ဇန်နဝါရီ (၅)ရက်နေ့တွင် နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ လာရောက်လှူဒါန်းသော တနေ့တာအလှူရှင်များ

၂၀၁၉ ၊ဇန်နဝါရီ (၅) ရက်နေ့တွင် ဒေသအသီးသီးမှ လာရောက်လှူဒါန်းကြသော အသင်းအဖွဲ့အစည်းများ စည်းလုံးညီညွတ်စွာဖြင့် ရေရှည်တည်တံ့ခိုင်မြဲပြီး အလှူငွေများလည်းရရှိပါစေ … လိုအပ်သောနေရာများသို့ ထိထိရောက်ရောက်ပြန်လည်လှူဒါန်းနိုင်ပါစေ…အလှူရှင်မိသားစုများသည် စိတ်ချမ်းသာခြင်း၊ ကိုယ်ကျန်းမာခြင်းများဖြင့်ပြည့်စုံကြပါစေ … စီးပွားဥစ္စာများလည်း ဒီရေအလား တိုးတက်နိုင်ကြပါစေ…နာရေးကူညီမှုအသင်း(ရန်ကုန်)မှဆုတောင်းမေတ္တာပို့သအပ်ပါသည်။ လှူဒါန်းလိုသောအလှူရှင်များအနေဖြင့် ဝ၉-၄၂၁၀၁၁၉၁၅ သို့ဆက်သွယ်ပြီး Account name -FREE FUNERAL SERVICE SOCIETY (YGN)Bank Account No – 208 503 20800159401(KBZ BANK-NORTH-DAGON-2) သို့လှူဒါန်းနိုင်ပြီးအမှတ်( ၁၃/က )၊ ဗိုလ်မှူးဗထူးလမ်း၊ ၄၂ရပ်ကွက်၊ မြောက်ဒဂုံမြို့နယ်၊သို့လည်းလာရောက်လှူဒါန်းနိုင်ပါသည်။

ဇန်နဝါရီ (၄)ရက်နေ့တွင် နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ လာရောက်လှူဒါန်းသော တနေ့တာအလှူရှင်များ

၂၀၁၉ ၊ဇန်နဝါရီ (၄) ရက်နေ့တွင် ဒေသအသီးသီးမှ လာရောက်လှူဒါန်းကြသော အသင်းအဖွဲ့အစည်းများ စည်းလုံးညီညွတ်စွာဖြင့် ရေရှည်တည်တံ့ခိုင်မြဲပြီး အလှူငွေများလည်းရရှိပါစေ … လိုအပ်သောနေရာများသို့ ထိထိရောက်ရောက်ပြန်လည်လှူဒါန်းနိုင်ပါစေ… အလှူရှင်မိသားစုများသည် စိတ်ချမ်းသာခြင်း၊ ကိုယ်ကျန်းမာခြင်းများဖြင့် ပြည့်စုံကြပါစေ … စီးပွားဥစ္စာများလည်း ဒီရေအလား တိုးတက်နိုင်ကြပါစေ… နာရေးကူညီမှုအသင်း(ရန်ကုန်)မှဆုတောင်းမေတ္တာပို့သအပ်ပါသည်။

အစားထိုးမရနိုင်တဲ့ ကြယ်တစ်ပွင့်ကြွေလွင့်သွားခဲ့တဲ့ နာရေးကူညီမှုအသင်း(ရန်ကုန်)၏ ဂုဏ်ထူးဆောင် ရာသက်ပန်အသင်းသား၊ ပရဟိတ ငြိမ်းချမ်းရေးဂီတသူရဲကောင်း ဦးရဲလွင် (မဇ္ဈိမလှိုင်း)၏ နောက်ဆုံးခရီး

