ချစ်ခြင်းမေတ္တာအခြေပြု ခေါင်းဆောင်မှု (Love-Driven Leadership) သင်တန်း ဖွင့်လှစ်သင်ကြား

၂၀၁၉၊ စက်တင်ဘာ၊ (၅)ရက် နာရေးကူညီမှုအသင်း(ရန်ကုန်) ရှိ သုခအလင်းပညာဒါကျောင်းတွင်ချစ်ခြင်းမေတ္တာအခြေပြု ခေါင်းဆောင်မှု (Love-Driven Leadership) သင်တန်းအားယနေ့ နေ့လည်(၁း၃၀)နာရီတွင် စတင်ဖွင့်လှစ် သင်ကြားခဲ့ပါသည်။ သင်တန်းတွင် သုခအလင်းပညာဒါနကျောင်း ကျောင်းအုပ်ဆရာကြီး ဦးနေမျိုးအေးမှအဖွင့်စကားပြောကြားခဲ့ပါသည်။ ချစ်ခြင်းမေတ္တာအခြေပြု ခေါင်းဆောင်မှုသင်တန်းမှာသင်တန်းကာလ (၂)လဖြစ်ပြီ အပတ်စဉ် ကြာသပတေးနေ့ နှင့် သောကြာနေ့တိုင်း နေ့လည် (၁း၃၀)နာရီ မှ ညနေ(၃း၀၀)နာရီ အထိ တက်ရမည်ဖြစ်သည်။ယခုဖွင့်လှစ်သော သင်တန်းကို ဆရာ ဦးရဲဇော်လတ် MBA(UTCC),M.A(UFL) Leadership Speaker &Consultant မှ တာဝန်ယူ သင်ကြားမည်ဖြစ်ပါသည်။ သတင်း/ဓာတ်ပုံ – ပြန်ကြားရေးဌာန #FFSS

၁လပိုင်း ၂၀၁၉ ခုနှစ်တွင် ဇာတ်ညွှန်းရေးသားနည်း သင်တန်းဖွင့်မည်

သုခအလင်းပညာဒါနကျောင်း – 09421019150 အင်တာဗျူးဖြေရမည့်ရက် – (၂၇.၁.၂၀၁၉) နေ့လည် (၁းဝ၀)နာရီ သင်တန်းကာလ – (၃)လ သင်တန်းချိန် – အပတ်စဉ် စနေ၊ တနင်္ဂနွေ) တစ်ပတ်(၂)ရက် မနက်(၉းဝ၀)နာရီမှ (၁၂းဝ၀)နာရီထိ သင်တန်းဖွင်မည့်ရက် – (၂.၂.၂၀၁၉) (စနေနေ့) အင်တာဗျူအောင်မြင်သူများသာ သင်တန်းတက်ရောက်ခွင့်ရှိမည်ဖြစ်ပြီး ၊ ဓာတ်ပုံ (၁)ပုံ နှင့် လူကိုယ်တိုင် လာရောက်လျှောက်ထားနိုင်ပါသည်။ လူဦးရေ ကန့်သတ်ထားပါသည်။

၁လပိုင်း ၂၀၁၉ ခုနှစ်တွင် English Speaking သင်တန်းဖွင့်မည်

သုခအလင်းပညာဒါနကျောင်း – 09421019150 သင်တန်းကာလ – (၃)လ သင်တန်းချိန် – အင်္ဂါ၊ ဗုဒ္ဓဟူး နေ့လည် (၁းဝ၀ မှ ၃းဝ၀)နာရီအထိ သင်တန်းဖွင်မည့်ရက် – (၂၂.၁.၂၀၁၉) ဓာတ်ပုံ (၁)ပုံ ၊ တစ်လ(၈)ရက်၊ (၃)လတိတိ မပျက်အကွက် တက်ရောက်နိုင်မည့်သူများ ပညာအရည်အချင်းထောက်ခံစာ ၊ ဆယ်တန်းအောင်လက်မှတ်(သို့) တက္ကသိုလ်ကျောင်းသားကဒ်နှင့် လူကိုယ်တိုင် လာရောက်လျှောက်ထားနိုင်ပါသည်။ လူဦးရေ ကန့်သတ်ထားပါသည်။

