ကွန်ပျူတာသင်တန်းများဖွင့်လှစ်သင်ကြား

၂၀၁၆ မေ (၈)ရက်နေ့တွင် နာရေးကူညီမှုအသင်း(ရန်ကုန်)သုခအလင်းပညာဒါနကျောင်းမှ (၁/၂၀၁၆)ကွန်ပျူတာသင်တန်းများကို စတင်ဖွင့်လှစ်ခဲ့ပြီး အခမ်းအနားတွင် နာရေးကူညီမှုအသင်း(ရန်ကုန်)ဥက္ကဌ ဦးကေ ျာ်သူ မှ “မိမိတို့ဘဝတွေ လှပလာစေဖို့ ခက်ခဲတဲ့လမ်းကြမ်းကို ရှေ့မှ ဖောက်လုပ်ပေးခဲ့ပြီဖြစ်ပြီး (၇)ရက်သားသမီး

အလှူရှင်များ၏ ချွေးနည်းစာ ဖြင့် ဖွင့်လှစ်ထားခဲ့သည့်၄င်း သင်တန်းများကိုအကျိုးရှိစွာဖြင့် အောင်မြင်တဲ့ပန်းတိုင်သို့ စည်းကမ်းရှိရှိ ရောက်အောင်သွားကြရန်”အတွက် သင်တန်းသူ/သားများအား ပြောကြားပေးခဲ့ပြီး အမှုဆောင်အဖွဲ့များသင်တန်းမှ ဆရာများကသင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များကိုပြောကြားခဲ့ပြီး ကွန်ပျူတာသင်တန်းတွင် အခြေခံမှ စ၍အခြားအတန်းများဖြစ်သည့်

A+ (Hardware)
D.T.P Photoshop
Auto CAD – 3D Max
Programming Networking
တန်းခွဲများကို စတင်ဖွင့်လှစ်ခဲ့ပြီး သင်တန်းသား/သူ ဦးရေ (၄၀ဝ)ခန့် တတ်ရောက် သင်ကြားရတော့မည် ဖြစ်သည် ။

ဖြိုးဖြိုး(FFSS)

Leave a comment

Your email address will not be published. Required fields are marked *