လှိုင်​သာယာမြို့နယ်​၊ ထိန်​ပင်​သုဿန်​အနီးရှိ အမှိုက်​ပုံ မီး​လောင်​မှုအား ထွက်​ခွာငြှိမ်​းသတ်​လျက်​ရှိ

ရန်​ကုန်​တိုင်​း​ဒေသကြီး၊ လှိုင်​သာယာမြို့နယ်​၊ ထိန်​ပင်​သုဿန်​အနီးရှိ အမှိုက်​ပုံမီး​လောင်​မှုအား နာ​ရေးကူညီမှုအသင်​း(ရန်​ကုန်​) သီးသန်​့မီးသတ်​တပ်​ဖွဲ့မှအကူယာဉ်​ တစ်​စီး ထွက်​ခွာငြှိမ်​းသတ်​လျက်ရှိပြီး #K_Ambulance အရေးပေါ်ကယ်ဆယ်ရေး ဌာနမှ လူနာတင်ယာဉ်တစ်စီးဖြင့် ကျမ်းမာရေးကူညီစောင့်ရှောက်မှုများ ပေးလျှက်ရှိပါသည်​။ မိဘပြည်သူများ အနေဖြင့် မီးလောင်မှုနှင့် သဘာဝဘေးအန္တရာယ်များ ကျရောက်သည့်အခါ အရေးပေါ် ဆက်သွယ်ရန်အတွက် နာရေးကူညီမှုအသင်း(ရန်ကုန်) #သီးသန့်မီးသတ်တပ်ဖွဲ့ ဖုန်း- 191, 01 706421 သို့ (၂၄)နာရီပါတ်လုံး ဆက်သွယ်အကူညီ တောင်းခံနိုင်ပါသည်​။ ၂၀၁၈၊ ဧပြီ၊ ၂၃ရက် သတင်း – ရဲသွင်ထွဋ္ဋ် ဓာတ်ပုံ – G3 ၊ သက်နိုင်(Studio K)

မှော်ဘီမြို့နယ်၊ မချစ်စုအထည်ချုပ်စက်ရုံ မီးလောင်မှုအား အချိန်နှင့် တစ်ပြေးညီ ထွက်ခွါငြှိမ်းသတ်

၂၀၁၈၊ မတ်လ(၁၀)ရက်နေ့ ည(၉း၃၆)အချိန်ခန့်တွင် ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ မချစ်စုအထည်ချုပ်စက်ရုံ မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် Level-3 ယာဉ်အုပ်စုများ ထွက်ခွာငြှိမ်းသတ်လျက်ရှိရာ နာရေးကူညီမှုအသင်း (ရန်ကုန်) သီးသန့်မီးသတ်တပ်ဖွဲ့မှ မီးသတ်ယာဉ်(၁)စီး၊ မီးသတ်ရေသယ်ယာဉ်(၁)စီးတို့မှ ထွက်ခွာငြှိမ်းသတ်လျက်ရှိပြီး အရေးပေါ်လူနာတင်ယာဉ်(၁)စီးမှ မီးလောင်ပြင်တွင် မီးငြှိမ်းသတ်လျက်ရှိသော တပ်ဖွဲ့ဝင်များအား ဆေးဘက်ဆိုင်ရာ ကူညီထောက်ပံ့မှုများ ပြုလုပ်ကူညီ ဆောင်ရွက်ပေးခဲ့ပြီး ည(၁၀း၄၅)အချိန် မီးငြိမ်းပါသည်။ မိဘပြည်သူများ အနေဖြင့် မီးလောင်မှုနှင့် သဘာဝဘေးအန္တရာယ်များ ကျရောက်သည့်အခါ အရေးပေါ် ဆက်သွယ်ရန်အတွက် နာရေးကူညီမှုအသင်း(ရန်ကုန်) #သီးသန့်မီးသတ်တပ်ဖွဲ့ ဖုန်း- 191, 01 706421 သို့ (၂၄)နာရီပါတ်လုံး ဆက်သွယ်အကူညီ တောင်းခံနိုင်ပါသည်။ သတင်း/ဓါတ်ပုံ – မြတ်မိုးအောင် (FFSS)