၂၀၁၈ ဇူလိုင် (၁၄) ယနေ့တွင် နာရေးကူညီမှုအသင်း(ရန်ကုန်)၏ ဂုဏ်ထူးဆောင် ရာသက်ပန်အသင်းသား၊ ပရဟိတ ငြိမ်းချမ်းရေးဂီတသူရဲကောင်း ဦးရဲလွင် (မဇ္ဈိမလှိုင်း) အသက်(၇၁)နှစ်၏ နောက်ဆုံးခရီးသို့ နာရေးကူညီမှုအသင်း(ရန်ကုန်)မှ ဦးဆောင်ဒါရိုက်တာအဖွဲ့ဝင် ဥက္ကဋ္ဌ ဦးကျော်သူ ၊ ဒု-ဥက္ကဋ္ဌ ဆရာမဒေါ်သန်းမြင့်အောင် ၊ အတွင်းရေးမှူး ဒေါ်ရွှေဇီးကွက် နှင့် အသင်းသူ/သားများက လိုက်ပါပို့ဆောင်၍ ကူညီခဲ့ကြသည်။ ဦးရဲလွင်သည် (၁၉၄၇)ခုနှစ် ဒီဇင်ဘာလတွင် ပေါင်းတည်မြို့တွင် မွေးဖွားခဲ့ပြီး မောင်နှမဆယ်ယောက်ရှိကာ ငယ်စဉ်ကတည်းကပင် ဂီတဝါသနာ အခြေခံရှိခဲ့သူဖြစ်သည်။ (၁၉၆၈)ခုနှစ်တွင် ရန်ကုန်စက်မှုတက္ကသိုလ်သို့ ရောက်ရှိခဲ့ပြီးနောက် တတိယနှစ်အထိသာ တက်ရောက်ခဲ့သည်။ (၁၉၇၄)ခုနှစ်တွင် E-machine တီးဝိုင်းအဖွဲ့တွင် Bass ဂီတာသမားအဖြစ် ပါဝင်ခဲ့ပြီး (၁၉၈၂)ဒီဇင်ဘာတွင် မဇ္ဈိမလှိုင်း တေးဂီတအဖွဲ့ကို တေးသံရှင် ခင်မောင်တိုး ၊ တေးရေးကိုနေဝင်း၊ ကိုမောင်မောင် […]

ရုပ်ရှင်နှင့် ဗီဒီယို ဇာတ်ညွှန်းရေးဆရာ မောင်လွင်(မြင်းမူ)၏ ဈာပနအခမ်းအနား

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်နေ မောင်လွင်(မြင်းမူ) အသက်(၆၄)နှစ်သည် (၁.၅.၂၀၁၈)ရက်နေ့ (ဝ၀း၁၀)နာရီအချိန်တွင် စံပြဆေးရုံကြီး၌ ကွယ်လွန်သွားခဲ့ရာ နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ ဆက်သွယ်အကူညီတောင်းခံ လာပါသဖြင့် အသင်းမှ နိဗ္ဗာန်ယာဉ်ဖြင့် သွားရောက်၍ ကျန်ရှိသောရုပ်အလောင်းအား ရေဝေးသုဿာန်အအေးခန်းသို့ (အခမဲ့) ပို့ဆောင်ပေးခဲ့ကြသည်။ ကွယ်လွန်သူ မောင်လွင်(မြင်းမူ) အသက်(၆၄)နှစ်၏ ဈာပန အခမ်းအနားအား ယနေ့ နေ့လည်း(၁၁းဝ၀)နာရီအချိန်တွင် ရေဝေးသုဿာန်၊ ခန်းမ(၁/ခ)တွင် ကျင်းပခဲ့ရာ အဆိုပါဈာပန အခမ်းအနားသို့ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှ တာဝန်ရှိသူများနှင့် အနုပညာရှင်ညီအစ်ကိုမောင်နှမများတက်ရောက်ခဲ့ကြပြီး၊ နာ/ကူ(ရန်ကုန်)အသင်းသူ/သားများမှ မောင်လွင်(မြင်းမူ) အသက်(၆၄)နှစ်၏ နောက်ဆုံးခရီး လိုက်ပါပို့ဆောင် ကူညီဖေးမခဲ့ကြသည်။ ၂၀၁၈၊ မေလ၊ (၃)ရက် သတင်း/ဓါတ်ပုံ – ပြန်ကြားရေးဌာန(FFSS)

