၁၅.၉.၂၀၁၉ ရက်နေ့၊ (၀၉း၀၀) အချိန်တွင် ပဲခူးဆိုင်းဒေသကြီး၊ ပဲခူးမြို့ပေါ်ရှိ ရေဘေးဒဏ်သင့် ကယ်ဆယ်ရေးစခန်းများ ဖြစ်သော
၁။ ပဲခူးမြို့၊ ဇိုင်း/တောင်ရပ်၊ ချမ်းမြေ့ဇေယျာသာမဏေကျော်တက္ကသိုလ်ကျောင်းတိုက်၌ စာသင်သားသံဃာအပါးရေ (၃၅၅)ပါးစာအတွက်၎င်း၊
၂။ ပဲခူးမြို့၊ ခြံကြီးပိုင်းရပ်၊ ရေဘေးကယ်ဆယ်ရေးစခန်း၌ အိမ်ထောင်စု (၁၁၄)စု၊ လူဦးရေ ကျား-၂၈၆၊ မ-၂၇၄၊ စုစုပေါင်း-၅၆၀ ဦးစာအတွက်၎င်း၊
၃။ ပဲခူးမြို့၊ ကျွန်းသာယာရပ်၊ ဒက္ခိဏသာခါကျောင်းဝင်းရှိ ရေဘေးကယ်ဆယ်ရေးစခန်း၌ အိမ်ထောင်စု (၃၂၂)၊ လူဦးရေ ကျား-၅၄၀၊ မ-၄၃၈၊ စုစုပေါင်း-၉၇၈ ဦးစာအတွက်၎င်း၊
၎။ ပဲခူးမြို့၊ မာဇင်းရပ်၊ အိုးလေးစု၊ မွရ်ကာနီယာ အစ္စလာမ် ဘာသာရေးကျောင်း၌ အိမ်ထောင်စု (၈၀)စု၊ လူဦးရေ ကျား-၁၄၉၊ မ-၁၀၁၊ စုစုပေါင်း-၂၅၀ ဦးစာအတွက်၎င်း၊ ဆက်လက်၍
၅။ ပဲခူးမြို့၊ ကျွန်းသာယာရပ်၊ သီရိဇေယျာဘုန်းတော်ကြီးသင် ပညာရေးကျောင်းဝင်းရှိ ရေဘေးကယ်ဆယ်ရေးစခန်း၌ အိမ်ထောင်စု(၁၈၈)၊ လူဦးရေ ကျား-၃၄၅၊ မ-၄၀၁၊ စုစုပေါင်း-၇၄၆ ဦးစာအတွက်၎င်း၊
၆။ ပဲခူးမြို့၊ ရွာသစ်ရပ်ကွက်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းတွင် အိမ်ထောင်စု (၁၈၈)၊ လူဦးရေ ကျား-၃၄၅၊ မ-၄၀၁၊ စုစုပေါင်း- ၇၄၆ ဦးစာအတွက်၎င်း၊
၇။ ပဲခူးမြို့၊ ကလိကျေးရွာရှိ ရေဘေးကယ်ဆယ်ရေးစခန်း၌ အိမ်ထောင်စု (၄၉)၊ လူဦးရေ ကျား-၁၂၈၊ မ-၁၃၅၊ စုစုပေါင်း-၂၆၃ ဦးစာအတွက် ဆန်(၂၄)ပြည်ဝင် (၁၀၀)အိတ်၊ ရေသန့်(၁လီတာ) ကဒ် (၃၀၀)၊ ဖိနပ်အစုံ အိတ်ကြီး (၂)အိတ်၊ ငါးသေတ္တာ(ဖာကြီး) (၄၅)ဖာ၊ ကော်ဖီမစ် (၅၀)ပါကင်၊ ကြက်သွန်နီ (အိတ်ကြီး) (၅)အိတ်တို့အား နာရေးကူညီမှုအသင်း(ရန်ကုန်)မှ ပဲခူးမြို့ရှိ သကျနွယ်လူမှုကူညီရေးအသင်း၊ သုခကုသိုလ်ဖြစ်ဆေးခန်း(ပဲခူး) တို့နှင့်ပူးပေါင်း၍ ရေဘေးကယ်ဆယ်ရေးစခန်းများသို့ ထိထိရောက်ရောက် သွားရောက် လှူဒါန်းပေးခဲ့ပါသည်။
သတင်း - ရဲသွင်ထွဋ်
ဓာတ်ပုံ - ရန်ကျော်မိုး၊ မင်းသီရိထက်၊ G-3