သုခကုသိုလ်ဖြစ်ဆေးခန်း (ပြည်) ဖြစ်ပေါ်လာပုံ

 

သေရေးကိစ္စကို အကူအညီပေးခဲ့ကြသကဲ့သို့ ရှင်သူအတွက်လည်း တတ်စွမ်းသမျှ ဝိုင်းဝန်း ကူညီလိုကြသဖြင့် (ပထမ) နှစ်ပတ်လည် အခမ်းအနားတွင် ဆေးကူညီမှုကော်မတီကို တိုးချဲ့ဖွဲ့စည်းကာ ၂၀၀၃-ခုနှစ် ဧပြီလ(၇)ရက် ကမ္ဘာကျန်းမာရေး နေ့မှစ၍- မြောက်ဥက္ကလဆေးရုံကြီး၊ တောင်ဥက္ကလာပမိခင်နှင့် ကလေးဆေးရုံကြီး၊ အင်းစိန်ဆေးရုံကြီး၊ စံပြဆေးရုံကြီး၊ ရန်ကုန်အရှေ့ပိုင်းဆေးရုံကြီး၊ ရန်ကုန်အနောက်ပိုင်းဆေးရုံကြီး၊ ရန်ကုန်ကလေးဆေးရုံကြီး၊ ရန်ကုန် နားနှာခေါင်းလည်ချောင်း ဆေးရုံကြီး စသည့် ပြည့်သူ့ဆေးရုံကြီး(၈)ရုံတွင် ဆေးကူညီမှုလုပ်ငန်းများကို စတင်ဆောင်ရွက်ခဲ့ပါသည်။

၂၀၀၇ခုနှစ် မတ်လ(၂)ရက်နေ.တွင် သုခကုသိုလ်ဖြစ် ဆေးခန်းကိုသင်္ကန်းကျွန်းမြို.နယ် ဗြဟ္မဝိဟာရကျောင်းတွင် စတင်ဖွင့်လှစ်ခဲ့ပါသည်။

၂၀၀၉ခုနှစ် ဇူလိုင်လ(၁၉ )ရက်နေ့တွင် သုခကုသိုလ်ဖြစ်ဆေးခန်းအား ဗိုလ်မှူးဗထူးလမ်း၊မြောက်ဒဂုံမြို့နယ်သို့ ပြောင်းရွှေ့ ဖွင့်လှစ်ကာ ဆေးကုသမှု လုပ်ငန်းများကို တိုးမြှင့်လုပ်ကိုင်ခဲ့ပါသည်။ ထိုသို့ ဖွင့်လှစ်ကုသနေစဉ် အတောအတွင်း သုခကုသိုလ်ဖြစ်ဆေးခန်း၏ ဆေးကုသခြင်း လုပ်ငန်းအား ရပ်ဆိုင်းထားရန် အကြောင်းကြားစာများ ပေးပို့ လက်ခံရရှိသော်လည်း စေတနာရှင် ဆရာဝန်ကြီးများ၊ ဆရာဝန်မများ၊ လုပ်အားပေးလူငယ်မောင်မယ်တို့၏ ဇွဲလုံ့လ သတ္တိ ဝီရိယများဖြင့် ဆက်လက် ကုသပေးခဲ့ပါသည်။

၂၀၁၀ ခုနှစ်၊ ဇွန်လ(၁၉)ရက်နေ့တွင် ခေတ်မီ ဓါတ်မှန်ခန်းကို ဖွင့်လှစ်ခဲ့ပြီး ကျွမ်းကျင်သော ပညာရှင်တို့ဖြင့် အခမဲ့ ရိုက်ကူးပေးလျှက်ရှိပါသည်။

 

