ရေးမြို့၊ အောင်သုခ ရပ်ကွက်ရှိ ရေဘေးဒဏ်သင့်ခံ နေအိမ်များသို့ သွားရောက်လှူဒါန်း

မွန်ပြည်နယ် ၊ ရေးမြို့ရှိ အောင်သုခ ရပ်ကွက် သို့ “အများပြည်သူအတွက် အများပြည်သူကောင်းမှု”အဖြစ် နာရေးကူညီမှုအသင်း(ရန်ကုန်) မှ ပရဟိတ အသင်းသားများနှင့် ဝန်ထမ်းများမှ ရေးဘေးဒဏ်သင့်ရာနေရာများသို့ အဝတ်အထည်များ၊ စားသောက်ကုန်ပစ္စည်းများ သွားရောက်လှူဒါန်းခဲ့ပါသည်။ ဓါတ်ပုံ – ရန်ကျော်မိုး(FFSS)

ရေးမြို့၊ သဘာဝဘေးဒဏ်သင့် ကျေးရွာ နေအိမ်များသို့ သွားရောက်လှူဒါန်း

၂၀၁၉၊ သြဂုတ်လ၊ (၂၁)ရက် မွန်ပြည်နယ် ၊ ရေးမြို့ရှိ သုဝဏ္ဏဘုံ၊ အနန်းဘုံ၊ သပြုချောင်း၊ ကျောက်သင်္ဘော၊ ရင်းရယ်၊ ဂနီး၊ ဖလန်းရွာ စသောကျေးရွာများ သို့ “အများပြည်သူအတွက် အများပြည်သူကောင်းမှု” အဖြစ် နာရေးကူညီမှုအသင်း(ရန်ကုန်) မှ ပရဟိတ အသင်းသားများနှင့် ဝန်ထမ်းများမှ သဘာဝဘေးဒဏ်သင့်ရာ နေရာများသို့ အဝတ်အထည်များ၊ စားသောက်ကုန်ပစ္စည်းများ ၊ ကျန်မာရေး ဌာနခွဲ ဆေးပေးခန်းများအတွက် ဆေးသေတ္တာ(Box)များကို သွားရောက်လှူဒါန်းခဲ့ကြသည်။ ထိုလမ်းပန်းဆက်သွယ်ရေး ခက်ခဲသော ကျေးရွားများရှိ စာသင်ကျောင်း(၁၂)ကျောင်းတွင် ပညာသင်ကြားနေသည့် ကျောင်းသား/ကျောင်းသူများအတွက် စာအုပ်၊ ခဲတံ၊ ပေတံ၊ ခဲဖျတ် စသော ကျောင်းသုံး စာရေးကရိယာများလဲ လှူဒါန်းပေးခဲ့ပါသည်။ သတင်း/ဓါတ်ပုံ – ပြန်ကြားရေးဌာန (FFSS)

(၇၁)နှစ်မြောက် အာဇာနည်နေ့အခမ်းအနားတွင် နာ/ကူ(ရန်ကုန်) အရေးပေါ်ကယ်ဆယ်ရေးဌာနနှင့်အတူ ပါဝင်ကူညီပေးခဲ့တဲ့ ရုပ်ရှင်သရုပ်ဆောင် ထွန်းကိုကို

