နောက်ဆံမတင်းကြဖို့
နာရေးကူညီမှုအသင်း(ရန်ကုန်)၏ လူမျိုးဘာသာ၊ ဆင်းရဲချမ်းသာမရွေး အများပြည်သူလူထုတို့ ကြုံတွေ့နေရသော နာရေးကိစ္စများအား (အခမဲ့) နွေးထွေးစွာ ကူညီပေးဆပ်ခဲ့သည်မှာ
၂ဝ၁၃ ခုနှစ် အတွက် အောက်တိုဘာလ (၇) ရက်နေ့ နံနက်ပိုင်းအချိန်တွင် သင်္ဂြိုဟ်ပေးခဲ့မှုများ ထပ်မံ၍ (တစ်သောင်း) ပြည့်တော့မည်ဖြစ်သည်။ အသင်းစတင် ဖွဲ့စည်းတည်ထောင်ခဲ့သော ၂ဝဝ၁ ခုနှစ် ဇန်နဝါရီလ (၁) ရက်နေ့ မှ ယခု ၂ဝ၁၃ ခုနှစ် အောက်တိုဘာလ (၇) ရက်နေ့အထိ (အခမဲ့) မီးသင်္ဂြိုဟ်ပေးခဲ့မှု စုစုပေါင်း (၁၃၄၉၇၉) ကျော် ရှိတော့မည်ဖြစ်သည်။
ထိုကဲ့သို့သော ကမ္ဘာမြေပြင်မှ ပြန်လည်ထွက်ခွါသွားမည့် ၂ဝ၁၃ ခုနှစ် အောက်တိုဘာလ (၇) ရက် နေ့တွင် ကွယ်လွန်အနိစ္စရောက်မည့် (တစ်သောင်းပြည့်ကွယ်လွန်သူ) အတွက်ရည်စူး၍ နာရေးကူညီမှု အသင်း(ရန်ကုန်)၏ ၂ဝ၁၃ ခုနှစ်အတွက် နာရေးကူညီမှု စုစုပေါင်း တစ်သောင်းပြည့်နေ့ရက်တွင် အသင်းသူ/သားများ၊ နယ်အသီးသီးတို့မှ ပရဟိတအဖွဲ့များ၊ ဝတ်ရွတ်အဖွဲ့များ၊ သံဃာတော်အပေါင်းတို့ဖြင့် စည်ကားသိုက်မြိုက်စွာ (အခမဲ့) ကူညီမှုကုသိုလ်တော်ကြီးအား ပြုလုပ်ပေးမည် ဖြစ်ပါသောကြောင့် စိတ်ဝင် စားကြသော မြို့နယ်အသီးသီးမှ ညီနောင် ပရဟိတအဖွဲ့များ၊ စာပေ၊ ဂီတ၊ ရုပ်ရှင်၊ သဘင် အနုပညာရှင် များနှင့် စာနယ်ဇင်းမီဒီယာများ ပါဝင်ဆင်နွဲနိုင်ပါကြောင်း သတင်းကောင်းပါးအပ်ပါသည်။
မည်သူမဆို ဒီလမ်းကိုသွားရမည်။
ဒီလမ်းသွားဖို့ ကြောက်စရာမလို … ပျော်စရာကောင်းဖို့သာ လိုအပ်သည်။
ပျော်စရာကောင်းဖို့ … ကောင်းမှုများများလုပ်ရမည်။
ကောင်းမှုကုသိုလ်တစ်ခုလုပ်ခြင်းသည် ဒီလမ်းသွားဖို့ ပျော်စရာ အထောက်အပံ့တစ်ခုဖြစ်လာမည်။
ထို့ကြောင့် … ပျော်စရာများများဖြစ်ရန် ကုသိုလ်များများလုပ်ရမည်။
ဒါဆိုရင် … “သင် သေရမှာကို မကြောက်တော့”
“သေခါးနီးလေ ပျော်စရာကောင်းလေဖြစ်စေသား”


A WordPress Commenter
August 29, 2026The practical examples make the technical concepts easier to apply.
forex trading strategies