သဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တသောမာစာရ မေတ္တာဝါဒီ ရွှေပေါက်ပင် ဆရာတော်ဘုရားကြီးအား ဆွမ်းကပ်လောင်းလှူပူဇော်ပွဲ

ပဲခူးတိုင်းဒေသကြီးအနောက် ပြည်မြို့ ၊ နဝဒေးနယ်မြေ ရွှေပေါက်ပင်တောရကျောင်းတိုက် ဦးစီးပဓာန နာယကဆရာတော် ဖြစ်တော်မူသောသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တသောမာစာရ မေတ္တာဝါဒီ ရွှေပေါက်ပင် ဆရာတော်ဘုရားကြီး၏ နှစ်စဉ်ပြုလုပ်အပ်သော ကျွတ်ပွဲလွတ်ပွဲအဓိဋ္ဌာန်အောင်ပွဲကို ယနေ့ နံနက် နာရေးကူညီမှုအသင်း(ရန်ကုန်)တွင် ဆရာတော်ကြီး၏ မေတ္တာတရားတော်များကို ခံယူကာ (၇)ရက်သားသမီးများ၊ နာရေးကူညီမှုအသင်း(ရန်ကုန်)မှဦးဆောင်ဒါရိုက်တာအဖွဲ့ဝင်များ၊ အသင်းသူ/သားများ၊ ဝန်ထမ်းများ ၊ ဒါယိကာ ဒါယိကာမများမှ ဆွမ်းဆပ်ကပ်လောင်းလှူပူဇော်ခဲ့ကြသည်။

ဆရာတော်ကြီးမှနာရေးကူညီမှုအသင်း(ရန်ကုန်)တွင် အသုံးပြုလျက်ရှိသောနိဗ္ဗာန်ယာဉ်များ၊ အရေးပေါ်ကယ်ဆယ်ရေးယာဉ်များ၊ မီးသတ်ရေယာဉ်များ အား ပရိတ်ရေများပတ်ဖျန်း၍ မေတ္တာဖြန့်ဝေပေးခဲ့သည်။

Leave a comment

Your email address will not be published. Required fields are marked *