စာသင်ကျောင်းအခြေပြု မီးဘေးလုံခြုံရေး အသိပညာပေး ဟောပြောပွဲ

စာသင်ကျောင်းအခြေပြု မီးဘေးလုံခြုံရေး အသိပညာပေး ဟောပြောပွဲ၊ သဘာဝဘေးအန္တရာယ် အသိပညာပေး ဟောပြောပွဲ၊ ငလျင်ဇာတ်တိုက်လေ့ကျင့်သရုပ်ပြပွဲတွင် ပူးပေါင်း ကူညီဆောင်ရွက် ၂၃.၉.၂၀၁၉ ရက်နေ့၊ (ဝ၉း၃၀)အချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်၊(၂)ရပ်ကွက်ရှိ အထက(၄)တွင်မြောက်ဥက္ကလာပမြို့နယ်မီးသတ်စခန်းမှ စခန်းမှူးဦးဆောင်၍ တပ်ဖွဲ့ဝင်များသည်စာသင်ကျောင်းအခြေပြု မီးဘေးလုံခြုံရေး အသိပညာပေး ဟောပြောပွဲ၊ သဘာဝဘေးအန္တရာယ် အသိပညာပေးဟောပြောပွဲ၊ ငလျင်ဇာတ်တိုက် လေ့ကျင့်သရုပ်ပြပွဲတွင် ကျောင်းသား၊ ကျောင်းသူများအား ဟောပြောခြင်း၊လက်တွေ့သရုပ်ပြသခြင်းလုပ်ငန်းများအား ဇာတ်တိုက်လေ့ကျင့်ပေးခဲ့ကြပြီးနာရေးကူညီမှုအသင်း(ရန်ကုန်)သီးသန့်မီးသတ်တပ်ဖွဲ့မှ ပူးပေါင်းပါဝင် ကူညီဆောင်ရွက် ပေးခဲ့ပါသည်။မိဘပြည်သူများ အနေဖြင့် မီးလောင်မှုနှင့်သဘာဝဘေးအန္တရာယ်များ ကျရောက်သည့်အခါအရေးပေါ် ဆက်သွယ်ရန်အတွက် နာရေးကူညီမှုအသင်း(ရန်ကုန်) #သီးသန့်မီးသတ်တပ်ဖွဲ့ ဖုန်း- 191, 01 706421 သို့ (၂၄)နာရီပါတ်လုံး ဆက်သွယ်အကူညီ တောင်းခံနိုင်ပါသည်​။ ဓာတ်ပုံ – ပြန်ကြားရေးဌာန #FFSS

ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ (၄) ရပ်ကွက်၊ ဧကရာဇ်လမ်းတွင် နေအိမ် မီးလောင်မှု ဖြစ်ပွားရာသို့ ထွက်ခွာငြှိမ်းသတ်

၁၆.၉.၂၀၁၉ ရက်နေ့၊ (၂၁း၂၈) အချိန်ခန့်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ (၄)ရပ်ကွက်၊ ဧကရာဇ်လမ်းတွင် နေအိမ် မီးလောင်မှုမီးလောင်မှုဖြစ်ပွားေကြာင်းသတင်းရရှိသဖြင့် level-1 ယာဉ်အုပ်စုများထွက်ခွာလျက်ရှိပြီး နာ​ရေးကူညီမှုအသင်​း(ရန်​ကုန်​)၊သီးသန်​့မီးသတ်​တပ်​ဖွဲ့မှ မီးငြှိမ်​းသတ်​ယာဉ်​(၁)စီး၊မီးသတ်​​ရေသယ်​ယာဉ်​ (၁)စီးတို့မှထွက်​ခွာငြှိမ်​းသတ်​လျက်​ရှိပြီးအ​ရေး​ပေါ်လူနာတင်​ယာဉ်​(၁)စီးမှ ကယ်​ဆယ်​ရေးနှင်​့ကျန်​းမာ​ရေးဝန်​​ဆောင်​မှု လုပ်​ငန်​းများဆောင်​ရွက်​​ပေးနိုင်​ရန်ထွက်ခွာခဲ့ကာ (၂၁း၄၃)အချိန် မီးငြိမ်းပါသည်။ မိဘပြည်သူများ အနေဖြင့်မီးလောင်မှုနှင့် သဘာဝဘေးအန္တရာယ်များ ကျရောက်သည့်အခါအရေးပေါ် ဆက်သွယ်ရန်အတွက် နာရေးကူညီမှုအသင်း(ရန်ကုန်)#သီးသန့်မီးသတ်တပ်ဖွဲ့ ဖုန်း- 191, 01 706421 သို့ (၂၄)နာရီပါတ်လုံး ဆက်သွယ်အကူညီ တောင်းခံနိုင်ပါသည်​။ ဓာတ်ပုံ – မြတ်မိုးအောင်