၂၀၁၉၊ သြဂုတ်လ၊ (၂၁)ရက် မွန်ပြည်နယ် ၊ ရေးမြို့ရှိ သုဝဏ္ဏဘုံ၊ အနန်းဘုံ၊ သပြုချောင်း၊ ကျောက်သင်္ဘော၊ ရင်းရယ်၊ ဂနီး၊ ဖလန်းရွာ စသောကျေးရွာများ သို့ “အများပြည်သူအတွက် အများပြည်သူကောင်းမှု” အဖြစ် နာရေးကူညီမှုအသင်း(ရန်ကုန်) မှ ပရဟိတ အသင်းသားများနှင့် ဝန်ထမ်းများမှ သဘာဝဘေးဒဏ်သင့်ရာ နေရာများသို့ အဝတ်အထည်များ၊ စားသောက်ကုန်ပစ္စည်းများ ၊ ကျန်မာရေး ဌာနခွဲ ဆေးပေးခန်းများအတွက် ဆေးသေတ္တာ(Box)များကို သွားရောက်လှူဒါန်းခဲ့ကြသည်။ ထိုလမ်းပန်းဆက်သွယ်ရေး ခက်ခဲသော ကျေးရွားများရှိ စာသင်ကျောင်း(၁၂)ကျောင်းတွင် ပညာသင်ကြားနေသည့် ကျောင်းသား/ကျောင်းသူများအတွက် စာအုပ်၊ ခဲတံ၊ ပေတံ၊ ခဲဖျတ် စသော ကျောင်းသုံး စာရေးကရိယာများလဲ လှူဒါန်းပေးခဲ့ပါသည်။ သတင်း/ဓါတ်ပုံ – ပြန်ကြားရေးဌာန (FFSS)

အသည်းရောဂါ လူနာအား မြောက်ဥက္ကလာဆေးရုံသို့ ပို့ဆောင် ကူညီပေး

(၆.၉.၂၀၁၉) ည (၁၀းဝ၀)နာရီ အချိန်တွင် ရွှေပေါက်ကံ၊ (၁၇)ရပ်ကွက်၊ အင်းဝလမ်းမှ အမျိုးသား အသက်(၃၅)နှစ် အသည်းရောဂါ လူနာအား မြောက်က္ကလာပဆေးရုံသို့နာရေးကူညီမှုအသင်း(ရန်ကုန်) #K_Amublance အရေးပေါ်ကယ်ဆယ်ရေးဌာနညတာဝန်ကျ အဖွဲ့မှ အချိန်နှင့်တပြေးညီ (အခမဲ့) ပို့ဆောင်ကူညီပေးခဲ့ပါသည်။ နာရေးကူညီမှုအသင်း(ရန်ကုန်) K-Ambulance အရေးပေါ်လူနာတင်ယာဉ်ဌာနအနေဖြင့် ပြည်သူများ၏ အခက်အခဲများ၊ ကျန်းမာရေးဝန်ဆောင်မှုများနှင့်အရေးပေါ်ကိစ္စများကို အချိန်နှင့်တပြေးညီ (၂၄)နာရီအဆင်သင့် (အခမဲ့) ကူညီဆောင်ရွက်ပေးလျက်ရှိရာ အကူအညီများတောင်းခံလိုပါကဖုန်း – 09 421119566, 09 31333273သို့ဆက်သွယ် အကူအညီတောင်းခံနိုင်ပါသည်။ သတင်း /ဓါတ်ပုံ -ပြန်ကြားရေးဌာန (F.F.S.S.)

ဟာသ လူရွှင်တော် သရုပ်ဆောင် ကင်းကောင်း(ခ) ဦးမျိုးမြင့် ၏ ဈာပန အခမ်းအနား

နာရေးကူညီမှုအသင်း(ရန်ကုန်)မှ ဥက္ကဋ္ဌ ဦးကျော်သူ ၊ သရုပ်ဆောင် အသင်းသား ထွန်းကိုကို နှင့်အတူ အသင်းသူ/သားများက ယနေ့ နံနက် (၇းဝ၀)အချိန်တွင်ကွယ်လွန်သူ ဟာသလူရွှင်တော် သရုပ်ဆောင် ကင်းကောင်း(ခ)ဦးမျိုးမြင့်အသက်(၅၅)နှစ်၏ ဈာပနအခမ်းအနားတွင် ဖေးမကူညီပေးခဲ့ကြသည်။ ဟာသလူရွှင်တော် သရုပ်ဆောင် ကင်းကောင်း(ခ)ဦးမျိုးမြင့် ၏ နောက်ဆုံးခရီးတွင် မိသားစုဝင်များ ၊ အနုပညာရှင်များ၊ ဆွေမျိုးမိတ်သင်္ဂဟာများ နှင့် ဦးကင်းကောင်အား ချစ်မြတ်နိုးကြသော ပရိတ်သတ်များစွာတို့က ကြေကွဲဝမ်းနည်းစွာဖြင့် လိုက်ပါပို့ဆောင်ခဲ့ကြသည်။ သတင်း/ဓါတ်ပုံ – G-3၊ မြတ်မိုးအောင်၊ ဖြိုးဖြိုး