၁လပိုင်း ၂၀၁၉ ခုနှစ်တွင် ကိုကာ- ကိုလာ လက်လီစီးပွားရေးကျွှမ်းကျင် သင်တန်းဖွင့်မည်

သုခအလင်းပညာဒါနကျောင်း – 09421019150 သင်တန်းကာလ – (၅)ရက် သင်တန်းချိန် – မနက်(၁၀းဝ၀)နာရီမှ နေ့လည်(၁၂းဝ၀)နာရီ အထိ သင်တန်းဖွင်မည့်ရက် – (၂၁.၁.၂၀၁၉) မှ (၂၅.၁.၂၀၁၉) အထိ

ကလောင် …ကလောင် …ကလောင် ကျောင်းတက်ခေါင်းလောင်းထိုးနေပြီ သူငယ်ချင်းရေ

နေမင်းကနွေးထွေးစွာ ထွက်ပေါ်လာချိန် ဥသြဌက်ကလေးလဲ ပင်ယံထက်မှာ တွန်ကြူးနေပြီ ။ ဒါနဲ့ နွေရာသီတောင်ရောက်နေပြန်ပေါ့လား … ငါတို့တွေ ကျောင်းစာသင်ခန်းထဲမှာ စာတွေအတူတူကျက်ရင်း စာမေးပွဲဆိုတဲ့ ပန်းတိုင်တွေကို အကောင်းဆုံးဖြေဆိုရင်း ဖြတ်သန်းခဲ့ကြတာ ခုဆို ကျောင်းကြီးလဲပိတ်ခဲ့ပြန်ပြီကွာ …။ စာမေးပွဲတွေပြီးတော့ “မင်းဘာလုပ်မလဲ … ငါဘာလုပ်မလဲ” မေးခွန်းတွေကိုယ်စီနဲ့ မေးနေတဲ့ ငါ့သူငယ်ချင်းရေ … ငါကတော့ကွာ နွေရာသီကျောင်းပိတ်ရက်မှာ နာရေးကူညီမှုအသင်း(ရန်ကုန်)လို့ခေါ်တဲ့ ရုပ်ရှင်မင်းသားကြီး ဦးကျော်သူတို့ ဖွင့်ထားတဲ့ သုခအလင်းပညာဒါနကျောင်းမှာ နွေရာသီ အခမဲ့သင်တန်းတွေအများကြီးဖွင့်ထားတယ်တဲ့ကွာ …ငါတော့အဲ့မှာ သင်တန်းတွေတက်နေပြီကွ … ဘာသင်တန်းတွေလဲဆို “ အခြေခံ အင်္ဂလိပ်စကားပြော ၊ကာတွန်း ၊ ပန်းချီ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ကရာတေး စတဲ့သင်တန်းတွေအများကြီးဖွင့်တော့ ငါ့မှာ ပျင်းရိနေချိန်တောင်မရှိပါဘူးကွာ … အဲ့ဒီသင်တန်းတွေအကုန်လုံးကို နေ့တိုင်းတက်ရတော့ […]