စက်တင်ဘာလ(၁၅)ရက်နေ့တွင် နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ လာရောက်လှူဒါန်းသော တနေ့တာအလှူရှင်များ

၂၀၁၉ ၊ စက်တင်ဘာလ(၁၅)ရက်နေ့တွင် နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ ဒေသအသီးသီးမှ လာရောက်လှူဒါန်းကြသော အသင်းအဖွဲ့အစည်းများစည်းလုံးညီညွတ်စွာဖြင့် ရေရှည်တည်တံ့ခိုင်မြဲပြီး အလှူငွေများလည်းရရှိပါစေ … လိုအပ်သောနေရာများသို့ထိထိရောက်ရောက်ပြန်လည်လှူဒါန်းနိုင်ပါစေ… အလှူရှင်မိသားစုများသည် စိတ်ချမ်းသာခြင်း၊ ကိုယ်ကျန်းမာခြင်းများဖြင့် ပြည့်စုံကြပါစေ …စီးပွားဥစ္စာများလည်း ဒီရေအလား တိုးတက်နိုင်ကြပါစေ…နာရေးကူညီမှုအသင်း(ရန်ကုန်)မှဆုတောင်းမေတ္တာပို့သအပ်ပါသည်။ လှူဒါန်းလိုသောအလှူရှင်များအနေဖြင့် ဝ၉-၄၂၁၀၁၁၉၁၅ သို့ဆက်သွယ်ပြီး Account name -FREE FUNERAL SERVICE SOCIETY (YGN) Bank Account No – 208 503 20800159401 (KBZ BANK-NORTH-DAGON-2) AYA Bank Account No – 0232 2050 1000 0387 CB Bank Account No – 0143 6008 0000 0407 […]

ပဲခူးမြို့ပေါ်ရှိ ရေဘေးဒဏ်သင့် ကယ်ဆယ်ရေးစခန်းများသို့ (ဒုတိယအကြိမ်) သွားရောက်လှူဒါန်းပေးခဲ့

၁၅.၉.၂၀၁၉ ရက်နေ့၊ (ဝ၉းဝ၀) အချိန်တွင် ပဲခူးဆိုင်းဒေသကြီး၊ ပဲခူးမြို့ပေါ်ရှိ ရေဘေးဒဏ်သင့် ကယ်ဆယ်ရေးစခန်းများ ဖြစ်သော ၁။ ပဲခူးမြို့၊ ဇိုင်း/တောင်ရပ်၊ ချမ်းမြေ့ဇေယျာသာမဏေကျော်တက္ကသိုလ်ကျောင်းတိုက်၌ စာသင်သားသံဃာအပါးရေ (၃၅၅)ပါးစာအတွက်၄င်း၊ ၂။ ပဲခူးမြို့၊ ခြံကြီးပိုင်းရပ်၊ ရေဘေးကယ်ဆယ်ရေးစခန်း၌ အိမ်ထောင်စု (၁၁၄)စု၊ လူဦးရေ ကျား-၂၈၆၊ မ-၂၇၄၊ စုစုပေါင်း-၅၆၀ ဦးစာအတွက်၄င်း၊ ၃။ ပဲခူးမြို့၊ ကျွန်းသာယာရပ်၊ ဒက္ခိဏသာခါကျောင်းဝင်းရှိ ရေဘေးကယ်ဆယ်ရေးစခန်း၌ အိမ်ထောင်စု (၃၂၂)၊ လူဦးရေ ကျား-၅၄၀၊ မ-၄၃၈၊ စုစုပေါင်း-၉၇၈ ဦးစာအတွက်၄င်း၊ ၄။ ပဲခူးမြို့၊ မာဇင်းရပ်၊ အိုးလေးစု၊ မွရ်ကာနီယာ အစ္စလာမ် ဘာသာရေးကျောင်း၌ အိမ်ထောင်စု (၈၀)စု၊ လူဦးရေ ကျား-၁၄၉၊ မ-၁၀၁၊ စုစုပေါင်း-၂၅၀ ဦးစာအတွက်၄င်း၊ ဆက်လက်၍ ၅။ ပဲခူးမြို့၊ […]