(၁/၂၀၁၉) (အခမဲ့) ကွန်ပျူတာသင်တန်း စတင် ဖွင့်လှစ် သင်ကြား

နာရေးကူညီမှု အသင်း(ရန်ကုန်)ရှိ သုခအလင်း ပညာဒါန ကျောင်းသည် ဥက္ကဌ ဦးကျော်သူ ဦးဆောင်မှုဖြင့် (အခမဲ့) သင်တန်းများအား ဖွင့်လှစ်လျှက်ရှိရာ ယနေ့တွင် (၁/၂၀၁၉) ကွန်ပျူတာ သင်တန်းအား စတင်ဖွင့်လှစ်ခဲ့ ပါသည်။ သင်တန်း အဖွင့်တွင် သုခအလင်းပညာ ဒါနကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးနေမျိုးအေးမှ သင်တန်းဖွင့်လှစ် ရခြင်း ရည်ရွယ်ချက်နှင့် သင်တန်းသားများ သင်တန်းပြီးဆုံး သည် အထိ တတ်ရောက်ကြရန် ပြောကြားခဲ့ပါသည်။ ယခုဖွင့်လှစ်သော(၁/၂၀၁၉) ကွန်ပျူတာ သင်တန်းတွင် Basic Level မှ Advance Level အထိ ပရဟိတ ဆရာ/ဆရာမ များမှ သင်ကြားသွားမည် ဖြစ်ပါသည်။ သတင်း/ဓာတ်ပုံ – ပြန်ကြားရေးဌာ

“သွေးချင်းတို့ရဲ့ ပွဲတော်ဆီ” ပွဲတော်ကြီး(၄)ရက်မြောက်နေ့တွင် “ကိုယ့်အမှိုက် ကိုယ်ရှင်း”အဖွဲ့နှင့် အနုပညာရှင်များမှ အမှိုက်ကောက် ကုသိုလ်ယူ

” သွေးချင်းတို့ရဲ့ ပွဲတော်ဆီ” ပွဲတော်ကြီး(၄) ရက်မြောက်နေ့ တွင် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးကို ရည်ရွယ်၍ ဥက္ကဌ ဦးကျော်သူ၏ ဦးဆောင် လမ်းညွှန်မှုဖြင့် နာရေးကူညီမှု အသင်း(ရန်ကုန်) “ကိုယ့်အမှိုက် ကိုယ်ရှင်း” အဖွဲ့ နှင့်အတူ အသင်းသား ရုပ်ရှင်သရုပ်ဆောင် ထွန်းကိုကို၊ Model ဇူကီ၊ Model သဇင်ခိုင်၊ Model သော်သော်လမင်း တို့နှင့် ထွန်းကိုကို အားချစ်ကြသူများ အဖွဲ့တို့မှ အမှိုက် ကောက် ကုသိုလ်ယူခဲ့ကြပါသည်။ ” သွေးချင်းတို့ရဲ့ ပွဲတော်ဆီ” ပွဲတော်ကြီးကို (25.1.2019 မှ 30.1.2019)ရက်နေ့အထိ နံနက် (၁၀)နာရီမှ ည (၈)နာရီအထိ ပြုလုပ်ကျင်းပသွားမည်ဖြစ်ရာ “ကိုယ့်အမှိုက် ကိုယ်ရှင်း”အဖွဲ့ သည် နေ့လည် (၂းဝ၀) နာရီမှ စတင်၍ […]

