်းဖြစ်ပါသည်။

ဈာပနကူညီမှု – ၈၁၂၇ ဦး

သုခကုသိုလ်ဖြစ်ဆေးခန်း – ၂၇၈၃၉ ဦး

သုခအလင်းပညာဒါနကျောင်း – သင်တန်း(၄၀) – ၂၁၉၄ ဦး

K-Ambulance (အရေးပေါ်ကယ်ဆယ်ရေးဌာန) – ၂၇၇၃ ဦး

နာကူသီးသန့်မီးသတ်တပ်ဖွဲ့ – ၈၄ ကြိမ်

နာရေးကူညီမှုအသင်း(ရန်ကုန်)သည် ထိုကဲ့သို့ ပေးဆပ်ကူညီခွင့်ရသည်မှာ ပရဟိတဝန်ထမ်းများ၊ ပရဟိတ စေတနာ့လုပ်အားပေးများ၏ “လုပ်အားဒါန” ၊ အလှူရှင်များ၏ ချွေးနည်းစာဖြင့် လှူဒါန်းထားသော အလှူငွေများဖြင့်သာ ကူညီပေးနိုင်ခဲ့သည်ဖြစ်သောကြောင့် နာရေးကူညီမှုအသင်း(ရန်ကုန်)မှ တစ်ဦးတစ်ယောက်စီတိုင်းအား သာဓု သာဓု သာဓု ခေါ်ဆိုကာ စီးပွားဥစ္စာ ဒီရေအလားတိုးတက်ကြပါစေကြောင်း ဆုမွန်ကောင်းတိုင်းလိုက်ရပါသည်။

Leave a comment

Your email address will not be published. Required fields are marked *