၂၀၁၉ အောက်တိုဘာ (၁၆)
ပဲခူးတိုင်းဒေသကြီးအနောက် ပြည်မြို့ ၊
နဝဒေးနယ်မြေ ရွှေပေါက်ပင်တောရကျောင်းတိုက်
ဦးစီးပဓာန နာယကဆရာတော် ဖြစ်တော်မူသော
သဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တသောမာစာရ မေတ္တာဝါဒီ
ရွှေပေါက်ပင် ဆရာတော်ဘုရားကြီး၏
နှစ်စဉ်ပြုလုပ်အပ်သော ကျွတ်ပွဲလွတ်ပွဲ
အဓိဋ္ဌာန်အောင်ပွဲကို ယနေ့ နံနက်
နာရေးကူညီမှုအသင်း(ရန်ကုန်)တွင်
ဆရာတော်ကြီး၏ မေတ္တာတရားတော်များကို
ခံယူကာ (၇)ရက်သားသမီးများ၊ နာရေးကူညီမှုအသင်း(ရန်ကုန်)မှ
ဦးဆောင်ဒါရိုက်တာအဖွဲ့ဝင်များ၊ အသင်းသူ/သားများ၊ ဝန်ထမ်းများ
၊ ဒါယိကာ ဒါယိကာမများမှ ဆွမ်းဆပ်ကပ်ေ
လာင်းလှူပူဇော်ခဲ့ကြသည်။
ဆရာတော်ကြီးမှ
နာရေးကူညီမှုအသင်း(ရန်ကုန်)တွင် အသုံးပြုလျက်ရှိသော
နိဗ္ဗာန်ယာဉ်များ၊ အရေးပေါ်ကယ်ဆယ်ရေးယာဉ်များ၊
မီးသတ်ရေယာဉ်များ အား ပရိတ်ရေများပတ်ဖျန်း၍ေ
မတ္တာဖြန့်ဝေပေးခဲ့သည်။