ဗုဒ္ဓဟူးနေ့ လုပ်အားပေး အသင်းသူ/သားများ၏ တစ်နေ့တာကုသိုလ်

နာရေးကူညီမှုအသင်း(ရန်ကုန်) ၏ စေတနာ့လုပ်အားပေး ဗုဒ္ဓဟူးနေ့ အသင်းသူ/သားများက အသင်းကြီး၏ ပရဝဏ်အတွင်း သန့်ရှင်းလှပအောင် စည်းလုံးညီညွတ်၍ ပျော်ရွှင်စွာဖြင့် တစ်နေ့တာကုသိုလ်အကျိုး ရယူခဲ့ကြသည်။ သတင်း/ဓါတ်ပုံ – ပြန်ကြားရေးဌာန

အစာအိမ်အူလမ်းကြောင်း အသည်းရောဂါ အထူးကုသမားတော် ဒေါက်တာသွင်မောင်အေး မှ ဦးဆောင်၍ သုခကုသိုလ်ဖြစ်ဆေးခန်း၊ Rotary Club of Central Yangon နှင့် Headway Myanmar Medical Co.,Ltd. မှ ကူညီထောက်ပံ့မည့် အစာအိမ်ရောဂါပိုး စရိတ်မျှပေး စမ်းသပ်မှုနှင့် ကုသမှုများ ပြုလုပ်ပေး

ယနေ့ နံနက်တွင် နာရေးကူညီမှုအသင်း(ရန်ကုန်) သုခကုသိုလ်ဖြစ်ဆေးခန်းတွင် အစာအိမ်အူလမ်းကြောင်း အသည်းရောဂါအထူးကုသမားတော် ဒေါက်တာသွင်မောင်အေး မှ ဦးဆောင်၍ Rotary Club of Central Yangon နှင့် Headway Myanmar Medical Co., Ltd. မှ ကူညီထောက်ပံ့ပေး၍ အစာအိမ်ရောဂါပိုး ရှိ/မရှိ အား စရိတ်မျှပေးကာ စမ်းသပ်မှုအား ပြုလုပ်ခဲ့ကြသည်။ အစာအိမ်ရောဂါလက္ခဏာများဖြစ်သည့် ဝမ်းဗိုက်နာ၊ ဗိုက်ကယ်၊မအီမသာ၊ အော့အန်ခြင်းတို့ကို မကြာခဏဆိုသလို (၆)လနှင့် အထက် ကြာမြှင့်စွာ ခံစားနေရသော လူနာများအား အစာအိမ်ရောဂါပိုး H.pylori ကူးစက်မှု လေမှုတ်စစ်ဆေးခြင်း(Urea Breath Test)ဖြင့် စမ်းသပ်ကုသပေးခဲ့ကြသည်။ ထိုသို့ လာရောက်စမ်းသပ်မှုခံယူခဲ့သော လူနာများ၏ စမ်းသပ်ခ ငွေကျပ်(၁၀,ဝ၀ဝ)အား Headway Myanmar Medical Co., Ltd. […]

ရေဘေးသင့်ဒေသဖြစ်သော မွန်ပြည်နယ်၊ ရေးမြို့ရှိ ပြန်လည်ထူထောင်ရေးအား စာသင်ကျောင်းများသို့ လှူဒါန်းပေးခဲ့

နာရေးကူညီမှုအသင်း(ရန်ကုန်) မှ ” အများပြည်သူအတွက် အများပြည်သူကောင်းမှု” အဖြစ် ရေဘေးသင့်ဒေသဖြစ်သော မွန်ပြည်နယ် ၊ ရေးမြို့ရှိ စာသင်ကျောင်းများအားအဓိကထားကာ စာရေးကိရိယာများ၊ သင်ထောက်ကူပစ္စည်းများ နှင့် ကျောင်းစာကြည့်တိုက်များသို့ ဗဟုသုတ၊ ရသ စာပေများအား သွားရောက်လှူဒါန်းပေးခဲ့ကြသည်။ သို့ဖြစ်ပါ၍ စာသင်ကျောင်းများနှင့် သက်ဆိုင်သော အလှူပစ္စည်းများလှူဒါန်းနိုင်ပါကြောင်း အလှူရှင်မိသားစုများအား အသိပေးနှိုးဆော်လိုက်ရပါသည်။ လှူဒါန်းလိုသောအလှူရှင်များအနေဖြင့် ဝ၉-၄၂၁၀၁၁၉၁၅သို့ဆက်သွယ်ပြီးAccount name -FREE FUNERAL SERVICE SOCIETY (YGN)Bank Account No – 208 503 20800159401(KBZ BANK-NORTH-DAGON-2) AYA Bank Account No – 0232 2050 1000 0387 CB Bank Account No – 0143 […]