ရေစကြို မြို ့နယ် သစ်ကြီးတောကျေးရွာ မီးဘေးသင့်ဒဏ်ခံခဲ့ရသော အိမ်ထောင်စုများ အတွက် နာရေးကူညီမှုအသင်း(ရန်ကုန်)၏ “အများပြည်သူအတွက် အများပြည်သူကောင်းမှု

နာရေးကူညီမှုအသင်း(ရန်ကုန်) မှ ယနေ့ ညနေ(၄းဝ၀)နာရီ အချိန်တွင် မကွေးတိုင်းဒေသကြီး၊ ရေစကြို မြို့နယ်၊ သစ်ကြီးတောကျေးရွာ မီးဘေးသင့်ဒဏ်ခံခဲ့ရသော အိမ်ထောင်စုပေါင်း(၁၇၂)စုအား သွားရောက်၍အိမ်ထောင်စု (၁)စုလျှင်(ဆန် ၁၂ပြည်၊ ငါးသေတ္တာဗူး (၅)ဗူး၊ ခေါက်ဆွဲခြောက် (၅)ထုပ်) တို ့အားစုစုပေါင်း ဆန် (၁၇၂) အိတ်၊ ငါးသေတ္တာ (၈၅၅)ဗူး၊ ခေါက်ဆွဲခြောက်(၈၅၅)၊ ဆီပိသာ( ၆၀)၊ ကြက်ဥ အလွုး(၅၀ဝ)၊ အဝတ်အထည်နှင့် ဖိနပ်များ အပြင် တက္ကသိုလ် ဝင်တန်းဖြေဆိုမည့် ကျောင်းသား/သူ အယောက်(၄၀)အတွက် (၁)ဦးလျှင်(၁၀ဝ၀ဝ)-တစ်သောင်းကျပ်တို ့အား “အများပြည်သူအတွက် အများပြည်သူကောင်းမှု” အနေဖြင့် (ပထမ)အကြိမ်သွားရောက်လှူဒါန်းခဲ့ပါသည်။ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူ ခရိုင် ၊ရေစကြို မြို ့နယ်၊ သစ်ကြီးတောကျေးရွာအုပ်စုတွင်(၃.၃.၂၀၁၈)ရက်နေ ့၌ မီးလောင်မှု ဖြစ်ပွားခဲ့ရာ အိမ်ထောင်စုပေါင်း (၁၇၂) […]

ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်၊ (၅၁)ရပ်ကွက်တွင် နေအိမ်များမီးလောင်မှုဖြစ်ပွားခဲ့သဖြင့် နာ/ကူ သီးသန့်မီးသတ်တပ်ဖွဲ့မှ သွားရောက်ကူညီ

ယနေ့နံနက် (၅း၅၅)အချိန်ခန့်တွင် ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်၊ (၅၁) ရပ်ကွက်၊ အောင်သစ္စာလမ်းရှိ နေအိမ်တစ်ချို့ မီးလောင်မှုဖြစ်ပွားသဖြင့် Level -2 ယာဉ်အုပ်စုများ ထွက်ခွာငြှိမ်းသတ်လျှက်ရှိရာ နာရေးကူညီမှုအသင်း(ရန်ကုန်) သီးသန့်မီးသတ်တပ်ဖွဲ့မှ မီးငြှိမ်းသတ်ယာဉ် (၁)စီး၊ မီးသတ်ရေသယ်ယာဉ် (၁)စီးတို့မှ ထွက်ခွာကူညီ ငြှိမ်းသတ်ခဲ့ပြီး အရေးပေါ်လူနာတင်ယာဉ် (၁)စီးဖြင့် မီးလောင်ပြင်တွင် လိုအပ်သော ဆေးဝါးကူညီထောက်ပံ့မှုများ ပြုလုပ်ပေးနိုင်ရန်လည်း သွားရောက်ခဲ့ပြီး (၆း၂၁)နာရီ အချိန်ခန့်တွင်မီးငြိမ်းကြောင်း သိရှိရပါသည်။ မိဘပြည်သူများ အနေဖြင့် မီးလောင်မှုနှင့် သဘာဝဘေးအန္တရာယ်များ ကျရောက်သည့်အခါ အရေးပေါ် ဆက်သွယ်ရန်အတွက် နာရေးကူညီမှုအသင်း(ရန်ကုန်) #သီးသန့်မီးသတ်တပ်ဖွဲ့ ဖုန်း- 191, 01 706421 သို့ (၂၄)နာရီပါတ်လုံး ဆက်သွယ်အကူညီ တောင်းခံနိုင်ပါသည်။ သတင်း- ဖြိုးဖြိုး(FFSS) ဓါတ်ပုံ – မြတ်မိုးအောင် ၊ G-3

