ရည်ရွယ်ချက်
- လူမျိုးဘာသာ မရွေး၊ ဆင်းရဲချမ်းသာ မရွေးတို့၏ နာရေးကိစ္စများအတွက် အကူအညီ တောင်းခံလာပါက အသင်း၏ စည်းမျဉ်း စည်းကမ်းများနှင့် အညီ (အခမဲ့) ကူညီ ဆောင်ရွက်ပေးရန်။
- ဆေးကုသမှု ခံယူရန် လိုအပ်သော ချို့တဲ့ နွမ်းပါးသည့် လူနာများအား ကျန်းမာရေး စစ်ဆေးပေးခြင်း၊ ဆေးကူညီမှု ပေးခြင်း၊ အထွေထွေ ခွဲစိတ် ကုသမှု လစရိတ် ပေးခြင်းများကို လူမျိုးဘာသာ မရွေး ကုသိုလ်ပြုရန်။
- အနာဂတ် မျိုးဆက်သစ် လူငယ်များ၏ စိတ်ပိုင်း/ရုပ်ပိုင်း ဆိုင်ရာနှင့် အသိပညာ၊ အတတ်ပညာ၊ ဗဟုသုတများ ဖွံ့ဖြိုး တိုးတက်စေရန်အတွက် ကူညီ ဆောင်ရွက်ရန်။
- သဘာဝ ဘေးအန္တရာယ်များ ဖြစ်ပေါ်လာပါက အခါအားလျော်စွာ ဒုက္ခသည်များအား လိုအပ်သည့် အရေးပေါ် ကူညီ ကယ်ဆယ် ထောက်ပံ့မှုများ ပြုလုပ်ရန်။
- မြန်မာပြည် အရပ်ရပ်ရှိ အများအကျိုးအား မှန်ကန်စွာ ဆောင်ရွက်နေသည့် ပရဟိတ အသင်းများ၏ လိုအပ်ချက်တို့အား တက်စွမ်းသမျှ ကူညီပံ့ပိုးရန်။
- ဗုဒ္ဓဘာသာဝင်များအား ဗုဒ္ဓ၏ အဆုံးအမနှင့်အညီ မှန်ကန်စွာ ကျင့်ကြံ နေထိုင်ခြင်းအားဖြင့် သာသနာတော် ထွန်းကားပျံ့ပွား လာစေရန်။
- သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ငန်းများကို တက်စွမ်းသမျှ ကူညီ ဆောင်ရွက်ကြရန်။
ခံယူချက်
- အသင်းသား/သူများသည် မေတ္တာ - ကရုဏာ - မုဒိတာ - ဥပေက္ခာဟူသည့် ဗြဟ္မစိုရ် တရားလေးပါးအား နှလုံးစိတ်ဝမ်းသွင်း၍ အများပြည်သူတို့၏ နာရေး၊ ကျန်းမာရေး၊ ပညာရေး အစရှိသည့် ကိစ္စရပ်များအား တာဝန်ယူ ကူညီ ဖေးမ ဆောင်ရွက်ကြပါမည်။