မှော်ဘီမြို့နယ်၊ မချစ်စုအထည်ချုပ်စက်ရုံ မီးလောင်မှုအား အချိန်နှင့် တစ်ပြေးညီ ထွက်ခွါငြှိမ်းသတ်

၂၀၁၈၊ မတ်လ(၁၀)ရက်နေ့ ည(၉း၃၆)အချိန်ခန့်တွင် ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ မချစ်စုအထည်ချုပ်စက်ရုံ မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် Level-3 ယာဉ်အုပ်စုများ ထွက်ခွာငြှိမ်းသတ်လျက်ရှိရာ

နာရေးကူညီမှုအသင်း (ရန်ကုန်) သီးသန့်မီးသတ်တပ်ဖွဲ့မှ မီးသတ်ယာဉ်(၁)စီး၊ မီးသတ်ရေသယ်ယာဉ်(၁)စီးတို့မှ ထွက်ခွာငြှိမ်းသတ်လျက်ရှိပြီး အရေးပေါ်လူနာတင်ယာဉ်(၁)စီးမှ မီးလောင်ပြင်တွင် မီးငြှိမ်းသတ်လျက်ရှိသော တပ်ဖွဲ့ဝင်များအား ဆေးဘက်ဆိုင်ရာ ကူညီထောက်ပံ့မှုများ ပြုလုပ်ကူညီ ဆောင်ရွက်ပေးခဲ့ပြီး ည(၁၀း၄၅)အချိန် မီးငြိမ်းပါသည်။

မိဘပြည်သူများ အနေဖြင့် မီးလောင်မှုနှင့် သဘာဝဘေးအန္တရာယ်များ ကျရောက်သည့်အခါ အရေးပေါ် ဆက်သွယ်ရန်အတွက် နာရေးကူညီမှုအသင်း(ရန်ကုန်) #သီးသန့်မီးသတ်တပ်ဖွဲ့ ဖုန်း- 191, 01 706421 သို့ (၂၄)နာရီပါတ်လုံး ဆက်သွယ်အကူညီ တောင်းခံနိုင်ပါသည်။

သတင်း/ဓါတ်ပုံ – မြတ်မိုးအောင် (FFSS)

Leave a comment

Your email address will not be published. Required fields are marked *