“သွေးချင်းတို့ရဲ့ ပွဲတော်ဆီ” ပွဲတော်ကြီး (၄)ရက်မြောက် နေ့တွင် ကျန်းမာရေး စောင့်ရှောက် ကူညီပေး

ရန်ကုန်မြို့ ၊ ကျိုက်က္ကဆံကွင်း တွင်ကျင်းပပြုလုပ်သော ” သွေးချင်းတို့ရဲ့ ပွဲတော်ဆီ” ပွဲတော်ကြီး(၄)ရက် မြောက်နေ့တွင် နာရေးကူညီမှု အသင်း(ရန်ကုန်) K-Ambulance အရေးပေါ် ကယ်ဆယ်ရေး အဖွဲ့ နှင့် ပါရမီဆေးရုံမှ ဆရာဝန်များသည် ပွဲတော်သို့ လာရောက်သော အများပြည်သူများ အား နံနက် (၁၀)နာရီမှ ည (၈)နာရီအထိ ကျန်းမာရေး စောင့်ရှောက်မှု (အခမဲ့) ပေးကာ ဝိုင်းဝန်းကူညီ ပေးခဲ့ပါသည်။ ” သွေးချင်းတို့ရဲ့ ပွဲတော်ဆီ” ပွဲတော်ကြီးကို (25.1.2019 မှ 30.1.2019) ရက်နေ့အထိ နံနက် (၁၀)နာရီမှ ည (၈)နာရီအထိ ပြုလုပ်ကျင်းပ သွားမည် ဖြစ်ကြောင်း သိရပါသည်။

သွေးချင်းတို့ရဲ့ ပွဲတော်ဆီ ပွဲတော်ကြီး (တတိယနေ့) တွင် ကျန်းမာရေး စောင့်ရှောက် ကူညီပေး

ရန်ကုန်မြို့ ၊ ကျိုက်က္ကဆံကွင်း တွင်ကျင်းပပြုလုပ်သော ” သွေးချင်းတို့ရဲ့ ပွဲတော်ဆီ” ပွဲတော်ကြီး (တတိယနေ့)တွင် နာရေးကူညီမှု အသင်း(ရန်ကုန်) K-Ambulance အရေးပေါ် ကယ်ဆယ်ရေး အဖွဲ့ နှင့် ဆရာဝန် ဒေါက်တာ သက်မှူး တို့မှ ပွဲတော်သို့ လာရောက်သော အများပြည်သူများအား နံနက် (၁၀)နာရီမှ ည (၈)နာရီအထိ ကျန်းမာရေး စောင့်ရှောက်မှု (အခမဲ့)ပေးကာ ဝိုင်းဝန်းကူညီပေးခဲ့ပါသည်။ ” သွေးချင်းတို့ရဲ့ ပွဲတော်ဆီ” ပွဲတော်ကြီးကို (25.1.2019 မှ 30.1.2019)ရက်နေ့အထိ နံနက် (၁၀)နာရီမှ ည (၈)နာရီအထိ ပြုလုပ်ကျင်းပသွားမည်ဖြစ်ကြောင်းသိရပါသည်။ ဓာတ်ပုံ – ရန်ကျော်မိုး၊ မင်းသီရိ

ဥက္ကဋ္ဌ ဦးကျော်သူ ၏ ပရဟိတ စာပေ ဟောပြောပွဲ ကော့သောင်းမြို့တွင် ဟောပြောခဲ့

နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဋ္ဌ ဦးကျော်သူမှ ၂၆-၁-၂၀၁၉ ရက်နေ့ ညတွင် ကော့သောင်းမြို့ ၊ အဏ္ဏဝါ ကျောက်တိုင် ဘောလုံးကွင်းတွင် ကျင်းပပြုလုပ်သော စာပေဟောပြောပွဲသို့ တက်ရောက်၍အများအကျိုးအတွက် လုပ်ဆောင်ခဲ့သည့် ပရဟိတ လုပ်ငန်းများ၏ အတွေ့အကြုံများကို ဟောပြောခဲ့ပါသည်။