မရမ်းကုန်းမြို့နယ် ၊ (၁)ရပ်ကွက် တပင်ရွှေထီးအိမ်ယာမီးလောင်မှုအား နာကူ/သီးသန့်တပ်ဖွဲ့နှင့် K – Ambulance အရေးပေါ်အဖွဲ့သွားရောက်ကူညီ

ယနေ့ နေ့လည် (၂းဝ၇)အချိန်ခန့်တွင် မရမ်းကုန်းမြို့နယ် ၊ (၁)ရပ်ကွက် တပင်ရွှေထီးအိမ်ယာမီးလောင်မှုဖြစ်ပွားသဖြင့် Level -1 ယာဉ်အုပ်စုများထွက်ခွာငြှိမ်းသတ်လျှက်ရှိရာ နာရေးကူညီမှုအသင်း(ရန်ကုန်) သီးသန့်မီးသတ်တပ်ဖွဲ့မှ မီးငြှိမ်းသတ်ယာဉ် (၁)စီး၊ အရေးပေါ်လူနာတင်ယာဉ် (၁)စီးဖြင့် မီးလောင်ပြင်တွင် လိုအပ်သော ဆေးဝါးကူညီထောက်ပံ့မှုများ ပြုလုပ်ပေးနိုင်ရန်လည်း သွားရောက်ခဲ့ပြီး (၂း၂၀)နာရီ အချိန်ခန့်တွင်မီးငြိမ်းကြောင်း သိရှိရပါသည်။ မိဘပြည်သူများ အနေဖြင့် မီးလောင်မှုနှင့် သဘာဝဘေးအန္တရာယ်များ ကျရောက်သည့်အခါ အရေးပေါ် ဆက်သွယ်ရန်အတွက် နာရေးကူညီမှုအသင်း(ရန်ကုန်) #သီးသန့်မီးသတ်တပ်ဖွဲ့ ဖုန်း- 191, 01 706421 သို့ (၂၄)နာရီပါတ်လုံး ဆက်သွယ်အကူညီ တောင်းခံနိုင်ပါသည်။ သတင်း- ဖြိုးဖြိုး (FFSS) ဓါတ်ပုံ – မြတ်မိုးအောင်(FFSS)

ဆိုင်ကယ်နှင့် လျှပ်စစ် စက်ဘီး ယာဉ်တိုက်မှုဖြစ်ပွားရာနေရာသို့ အချိန်နှင့် တပြေးညီ သွားရောက်ကူညီ

