ရွှေကလောင်ဆုရှင် ကြွေလွင့်ခြင်း

၂ဝ.၁ဝ.၂ဝ၁၃ (တနင်္ဂနွေနေ့) နံနက် (၁ဝးဝဝ) နာရီအချိန်တွင် ရေဝေးသုဿန်ရှိ ခန်းမဆောင် (၁/က)တွင် ဂါးဒီးယန်း ဦးစိန်ဝင်း အသက် (၉၂) နှစ်၏ ဈာပနအခမ်းအနားအား နာရေးကူညီမှု အသင်း(ရန်ကုန်)၏ အစီအစဉ်ဖြင့် ကျင်းပပြုလုပ်ခဲ့သည်။ ဆရာကြီး ဦးစိန်ဝင်းသည် ၁၇.၁ဝ.၂ဝ၁၃ (ကြာသပတေးနေ့) မွန်းလွဲ (၂း၁၅) နာရီအချိန်တွင် မဟာမြိုင်ဆေးခန်းတွင် ကွယ်လွန်သွားခဲ့ပြီး နာရေးကူညီမှု အသင်း(ရန်ကုန်)မှ သွားရောက်၍ ဆရာကြီး၏ သက်မဲ့ရုပ်ခန္ဓာအား ရေဝေးသုဿန် အအေးခန်းသို့ သယ်ယူပို့ဆောင် ကူညီပေးခဲ့သည်။ သတင်းစာဆရာကြီး ဂါးဒီးယန်း ဦးစိန်ဝင်းသည် ၁၉၄၂ ခုနှစ် ကတည်းက သတင်းစာဆရာအဖြစ် ရပ်တည်ခဲ့ပြီး ဂျပန်ခေတ်၊ ကိုလိုနီခေတ်၊ ပါလီမန်ဒီမိုကရေစီခေတ်မှစ၍ စစ်အစိုးရ ခေတ်အဆက်ဆက်အား ဖြတ်သန်းခဲ့ပြီး ၁၉၅၈ ခုနှစ်တွင် Guardian (ဂါးဒီးယန်း) သတင်းစာတိုက်အား […]

နောက်ဆံမတင်းကြဖို့

နာရေးကူညီမှုအသင်း(ရန်ကုန်)၏ လူမျိုးဘာသာ၊ ဆင်းရဲချမ်းသာမရွေး အများပြည်သူလူထုတို့ ကြုံတွေ့နေရသော နာရေးကိစ္စများအား (အခမဲ့) နွေးထွေးစွာ ကူညီပေးဆပ်ခဲ့သည်မှာ ၂ဝ၁၃ ခုနှစ် အတွက် အောက်တိုဘာလ (၇) ရက်နေ့ နံနက်ပိုင်းအချိန်တွင် သင်္ဂြိုဟ်ပေးခဲ့မှုများ ထပ်မံ၍ (တစ်သောင်း) ပြည့်တော့မည်ဖြစ်သည်။ အသင်းစတင် ဖွဲ့စည်းတည်ထောင်ခဲ့သော ၂ဝဝ၁ ခုနှစ် ဇန်နဝါရီလ (၁) ရက်နေ့ မှ ယခု ၂ဝ၁၃ ခုနှစ် အောက်တိုဘာလ (၇) ရက်နေ့အထိ (အခမဲ့) မီးသင်္ဂြိုဟ်ပေးခဲ့မှု စုစုပေါင်း (၁၃၄၉၇၉) ကျော် ရှိတော့မည်ဖြစ်သည်။ ထိုကဲ့သို့သော ကမ္ဘာမြေပြင်မှ ပြန်လည်ထွက်ခွါသွားမည့် ၂ဝ၁၃ ခုနှစ် အောက်တိုဘာလ (၇) ရက် နေ့တွင် ကွယ်လွန်အနိစ္စရောက်မည့် (တစ်သောင်းပြည့်ကွယ်လွန်သူ) အတွက်ရည်စူး၍ နာရေးကူညီမှု အသင်း(ရန်ကုန်)၏ ၂ဝ၁၃ […]