သရုပ်ဆောင် မင်းစိန် ကွယ်လွန်ခြင်းအတွက် ဖေးမကူ

ရုပ်ရှင်နှင့်ဗီဒီယိုသရုပ်ဆောင် ဦးမင်းစိန်သည် ဇန်နဝါရီလ (၅)ရက်နေ့ မနက်(၂:၃၀) အချိန်ရန်ကုန်ဆေးရုံ ကြီး၌ရုတ်တရက်ကွယ်လွန်သွားပါသည်။ ကွယ်လွန်သူ ဦးမင်းစိန် အသက် (၅၆)နှစ်၏ ကြွင်းကျန်ရစ်ရုပ်ကလာပ်အား နာရေးကူညီမှုအသင်း(ရန်ကုန်)မှ ဥက္ကဌ ဦးကျော်သူ ကိုယ်တိုင် နိဗ္ဗာန်ယာဉ်မောင်းနှင်၍ ရန်ကုန်ဆေးရုံကြီးမှ ရေဝေးသုဿန်သို့ ပို့ဆောင်ကူညီဖေးမခဲ့ပါသည်။ ကွယ်လွန်သူ ဦးမင်းစိန်အား (7.1.2018)ရက်နေ့ မွန်းလွဲ(၁၂းဝ၀)အချိန် ရေဝေးသုဿန်တွင် မီးသဂြိုလ်မည်ဖြစ်ပါသည်။ ရုပ်ရှင်နှင့်ဗီဒီယိုသရုပ်ဆောင် ဦးမင်းစိန် ကွယ်လွန်သွားသည့်အတွက် မိသားစုများနှင့်အတူ နာရေးကူညီမှုအသင်း(ရန်ကုန်)မှ ထပ်တူထပ်မျှ ကြေကွဲဝမ်းနည်းရပါသည်။ ဓါတ်ပုံ – ​အောင်​စိုးပိုင်​ ၊ အုပ်စိုးညီညီ

သရုပ်ဆောင် ဒေါက်တာနန်းမြတ်ဖြိုးသင်း မွေးနေ့အမှတ်တရအလှူ

၂၀၁၆ ဇွန်(၂)ရက်နေ့ သရုပ်ဆောင်ဒေါက်တာနန်းမြတ်ဖြိုးသင်းမွေးနေ့အမှတ်တရနှင့်(၇)ရက်သားသမီးပရိသတ်များမှ စုပေါင်း၍ အလှူငွေ သိန်း(၃၀)ကျပ်အား နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ လှူဒါန်းပေးခဲ့ပြီး ညောင်ဦးမြို့ရှိကောင်းပင်စည်နာရေးကူညီမှုအသင်းသို့ နာရေးကူညီမှုအသင်း(ရန်ကုန်)နှင့် သရုပ်ဆောင် ဒေါက်တာနန်းမြတ်ဖြိုးသင်း တို့မှပူးပေါင်း၍ နိဗ္ဗာန်ယာဉ်(၁)စီးအား ပြန်လည်၍ ပေးအပ်လှူဒါန်းခဲ့ပါသည်။ ဖြိုးဖြိုး(ပြန်ကြားရေး)

နိဗ္ဗာန်ယာဉ်မတည်အလှူ

(26.5.2016)နေ့တွင် ကမာရွတ်မြို့နယ် မှ နိဗ္ဗာန်ယာဉ်(၁)စီးမတည်အလှူငွေအဖြစ်ကွယ်လွန်သူဖခင်ကြီးဦးထိန်လင်းအားရည်စူး၍ ကျန်ရစ်သူမိသားစု၊ ဆွေမျိုးမိတ်သင်္ဂဟနှင့်တပည့်များအလှူငွေ – ၈၀ဝ၀,ဝ၀ဝိ/- (သိန်းရှစ်ဆယ်ကျပ်) လှူဒါန်းခဲ့ပါသည်။ လှူဒါန်းမှုအစုစုအတွက် သာဓု အနုမောဓနာခေါ်ဆိုအပ်ပါသည်။