နာရေးကူညီမှုအသင်း(ရန်ကုန်)၏ ဝန်ထမ်းကောင်းဖြစ်သူ ဦးစိန်မြင့် ၏ ဖခင်ဘုန်းကြီး ဘဝနတ်ထံပျံလွန်တော်မူသော ဦးစန္ဒောဘာသ(ခ)ဦးသိန်းမောင် ၏ အန္တိမဈာပန အခမ်းအနား

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ အသောကာရုံရွှေကျင်စာသင်တိုက်(စော်ဘွားကြီးကုန်း)တွင် သီတင်းသုံးတော်မူသော ဦးစန္ဒောဘာသ(ခ)ဦးသိန်းမောင်(မြန်မာ့လေကြောင်း-စက်မှု(ငြိမ်း) )သက်တော်(၉၁)နှစ်၊ သိက္ခာတော် (၂၉)ဝါ ၏ အန္တိမဈာပနအား ယနေ့ နေ့လည်(၃းဝ၀) အချိန်တွင် နာရေးကူညီမှုအသင်း(ရန်ကုန်) မှ အသင်းသားများသည် ရှေ့ပြေးယာဉ်၊ ပုံတော်တင်ယာဉ်၊အထူးနိဗ္ဗာန်ယာဉ်တို့ဖြင့် ရေဝေးသုဿာန်သို့ (အခမဲ့)ကုသိုလ်ယူ ပို့ဆောင်ကူညီမှုပေးခဲ့ပါသည်။ နာရေးကူညီမှုအသင်း(ရန်ကုန်)၏ ဝန်ထမ်းကောင်းတစ်ဦးဖြစ်သူဈာပနဌာနတွင် နိဗ္ဗာန်ယာဉ်မောင်းနှင်ကာ တာဝန်ထမ်းဆောင်လျှက်ရှိသောဦးစိန်မြင့် ၏ ဖခင်ဘုန်းကြီး ဘဝနတ်ထံပျံလွန်တော်မူသော ဦးစန္ဒောဘာသ(ခ)ဦးသိန်းမောင်၏ အန္တိမဈာပနအား နာရေးကူညီမှုအသင်း(ရန်ကုန်)မှ ကျေးဇူးဆပ်ကာ ကုသိုလ်ယူခဲ့ကြပါသည်။ နာရေးကူညီပေးမှုများအဖြစ် ကွယ်လွန်သူအား နိဗ္ဗာန်ယာဉ်ဖြင့်(အခမဲ့)သယ်ဆောင်ပေးခြင်း၊ အအေးခန်းထားခ ကူညီပေးခြင်း၊ မီးသင်္ဂြိုလ်ခကူညီပေးခြင်းတို့အပြင်၊ Cool Box များ(အခမဲ့)ငှားရမ်းပေးခြင်း၊ရဟန်းသံဃာများ၏ အန္တိမဈာပနတွင် ကရဝိတ်ဖောင်၊မှန်ခေါင်းများ (အခမဲ့)ငှားပေးခြင်း၊ နယ်ဒေသရှိ နာရေးအသင်းများသို့လည်း မီးသဂြိုလ်စက်များ တည်ဆောက်ပေးခြင်း၊ နိဗ္ဗာန်ယာဉ်များလှူဒါန်းပေးခြင်း၊စတီးခေါင်း၊ စတီးဖုံးများ၊ မှန်ခေါင်းများစသည့် နာရေးနှင့်ပတ်သက်သော လှူဒါန်းပေးမှုများကိုလည်း လှူဒါန်းပေးလျှက်ရှိပါသည်။ […]

ချစ်ခြင်းမေတ္တာအခြေပြု ခေါင်းဆောင်မှု (Love-Driven Leadership) သင်တန်း ဖွင့်လှစ်သင်ကြား

