ဒဂုံတောင်မြို့နယ်အတွင်း မီးလောင်မှု ဖြစ်ပွားရာသို့ ထွက်ခွာငြှိမ်းသတ်

၂၀.၁၀.၂၀၁၉ ရက်နေ့၊ (၂၂ : ၄၀) အချိန်ခန့်၊ ရန်ကုန်တိုင်းဒေသကြီး၊တောင်ဒဂုံမြို့နယ်၊ (၂၀)ရပ်ကွက်၊ လှော်ကားလမ်းတွင် သစ်ဆိုင် မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် Level 2ယာဉ်အုပ်စုများ ထွက်ခွာငြှိမ်းသတ်လျက်ရှိပြီး နာရေးကူညီမှုအသင်း(ရန်ကုန်) သီးသန့်မီးသတ်တပ်ဖွဲ့မှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ မီးသတ်ရေသယ်ယာဉ် (၁)စီး၊ အထောက်အကူပြုယာဉ် (၁)စီးတို့မှ ထွက်ခွာကူညီ ငြှိမ်းသတ်ပေးခဲ့ပြီး အရေးပေါ်လူနာတင်ယာဉ် (၁)စီးမှ ကယ်ဆယ်ရေးနှင့် ဆေးဘက်ဆိုင်ရာ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ရန် ထွက်ခွာခဲ့ကာ (၂၃:၁၄)အချိန် မီးငြိမ်းပါသည်။ မိဘပြည်သူများ အနဖွေငျ့ မီးလောင်မှုနှင့် သဘာဝဘေးအန္တရာယ်များ ကြ‌‌ရောက်သည့်အခါ အရေးပေါ် ဆက်သှယျရန်အတွက် နာရေးကူညီမှုအသင်း(ရန်ကုန်) #သီးသန့်မီးသတ် တပ်ဖွဲ့ ဖုန်း- 191, 01 706421 သို့ (၂၄)နာရီပါတ်လုံး ဆက်သွယ်အကူညီ တောင်းခံနိုင်ပါသည်။

ဓာတ်ပုံ – ပြန်ကြားရေးဌာန FFSS