ကြွေလွင့်ခဲ့ရသော မြန်မာ့ရုပ်ရှင်လောကမှ ရုပ်ရှင်နှင့် ဗီဒီယိုသရုပ်ဆောင် မင်းစိန် ၏ နောက်ဆုံးခရီးသို့ ဖေးမပို့ဆောင်

တစ်ချိန်က မြန်မာ့ရုပ်ရှင် ဗီဒီယိုဖန်သားပြင်ပေါ်တွင်

လူဆိုး၊ ဓားပြ၊ လူသတ်ကောင်၊ မူးယစ်ဂိုဏ်းစတားနဲ့ အမျိုးသမီးတွေကို အဓမ္မကျင့်သူအဖြစ် ပီပီပြင်ပြင်သရုပ်ဆောင်ခဲ့ပြီး သရုပ်ဆောင် ပီပြင်လွန်း တာကြောင့် ပရိတ်သတ်များက လူဆိုးကြီးတစ်ယောက်အဖြစ် အသိအမှတ်ပြုခြင်းကို ခံခဲ့ရသူ ရုပ်ရှင် နှင့် ဗီဒီယိုသရုပ်ဆောင် မင်းစိန် အသက်(၅၆)နှစ်အား ယနေ့ မွန်းလွဲ(၁၂းဝ၀)အချိန် ရေဝေးသုဿန်တွင် ဈာပနအခမ်းအနားဖြင့် မီးသဂြိုလ်၍ နောက်ဆုံးခရီးအား နာရေးကူညီမှုအသင်း(ရန်ကုန်)မှ ပို့ဆောင်ကူညီခဲ့ကြသည်။

ရုပ်ရှင်နှင့် ဗီဒီယိုသရုပ်ဆောင် မင်းစိန်၏ နောက်ဆုံးခရီးတွင် သူချစ်ရသော မိသားစုဝင်များ ၊ ရုပ်ရှင်လောကမှ သူငယ်ချင်းမိတ်ဆွေများ ၊ တစ်ချိန်က သူ့ကို လူဆိုးကြီးတစ်ယောက်လို သတ်မှတ်ထားခဲ့သော ပရိတ်သတ်များက ဝမ်းနည်းကြေကွဲစွာ လိုက်ပါပို့ဆောင်ခဲ့ကြသည်။

ထို့နောက်တွင် ကွယ်လွန်သွားသော ရုပ်ရှင်နှင့် ဗီဒီယိုသရုပ်ဆောင် မင်းစိန်အား ရည်စူးကာ သူ၏ပရိတ်သတ်တစ်ဦးမှ အလှူငွေ – (၃၀ဝ,ဝ၀ဝ/-) သုံးသိန်းကျပ်တိတိအား နာရေးကူညီမှုအသင်း(ရန်ကုန်)မှ တာဝန်ရှိသူတစ်ဦးအား လာရောက်လှူဒါန်းခဲ့သဖြင့် ဦးမင်းစိန်၏ မိသားစုများထံသို့ ပြန်လည်ပေးအပ်လှူဒါန်းခဲ့ပါသည်။

ဓါတ်ပုံ- G-3 ၊ အုပ်စိုးညီညီ

Leave a comment

Your email address will not be published. Required fields are marked *