အနာဂါတ်တွင် ထွန်းလင်းတောက်ပလာမည့် “သုခအလင်း”အဆောက်အဦး

ပြည်သူ့အကျိုးပြု လုပ်ငန်းများကို ၂ဝဝ၁ ခုနှစ်မှစတင်၍ ပေးဆပ်လာခဲ့သည့် နာရေးကူညီမှု အသင်း(ရန်ကုန်)သည် အများပြည်သူတို့ ကြုံတွေ့နေရသော နာရေးဒုက္ခများအား ကူညီပေးခဲ့ရာမှ ၂ဝ၁ဝ ခုနှစ်တွင်ထပ်မံ၍ အနာဂါတ်၏ ရင်သွေးငယ်များအား ပညာရည်မြင့်မားစေရန် ရည်ရွယ်၍ “သုခအလင်း” စာကြည့်တိုက်နှင့် “သုခအလင်း” ပညာဒါနအား စတင်ဖွင့်လှစ်ခဲ့သည်။ ပညာရေးလုပ်ငန်းရပ်ကြီးအား စတင်ချိန်တွင် ကလေးသူငယ်များအား အင်္ဂလိပ်စာ အရည်အသွေး မြင့်မားစေရန်နှင့် လိမ္မာယဉ်ကျေးရန် ရည်ရွယ်၍ နွေရာသီ အင်္ဂလိပ်စာအခြေခံနှင့် ယဉ်ကျေးလိမ္မာ သင်တန်းများအား ဖွင့်လှစ်ခဲ့ရာမှ နောင်တွင်လိုအပ်ချက်အရ ကွန်ပျူတာသင်တန်း၊ အဆင့်မြင့် အင်္ဂလိပ်စာသင်တန်းများ၊ LCCI သင်တန်း အစရှိသည့်သင်တန်းများအား လူငယ်/ရွယ်များ အလုပ်အကိုင် အခွင့်အလမ်းများ ရရှိကြစေရန် ဖွင့်လှစ်ခဲ့သည်။ ထို့နောက် ၂ဝ၁၁ ခုနှစ်မှ စတင်၍ဘွဲ့ရပြီး လူငယ်/ရွယ်များ အလုပ်အကိုင် အခွင့်အလမ်းများ လွယ်ကူစွာ […]

ကိုယ်ပိုင်စီးပွားရေးစီမံခန့်ခွဲမှုသင်တန်းဆင်းပွဲအခမ်းအနား

ရန်ကုန် ဇွန်(၂)နာရေးကူညီမှုအသင်း(ရန်ကုန်)သုခအလင်းပညာဒါနကျောင်းနှင့် Ateliea Management and Business Consulting Centre တို့ပူးပေါင်းဖွင့်လှစ်သော ကိုယ်ပိုင်စီးပွားရေးစီမံခန့်ခွဲမှုသင်တန်း(၂ /၂၀၁၆) သင်တန်းဆင်းပွဲနှင့် (၃/ ၂၀၁၆) သင်တန်းသစ်ဖွင့်ပွဲအခမ်းအနားအား ယနေ့ ၂၀၁၆ ဇွန် ၂ ရက်နေ့တွင် နာရေးကူညီမှုအသင်း(ရန်ကုန်)၌်ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။ အဆိုပါအခမ်းအနားတွင်နာရေးကူညီမှုအသင်း(ရန်ကုန်)မှ အုပ်ချုပ်ရေးမှူး ဒေါ်ဧရာမောင်မောင် မှအဖွင့်စကားပြောကြားပြီး သင်တန်းဆရာ/ဆရာမများ၊ သင်တန်းသူ/သင်တန်းသားများ မှလည်း ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ပါသည်။ဆက်လက်၍ သင်တန်းသူ/သင်တန်းသားများနှင်ဆရာ/ဆရာမများမှ စုပေါင်းမြတ်ဒါနအဖြစ် နာရေးကူညီမှုအသင်း (ရန်ကုန်)သို့ အလှူငွေများ ပေးအပ်လှူဒါန်းခဲ့ပါသည်။ သင်တန်းများနှင့်ပတ်သက်၍ အသေးစိတ်သိရှိလိုပါက သုခအလင်းပညာဒါနကျောင်း – ဖုန်း ဝ၉၄၂၁၀၁၉၁၅၀ သို့ဆက်သွယ်မေးမြန်းနိုင်ကြောင်း သိရပါသည်။ ခိုင်ဖြိုး(FFSS)