၂၀၁၉၊ အောက်တိုဘာလ၊ (၁၆)ရက်ယနေ့ ည(ရး၃၀)နာရီ အချိန်ခန့်တွင် ရန်ကုန်တိုင်းဒေသကြီး၊ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ဗိုလ်မှူးဗထူးလမ်းမကြီး ၊ဂန္ဓာရုံ မှတ်တိုင်အနီး ယာဉ်မောင်းသင်တန်းကွင်းအရှေ့ ဆိုင်ကယ်နှင့် လျှပ်စစ် စက်ဘီးယာဉ်တိုက်မှုဖြစ်ပွားခဲ့ပါသည်။ အခင်းဖြစ်ပွားရာ နေရာမှဒဏ်ရာရ လူနာ စက်ဘီးသမားအမျိုးသမီး (၁)ဦးအား နာရေးကူညီမှုအသင်း(ရန်ကုန်) K Amublance အရေးပေါ်ကယ်ဆယ်ရေးဌာနှညတာဝန်ကျ အဖွဲ့မှ အချိန်နှင့်တပြေးညီကျမ်းမားရေးစောင့်ရှောက်မှုပေး၍ မြောက်ဥက္ကလာဆေးရုံသို့ (အခမဲ့)ပို့ဆောင်ကူညီပေးခဲ့ပါသည်။နာရေးကူညီမှုအသင်း(ရန်ကုန်) K-Ambulance အရေးပေါ်လူနာတင်ယာဉ်ဌာနအနေဖြင့် ပြည်သူများ၏ အခက်အခဲများ၊ကျန်းမာရေးဝန်ဆောင်မှုများနှင့်အရေးပေါ်ကိစ္စများကို အချိန်နှင့်တပြေးညီ(၂၄)နာရီအဆင်သင့် (အခမဲ့)ကူညီဆောင်ရွက်ပေးလျက်ရှိရာ အကူအညီများတောင်းခံလိုပါက ဖုန်း – 09 421119566, 09 31333273သို့ဆက်သွယ် အကူအညီတောင်းခံနိုင်ပါသည်။ သတင်း /ဓါတ်ပုံ -ပြန်ကြားရေးဌာန(FFSS)

Z Rescue အရေးပေါ်ကယ်ဆယ်ရေးအသင်း ရုံးခန်းဖွင့်လှစ်ပွဲသို့ နာရေးကူညီမှုအသင်း(ရန်ကုန်)မှ တက်ရောက်ဖွင့်လှစ်ပေးခဲ့

၂၀၁၆ မေ(၂၇)ရက်နေ့တွင် မြဝတီခရိုင် ၊ မြဝတီမြို့ရှိ Z Rescue အရေးပေါ်ကယ်ဆယ်ရေးအသင်း ရုံးခန်းဖွင့်လှစ်ပွဲအခမ်းအနားသို့ နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဌ ဦးကျော်သူနှင့် အတွင်းရေးမှူး ဒေါ်ရွှေဇီးကွက် တို့မှဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး ဥက္ကဌ ဦးကျော်သူမှ အမှာစကားပြောကြားပေးခဲ့ပါသည်။ သတင်း/ဓါတ်ပုံ – ပြန်ကြားရေးဌာန

မီးလောင်ပြင်ကူညီမှု

ရန်ကုန် မေ ၅ ရက် ည ၈ နာရီ ၂၀မိနစ်အချိန် စက်ထဲသို့မီးလောင်နေကြောင်းသတင်းတစ်ခုဝင်ရောက်လာပါသည် ။ သတင်းအရ မီးစတင်လောင်သည့်နေရာသည် တောင်ဒဂုံ ၆၃ ရပ်ကွက် စက်မှု့ဇုန် (၂) စစ်တောင်းလမ်း ဟုသိရှိရပြီး ရန်ကုန်တိုင်းဒေသကြီး မီးသတ်တပ်ဖွဲ့မှ Level 2 အဆင့်သတ်မှတ်၍ မီးသတ်ကားများစေလွှတ်နေရာ နာရေးကူညီမှု့အသင်း(ရန်ကုန်) မှဂါလံ ၂၈၀ဝ ဆန့် ရေသယ်ယာဉ် ၁ စီး အရေးပေါ ်လူနာတင်ယာဉ် ၃ စီး အသင်းသားအင်းအား ၂၅ ယောက်နှင့်အတူ အချိန်နှင့်တပြေးညီသွားရောက် ပူးပေါင်းကူညီမှု့များ ပြုလုပ်ပေးရပါသည်။ အဆိုပါမီးမှာ သစ်အချောထည် ပါကေးစက်ရုံမှ စတင် လောင်ကျွမ်းခြင်းဖြစ်ပြီး မီးမှာပိုမိုအားကောင်းလာရာ မီးသတ်တပ်ဖွဲ့မှ Level 4 အဆင့်တိုးမြှင့်သတ်မှတ်၍ ငြှိမ်းသတ်ရပါသည်။ နာ/ကူ (ရန်ကုန်) […]

