(၄/၂၀၁၈) နာရေးကူညီမှုအသင်း(ရန်ကုန်) ပန်းအလှပြင်သင်တန်း ဖွင့်လှစ်သင်ကြား

နာရေးကူညီမှုအသင်း(ရန်ကုန်) သုခအလင်းပညာဒါနကျောင်းမှ ကိုယ်ပိုင်လုပ်ငန်းတည်ထောင်နိုင်မည့် ပန်းအလှပြင်သင်တန်းအား ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ

ယနေ့ ဇွန်(၂၄ရက်) နံနက်(၉းဝ၀)နာရီမှ စတင်၍ ပထမနေ့အဖြစ် သင်တန်းသား/သူ(၁၈)ဦးအား ပန်းအလှထိုးပညာရှင် ဦးဇော်မြင့် မှ ပန်းခြင်းပြုလုပ်နည်း၊ အလှဆွဲပန်းပြုလုပ်နည်း၊ ပန်းအလှထိုးနည်း အစရှိသောပညာရပ်များကို သင်တန်းသားကို လက်တွေ့သင်ကြားပေးခဲ့ပြီး သင်တန်းပြီးဆုံးခဲ့သည်။ အဆိုပါ ပန်းအလှပြင်သင်တန်းသည် သင်တန်းကာလ(၂)ရက်ကြာမြင့်မည်ဖြစ်၍ နံနက်(၉းဝ၀)နာရီမှ ညနေ(၅းဝ၀)နာရီထိ သင်ကြားပေးမည်ဖြစ်ပြီး သင်တန်းသား(၁)ဦးလျှင် သင်ထောက်ကူပစ္စည်းကိရိယာ နှင့်ပန်းဖိုး (၂၀ဝ၀ဝ)ကုန်ကျမည်ဖြစ်ပါသည်။

၂၀၁၈ ဇွန်လ (၂၄)

သတင်း/ဓါတ်ပုံ – ပြန်ကြားရေးဌာန #FFSS

Leave a comment

Your email address will not be published. Required fields are marked *