ကွန်ပျူတာသင်တန်းများဖွင့်လှစ်သင်ကြား

၂၀၁၆ မေ (၈)ရက်နေ့တွင် နာရေးကူညီမှုအသင်း(ရန်ကုန်)သုခအလင်းပညာဒါနကျောင်းမှ (၁/၂၀၁၆)ကွန်ပျူတာသင်တန်းများကို စတင်ဖွင့်လှစ်ခဲ့ပြီး အခမ်းအနားတွင် နာရေးကူညီမှုအသင်း(ရန်ကုန်)ဥက္ကဌ ဦးကေ ျာ်သူ မှ “မိမိတို့ဘဝတွေ လှပလာစေဖို့ ခက်ခဲတဲ့လမ်းကြမ်းကို ရှေ့မှ ဖောက်လုပ်ပေးခဲ့ပြီဖြစ်ပြီး (၇)ရက်သားသမီး အလှူရှင်များ၏ ချွေးနည်းစာ ဖြင့် ဖွင့်လှစ်ထားခဲ့သည့်၄င်း သင်တန်းများကိုအကျိုးရှိစွာဖြင့် အောင်မြင်တဲ့ပန်းတိုင်သို့ စည်းကမ်းရှိရှိ ရောက်အောင်သွားကြရန်”အတွက် သင်တန်းသူ/သားများအား ပြောကြားပေးခဲ့ပြီး အမှုဆောင်အဖွဲ့များသင်တန်းမှ ဆရာများကသင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များကိုပြောကြားခဲ့ပြီး ကွန်ပျူတာသင်တန်းတွင် အခြေခံမှ စ၍အခြားအတန်းများဖြစ်သည့် A+ (Hardware)D.T.P PhotoshopAuto CAD – 3D MaxProgramming Networkingတန်းခွဲများကို စတင်ဖွင့်လှစ်ခဲ့ပြီး သင်တန်းသား/သူ ဦးရေ (၄၀ဝ)ခန့် တတ်ရောက် သင်ကြားရတော့မည် ဖြစ်သည် ။ ဖြိုးဖြိုး(FFSS)

၁လပိုင်း ၂၀၁၉ ခုနှစ်တွင် ပန်းအလှပြင် သင်တန်းဖွင့်မည်

သုခအလင်းပညာဒါနကျောင်း – 09421019150 သင်တန်းကာလ – (၂)ရက် သင်တန်းချိန် – မနက် (၉ း ဝ၀ – ၅ းဝ၀ )နာရီ အထိ သင်တန်းဖွင်မည့်ရက် – (၂၆.၁.၂၀၁၉၊ ၂၇.၁.၂၀၁၉) သင်တန်းသား (၁)ဦးလျှင် ဓာတ်ပုံ (၁)ပုံ ၊ သင်ထောက်ကူပစ္စည်းကိရိယာနှင့် ပန်းဖိုး(၂၀ဝ၀ဝ)ကျပ် ကျမည်ဖြစ်ပြီး လူကိုယ်တိုင် လာရောက်လျှောက်ထားနိုင်ပါသည်။ လူဦးရေ ကန့်သတ်ထားပါသည်။

တက်ကြွလှုပ်ရှားနိုင်ငံသား

နံနက်စောစောတွင် သုခခန်းမဆောင်၌ အလုပ်ရှုပ်နေကြသည်။ သင်တန်းတစ်ခုရှိနေသည်မှာ သေချာသည်။ ဘာသင်တန်းလဲလို့ မေးနေသည့်အသံများလဲ ကြားနေရသည်။ ခန်းမအတွင်းသို့ စာရေးစားပွဲများ ရွှေ့ပြောင်း သယ်ယူနေကြသော လုပ်အားပေးလူငယ်၊ မောင်မယ်များသည် “Active Citizen Training Course” ဟု ပြန်ဖြေသံကြားခဲ့သည်။ နာရေးကူညီမှု အသင်း(ရန်ကုန်)နှင့် ထိုသင်တန်း ဘယ်လို ဆက်စပ်မှုရှိမလဲဟု တွေးနေသူများလဲ ရှိကောင်းရှိနေပေဦးမည်။ ပြည်သူလူထုကို ဝန်ဆောင်မှုဖြင့် ပေးဆပ်နေသော ထိုအသင်းကြီးနှင့် ဤသင်တန်းမျိုးမှာ ခေါင်းနှင့်ပန်းလို ခွဲခြား၍မရပေ။ Active Citizen Training အား ၂ဝ၁၃ ခုနှစ်၊ အောက်တိုဘာလ (၁၆) ရက်နေ့မှ (၁၈) ရက်နေ့ အထိ (၃) ရက်ခန့် နာရေးကူညီမှု အသင်း(ရန်ကုန်)တွင် ဖွင့်လှစ်ပို့ချခဲ့သည်။ သို့သော် လုပ်အားပေး စေတနာ့လူငယ်မောင်မယ်တိုင်း တက်ရောက်ခွင့်မရခဲ့။ […]

  • 1
  • 2