၂၀၁၉၊ စက်တင်ဘာ၊ (၅)ရက် နာရေးကူညီမှုအသင်း(ရန်ကုန်) ရှိ သုခအလင်းပညာဒါကျောင်းတွင်ချစ်ခြင်းမေတ္တာအခြေပြု ခေါင်းဆောင်မှု (Love-Driven Leadership) သင်တန်းအားယနေ့ နေ့လည်(၁း၃၀)နာရီတွင် စတင်ဖွင့်လှစ် သင်ကြားခဲ့ပါသည်။ သင်တန်းတွင် သုခအလင်းပညာဒါနကျောင်း ကျောင်းအုပ်ဆရာကြီး ဦးနေမျိုးအေးမှအဖွင့်စကားပြောကြားခဲ့ပါသည်။ ချစ်ခြင်းမေတ္တာအခြေပြု ခေါင်းဆောင်မှုသင်တန်းမှာသင်တန်းကာလ (၂)လဖြစ်ပြီ အပတ်စဉ် ကြာသပတေးနေ့ နှင့် သောကြာနေ့တိုင်း နေ့လည် (၁း၃၀)နာရီ မှ ညနေ(၃း၀၀)နာရီ အထိ တက်ရမည်ဖြစ်သည်။ယခုဖွင့်လှစ်သော သင်တန်းကို ဆရာ ဦးရဲဇော်လတ် MBA(UTCC),M.A(UFL) Leadership Speaker &Consultant မှ တာဝန်ယူ သင်ကြားမည်ဖြစ်ပါသည်။ သတင်း/ဓာတ်ပုံ – ပြန်ကြားရေးဌာန #FFSS

ရှမ်းပြည်နယ်(မြောက်ပိုင်း)စစ်ဘေးသင့် တိုင်းရင်းသားပြည်သူများထံသို့ လှူဒါန်းပေးခဲ့

နာရေးကူညီမှုအသင်း(ရန်ကုန်)မှ “အများပြည်သူအတွက် အများပြည်သူကောင်းမှု” အဖြစ်ရည်ရွယ်ကာ ယခုအခါတွင်ဖြစ်ပွားလျက်ရှိသော သဘာဝဘေးအန္တရယ်အမျိုးမျိုး ၊ စစ်ဘေးဒဏ် အမျိုးမျိုးတို့အတွက် ပြည်သူများ၏ လိုအပ်ချက်များကိုစာနာသနားကာ ကူညီဖေးမလျှက်ရှိပါသည်။ ယနေ့တွင် နာရေးကူညီမှုအသင်း(ရန်ကုန်) နှင့် ကျော်သူပရဟိတကွန်ယက် (အထက်မြန်မာပြည်) သာသနာ့ပါလအသင်းတို့ ပူးပေါင်းကာ ရှမ်းပြည်နယ်(မြောက်ပိုင်း) စစ်ဘေးရှောင်တိုင်းရင်းသားပြည်သူများရှိရာသို့ အိမ်ထောင်စု (၃၀၀)စာ အစားအသောက် နှင့် အဝတ်အထည်များ သွားရောက် လှူဒါန်းခဲ့ကြသည်။ ထိုကဲ့သို့ လှူဒါန်းရာတွင် လားရှိုးမြို့ရှိ မေတ္တာစမ်းရေ ယာဉ်လိုင်းပေါင်းစုံ လူမှုကူညီရေးအသင်း ၊ကမ်းလင့်လက်များအသင်း ၊မေတ္တာတံခွန် အသင်း နှင့် နှလုံးလှလူမှုကူညီရေးအသင်း တို့က ပူးပေါင်းကာ လိုအပ်သော အကူအညီများပေးခဲ့ကြပြီး လားရှိုးမြို့မေတ္တာစမ်းရေ ယာဉ်လိုင်းပေါင်းစုံ လူမှုကူညီရေးအသင်းတွင် လှူဒါန်းသော ပစ္စည်းများအား အခြေပြုထားရှိ၍ တိုက်ပွဲများကြောင့်စစ်ဘေးသင့်ဒေသများရှိ တိုင်းရင်းသားများထံသို့ လိုအပ်သလို ပေးပို့လှူဒါန်းသွားမည်ဖြစ်သည်။ သတင်း /ဓါတ်ပုံ […]