ဘုရားအသက်နှင့်လူကို ကယ်တင်ခြင်း

၂၅.၁ဝ.၂ဝ၁၃ ရက်နေ့ သောကြာနေ့ နံနက် (၉းဝဝ)နာရီအချိန်တွင် နာရေးကူညီမှု အသင်း(ရန်ကုန်)ဥက္ကဌ ဦးကျော်သူသည် အလုပ်အမှုဆောင် အစည်းအဝေး လုပ်နေစဉ်အတွင်း ဦးကျော်သူထံသို့ တယ်လီဖုန်း ဝင်လာခဲ့သည်။ အမည်မှာ မဇာလီဝင်းနှင့် မသန္တာဟု သိရှိရပြီး အလုံသစ်တောဝင်းရှိ မီးကင်းထဲတွင် အမည်မသိ အမျိုးသားတစ်ဦး သတိလစ် လဲကျနေသောကြောင့် နာရေးကူညီမှု အသင်း(ရန်ကုန်)အနေဖြင့် ကူညီပေးနိုင်ရန် ဆက်သွယ်ခြင်းဖြစ်သည်။ ထိုအခါ ဦးကျော်သူမှ သက်ဆိုင်ရာ ရပ်ကွက်ရုံးသို့ ဦးစွာအကြောင်းကြားထားပေးရန် ပြန်လည်ဖြေကြားသောအခါ ၄င်းတို့မှ ရပ်ကွက်ရုံးကိုလည်း သွားပြီးပါပြီ ရပ်ကွက်ရုံးမှလည်း ဘယ်သူမှ လိုက်မလာဘူး မိုးတွေကလည်း အရမ်းရွာနေတယ်၊ လူနာကလည်း အညစ်အကြေးတွေ၊ ဆီး၊ ဝမ်းများ မနိုင်၍ ပေကျံနေတယ်၊ လူတွေကလည်း ဝိုင်းအုံနေတယ်။ ဒါ့ကြောင့် နာရေးကူညီမှု အသင်း(ရန်ကုန်)အနေနဲ့ အမြန်ဆုံး ကူညီပေးစေချင်ပါကြောင်း […]

အရေးပေါ်တပ်လှန့်သံ

နာရေးကူညီမှု အသင်း(ရန်ကုန်)၏ ဥက္ကဌ ဦးကျော်သူ ဦးဆောင်သော သဘာဝဘေးနှင့် အခြားသော ဘေးအန္တရာယ်များ ကျရောက်လာပါက အရေးပေါ်ကူညီပေးနိုင်ရန်နှင့် ရန်ကုန်မြို့တွင်း အရေးပေါ် ထိခိုက် ဒါဏ်ရာရရှိမှုများ၊ ကားအက်ဆီးဒင့်များနှင့် ရေဘေး၊ လေဘေး၊ မီးဘေး အန္တရာယ်များ ကျရောက်လာခဲ့ပါက လျှင်မြန်ထိရောက်စွာ ကူညီမှုပေးနိုင်ရန်အတွက် နာရေးကူညီမှုအသင်း(ရန်ကုန်)၏ အရေးပေါ် ကယ်ဆယ်ရေးအဖွဲ့အား ဖွဲ့စည်းခဲ့ကြပြီဖြစ်သလို ယခုအခါတွင်လည်း လူနာတင်ယာဉ် (၄) စီးဖြင့် မိဘပြည်သူတို့၏ အရေးပေါ် ကျန်းမာရေး ထိခိုက်မှုများကို နေအိမ်များမှ ဆေးရုံသို့၄င်း၊ လုပ်ငန်းခွင်များမှ သက်ဆိုင်ရာ အစိုးရဆေးရုံ များသို့၄င်း၊ မီးဘေးအန္တရာယ်ကျရောက်ရာ နေရာသို့၄င်း သွားရောက် ကူညီဖေးမပေးခဲ့ကြသည်။ ယခုအခါ နယ်မြေဒေသအချို့တွင် ရေဘေးအန္တရာယ်များကျရောက် နေသလို ယခုမီးလောင်မှုသတင်းများလည်း ကြားသိနေရပြီဖြစ်သည့်အတွက် နာရေးကူညီမှု အသင်း(ရန်ကုန်)၏ အရေးပေါ်ကယ်ဆယ်ရေး အဖွဲ့သည်လည်း အထူးသတိ […]