ယာဉ်​တိုက်​မှု ဖြစ်​ပွားရာ၌ ကယ်​ဆယ်​​ရေးလုပ်​ငန်​းများ အချိန်​နှင်​့ တ​ပြေးညီလုပ်​​ဆောင်​

၂၀၁၈ခုနှစ်​၊ ဇွန်​လ(၂၃)ရက်​​နေ့ နံနက်​ (ဝ၈း၄၀) အချိန်​ခန့်တွင်​ ​မြောက်​ဥက္ကလာပမြို့နယ်​၊ (က)ရပ်​ကွက်​၊ ​ဝေဘာဂီလမ်​းမ​ပေါ်တွင်​ YBS 64 ​မော်​​တော်​ယာဉ်​နှင်​့ Hi jet အမျိုးအစားမော်​​တော်​ယာဉ်​တို့ ယာဉ်​တိုက်​မှုဖြစ်​ပွားပြီး လူညပ်​​နေ​ကြောင်​း သတင်​းရရှိ၍ ​မြောက်​ဥက္ကလာပမြို့နယ်​ မီးသတ်​စခန်​းမှ ရှာ​ဖွေကယ်​ဆယ်​​ရေးယာဉ်​ (၁)စီးထွက်​ခွာ၍ ကယ်​ဆယ်​​ရေး လုပ်​ငန်​းများ ​ဆောင်​ရွက်​​ပေးလျက်​ရှိပြီး နာ​ရေးကူညီမှုအသင်​း(ရန်​ကုန်​)၊ သီးသန်​့မီးသတ်​တပ်​ဖွဲ့မှ ကယ်​ဆယ်​​ရေးလုပ်​ငန်​းများ ပူး​ပေါင်​းလုပ်​​ဆောင်​လျက်​ရှိပြီး အခင်​းဖြစ်​​နေရာမှ ဒဏ်​ရာရ လူနာ (၃)ဦးအား နာ​ရေးကူညီမှု အသင်​း(ရန်​ကုန်​)၊ သီးသန်​့မီးသတ်​တပ်​ဖွဲ့မှ လူနာတင်​ယာဉ်​ဖြင်​့ ​မြောက်​ဥက္ကလာပ​ဆေးရုံသို့ တင်​ပို့ ကုသ​ပေးခဲ့ပါသည်​။ မိဘပြည်သူများ အနေဖြင့် မီးလောင်မှုနှင့် သဘာဝဘေးအန္တရာယ်များ ကျရောက်သည့်အခါ အရေးပေါ် ဆက်သွယ်ရန်အတွက် နာရေးကူညီမှုအသင်း(ရန်ကုန်) #သီးသန့်မီးသတ်တပ်ဖွဲ့ ဖုန်း- 191, 01 706421 သို့ (၂၄)နာရီပါတ်လုံး ဆက်သွယ်အကူညီ […]

မီးဘေးအန္တရာယ်မှ ကင်းဝေးစေအံ့

ငယ်စဉ်အခါက မြန်မာ့ရုပ်မြင်သံကြားတွင် “ရန်သူမျိုးငါးပါးထဲမှာ အင်မတန်ဆိုးဝါးလှတာ မညှာတာ ဘယ်သူ့မှမထောက်ပါ သူခိုး၊ ဓါးပြထက် ဆိုးတဲ့ရန်သူဟာ … ဤဇဗ္မူတစ်ခွင်မှာ ရန်သူမီးကို ရှောင်ရှား သတိပြုပါ” ဟူသော သီချင်းစာသားလေးအား မိဘပြည်သူများ သတိရကြဦးမည်ထင်ပါသည်။ အချို့သော အညာဒေသတို့၏ ရွာအဝင်တံခါး ဆိုင်းဘုတ်လေးတွင်လည်း မီးဘေးအန္တရာယ်မှ ကင်းဝေးစေအံ့ဟူသော မီးသတိပေး ဆိုင်းဘုတ်ကလေးများ ချိတ်ဆွဲထားသည်ကို တွေ့မြင်ခဲ့ရဖူးပါသည်။ မှန်ပါသည်။ ယခုပူပြင်းလှသော နွေရာသီအချိန်ကာလတွင် မြန်မာနိုင်ငံအဝှမ်း နေရာဒေသ အသီးသီးတို့တွင် မီးလောင်ဆုံးရှုံးမှု သတင်းများ ရေဒီယို၊ ရုပ်မြင်သံကြားနှင့် ပုံနှိပ်မီဒီယာများ၊ အွန်လိုင်းမီဒီယာများတို့တွင် ခပ်စိပ်စိပ်ကလေး တွေ့မြင်ကြားသိရသည်မှာ စိတ်မချမ်းမြေ့စရာ။ မြန်မာနိုင်ငံတွင် နှစ်စဉ်မီးလောင်မှုကြောင့် မိဘပြည်သူတို့၏ အသက်အိုးအိမ် စည်းစိမ်နှင့် ငွေကျပ်သန်းပေါင်းများစွာ ဆုံးရှုံးခဲ့ရပြီဖြစ်သည်။ ထို့ကြောင့် မိဘပြည်သူများ အနေဖြင့် မီးဘေးအန္တရာယ်များ ကင်းဝေးစေရန် […]

ငြိမ်းချမ်းရေး ဖခင်ကြီးမွေးနေ့၏ ဗြဟ္မစိုရ်ခြေလှမ်း

ယနေ့ ၂၃.၃.၂ဝ၁၃ ရက်နေ့သည် ငြိမ်းချမ်းရေးဖခင်ကြီး သခင်ကိုယ်တော်မှိုင်း၏ အသက် (၁၂၇) နှစ်ပြည့် မွေးနေ့ မင်္ဂလာ နေ့ထူးနေ့မြတ်ဖြစ် သည်။ ယင်းနေ့ ည (၈းဝဝ) နာရီအချိန်၌ မင်္ဂလာဒုံမြို့နယ်၊ ပျဉ်းမပင်ကျေးရွာအုပ်စု၊ ဘိုခြံကျေးရွာအုပ်စု ရေအားလျှပ်စစ်ဘောလုံးကွင်း အတွင်း တွင် ကျင်းပပြု လုပ်သည့် အလင်းသစ်လူငယ်များ၏ပထမအကြိမ် စာပေဟောပြောပွဲအား ဆရာညီမင်းညို၊ ဆရာမ စမ်းစမ်းနွဲ့ (သာယာဝတီ) တို့နှင့်အတူ နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဋ္ဌ ဦးကျော်သူ မှ “ဗြဟ္မစိုရ်ခြေလှမ်းများ” ခေါင်းစီးဖြင့် နာရေး ကူညီမှု အသင်း (ရန်ကုန်) အား မျိုးစေ့ချပေးခဲ့သော ဘဘ ဦးသုခ မှစတင်၍ တစ်လှမ်းခြင်း၊ တစ်ဆင့်ခြင်း ယနေ့အချိန်အထိ နာရေး၊ ကျန်းမာရေး၊ ပညာရေး၊ သဘာဝဘေး၊ အရေးပေါ်ကယ်ဆယ်ရေး ကူညီထောက်ပံ့မှုများအား […]