သုခကုသိုလ်ဖြစ်ဆေးခန်းတွင် ကုသပေးနေသည့် ရောဂါများမှာ-
  • အထွေထွေရောဂါ၊
  • မျက်စိအထူးကု၊
  • ခွဲစိတ်အထူးကု၊
  • သွားရောဂါ၊
  • အက်စိုက်၊
  • ဓါတ်မှန်၊
  • ကလေး အထူးကု၊
  • အရေပြား အထူးကု၊
  • အရိုးအကြော အထူးကု၊
  • မီးယပ်သွားဖွား အထူးကု၊
  • ဆီးနှင့်ကျောက်ကပ် အထူးကု၊
  • နားနှာခေါင်း လည်ချောင်း အထူးကု၊
  • ကင်ဆာနှင့်ဓါတ်ရောင်ခြည် အထူးကု၊
  • Ultrasound နှင့် ဓါတ်ခွဲစမ်းသပ်ပေးခြင်း၊
 
သုခကုသိုလ်ဖြစ်ဆေးခန်း၏ ဝန်ဆောင်မှုများမှာ-

  • ဆေးရုံ(၈)ရုံတွင် ဆေးကူညီမှု အနေဖြင့် ခွဲစိတ်မွေးဖွားရန် လိုအပ်သော ကိုယ်ဝန်ဆောင် မိခင်များ (နှစ်သက် ကယ်တင်ရသော ကုသိုလ်)နှင့် မည်သည့်ရောဂါမဆို ကျား မ မရွေး ကုသရန်လိုအပ်သော ချို့တဲ့နွမ်းပါး လူနာများအားခွဲစိတ် ခန်းခ စရိတ်အဖြစ်(နှစ်သောင်းကျပ်) ထောက်ပံ့ပေးခြင်း၊
  • သွားဓါတ်မှန်ရိုက်ပေးခြင်း၊ သွားနှုတ်ပေးခြင်း၊
  • ဆရာဝန်၏ ညွန်ကြားချက်ဖြင့် ဓါတ်ခွဲခန်းမှ ရောဂါ ရှာဖွေဓါတ်ခွဲပေးခြင်းအပြင် ECG, USG ဓါတ်မှန်ရိုက်သင့်သူ လူနာများအား စီစဉ်ဆောင်ရွက်ပေးခြင်း၊
  • ကင်ဆာဆေးသွင်းရန် လိုအပ်သော လူနာများအား စီစစ်၍ တစ်လလျှင် (၃၀၀၀၀/-သုံးသောင်းကျပ်) ထောက်ပံ့ပေးခြင်း၊
  • သွေးလိုအပ်သော လူနာများအား သွေးလှူရှင်နှင့် ချိတ်ဆက်ပေးခြင်း၊
  • အရေးပေါ်အောက်ဆီဂျင် လိုအပ်သော လူနာများအား အောက်ဆီဂျင်ဘူးများ လူနာကုတင်နှင့် Wheel Chair များ ငှားရမ်းခြင်း၊ လှူဒါန်းခြင်း၊
ဆေးခန်းပြမည့် လူနာများ တစ်ရက်ကြိုတင် စာရင်းပေးသွင်းရပါမည်။ လူနာ ကိုယ်တိုင်လာလျှင် မှတ်ပုံတင် မူရင်း ပါရပါမည်။ လူနာ ကိုယ်စားလာပါက လူနာအမည်ပါသည့် သန်းခေါင်စာရင်း မူရင်း၊ လူနာ မှတ်ပုံတင် မူရင်း၊ ကိုယ်စားလှယ်လာ ယူသူ၏ မှတ်ပုံတင် မူရင်းတို့ ပါရှိရမည်ဖြစ်သည်။
 
နာရေးကူညီမူအသင်း (ရန်ကုန်)

ဖြစ်ပေါ်လာပုံကို ဖတ်ရှုနိုင်ပါသည်။

သုခကုသိုလ်ဖြစ်ဆေးခန်း (ရန်ကုန်)

ဖြစ်ပေါ်လာပုံကို ဖတ်ရှုနိုင်ပါသည်။

သုခအလင်း (ပညာရေး)

ဖြစ်ပေါ်လာပုံကို ဖတ်ရှုနိုင်ပါသည်။