သီတဂူသာသနာပြုအဖွဲ့ ဂုဏ်ထူးဆောင်ဥက္ကဋ္ဌ သီတဂူဦးဟန် ကွယ်လွန်

သီတဂူအပြည်ပြည်ဆိုင်ရာ သာသနာပြုအဖွဲ့ ဂုဏ်ထူးဆောင်ဥက္ကဋ္ဌ သီတဂူဦးဟန် (အဘဟန်) အသက် (၉၅)

နှစ်၏ ရုပ်ခန္ဓာအား

၆.၁.၂ဝ၁၉ ရက်နေ့ နံနက် (၁၁းဝဝ) နာရီအချိန်တွင် နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဋ္ဌ ဦးကျော်သူ နိဗ္ဗာန်ယာဉ်မောင်းနှင်၍ ရန်ကုန်ပြည်သူ့ဆေးရုံကြီး အအေးခန်းမှ ရေဝေးသုဿန်သို့ ပို့ဆောင် ကူညီဖေးမခဲ့သည်။ သီတဂူဦးဟန်သည် ၄.၁.၂ဝ၁၉ ရက်နေ့ နံနက် (၁ဝး၃ဝ) နာရီအချိန်တွင် ရန်ကုန်ပြည်သူ့ ဆေးရုံကြီး၌ ကွယ်လွန်အနိစ္စရောက်ခဲ့သည်။

သီတဂူဦးဟန်သည် ၁၈.၁၂.၂ဝ၁၈ ရက်နေ့တွင် သီတဂူဆရာတော်ကိုယ်တိုင် “သက်တော်ရှည် သာသနာုပြုစွမ်းဆောင်ရည်” ဂုဏ်ထူးဆောင်အဖြစ် ရွှေသုံးကျပ်သားဖြင့် ပုံဖော်ဂုဏ်ပြုခဲ့ပါသည်။

သီတဂူသာသနာပြုအဖွဲ့အတွက် ကြီးမားလှသည့် ဆုံးရှုံးမှုအတွက် နာရေးကူညီမှုအသင်း(ရန်ကုန်)မှ ထပ်တူထပ်မျှ နှမျောတသ သံဝေဂများစွာ ပွားများရပါသည်။

သတင်း/ဓါတ်ပုံ – ကျော်ဟိန်း

Leave a comment

Your email address will not be published. Required fields are marked *