လူရွှင်တော် ဟာသသရုပ်ဆောင်ရှက်တယ်ဈာပန

၂၀၁၆ မေ ( ၂၃ )ရက်နေ့ ညနေ (၂းဝ၀ နာရီမှ ၄းဝ၀)နာရီရေဝေးခန်းမ(၁/ဂ)တွင် ကိုလင်းခမ်းရာ(ခ)ရှက်တယ် အသက်(၃၉)နှစ်အား ရေဝေးသုင်္သာန်တွင် မီးသဂြိုလ်ပြီးသည် အထိ နာရေးကူညီမှုအသင်း(ရန်ကုန်)မှ ဖေးမကူညီဆောင်ရွက်ပေးခဲ့ပါသည် ။ ကိုရှက်တယ် ကောင်းရာသုဂတိလားပါစေ … နာရေးကူညီမှုအသင်း(ရန်ကုန်)မှ ကျန်ရစ်သူမိသားစုနှင့်ထပ်တူထပ်မျှ ဝမ်းနည်းကြေကွဲရပါကြောင်း ။ ။

အဆိုတော်ခိုင်ထူး၏မိခင်ဈာပနအားကူညီပို့ဆောင်သဂြိုလ်ပေး

နာရေးကူညီမှုအသင်း(ရန်ကုန်)မှဆင်းရဲချမ်းသာလူပုဂ္ဂိုလ်မရွေးနာရေးကူညီမှုများပေးခဲ့ရာ ၂၀၁၆ မေ(၁၇)ရက်နေ့ တွင် အဆိုတော်ခိုင်ထူး၏မိခင်ကွယ်လွန်သူ ဒေါ်တင်တင်မြင့်အသက်(၉၂)နှစ် ၏ ရုပ်အလောင်းအားပါရမီအထွေထွေရောဂါ ကုဆေးရုံမှရေဝေးသုဿာန်သို့တိုက်ရိုက်ပို့ဆောင်မီးသဂြိုလ် ကူညီမှုပေးခဲ့ပါသည်။ နာရေးကူညီမှုအသင်း(ရန်ကုန်)မှအဆိုတော်ခိုင်ထူး၏မိသားစုနှင့်ထပ်တူဝမ်းနည်းကြေကွဲမိပါကြောင်း .

နေ့စဉ်နာရေးကူညီမှုပေါင်း(၂၀)ကျော်ရှိ

နာရေးကူညီမှုအသင်း(ရန်ကုန်)သည် ၂၀၁၆မေလ(၈)ရက်နေ့တွင်(၄) လသားကလေးငယ်၏နာရေးအပါအဝင်နာရေးပေါင်း(၂၈)လောင်းအားကူညီပေးခဲ့ကြောင်းသိရှိရ ရန်ကုန် မေလ(၈) နာရေးကူညီမှုအသင်း(ရန်ကုန်)သည် သက်ဆိုင်ရာနေအိမ် ဆေးရုံ ဆေးခန်း ၌ကွယ်လွန်သောတိုက်ရိုက်သဂြိုလ် သည့်(၄)လသားကလေးငယ်တစ်ဦး၏ နာရေးအပါအဝင်တိုက်ရိုက်နာရေးလမ်း ကြောင်း(၆)လောင်းနှင့်အအေးခန်းထား ရှိ၍သဂြိုလ်သောနာရေးလမ်း ကြောင်း(၂၂)လောင်း စုစုပေါင်း(၂၈)လောင်းအားကူညီပေးခဲ့ရကြောင်းရေးဝေးသုဿာန်ရှိနာရေးကူညီမှုအသင်း(ရန်ကုန်)ရုံးခွဲမှသတင်းရရှိပါသည်။ရေဝေး သုဿာန်၌ယနေ့တာဝန်ကျ အမှု့ ဆောင်များ နေ့တာဝန်ခံများနှင့် လုပ်အားပေးအသင်းသားများမှလည်း အချိန်နှင့်တစ်ပြေးညီစည်းစနစ်တကျ ကူညီလုပ်ကိုင်ပေးခဲ့ကြကြောင်းလည်း သိရှိရပါသည်။ နေ့စဉ်နာရေးပေါင်းနှစ်ဆယ်ကျော်နီးပါးကူညီပေးလျှက်ရှိပါသည်။ ကိုလင်း(F.F.S.S) (ရန်ကုန်)ရုံးခွဲမှသတင်းရရှိပါသည်။